မကြာခင်ရောင်းချတော့မည့် Apple စမတ်နာရီအကြောင်း သိသင့်သမျှ (၁)
ကမ္ဘာကျော် စမတ်ဖုန်းကုမ္ပဏီ Apple က ပထမဆုံး မျိုးဆက်သစ် စမတ်နာရီကို ၂၄ နာရီအတွင်းမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲကို အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ် မှာ ပြုလုပ်မှာ ဖြစ်ပြီး တကမ္ဘာလုံးက စိတ်ဝင် တစားစောင့်ကြည့်ရမယ့် ပွဲဖြစ်ပါတယ်။ တ ကယ့်တော့ Apple နာရီကို iPhone 6 နဲ့ 6 plus မိတ်ဆက်ပွဲမှာကတည်းက စတင်မိတ်ဆက်ပေးခဲ့ တာဖြစ်ပါတယ်။ ဒီနေ့ည ပြုလုပ်မယ့် မိတ်ဆက်ပွဲ ပြီးသွားရင်တော့ Apple စမတ်နာရီတွေဟာ ဈေးကွက်ထဲကို ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ်။
ဒီတော့ သင်လည်း မိတ်ဆက်ပွဲမလုပ်ခင်မှာ Apple စမတ်နာရီအကြောင်း သိထားသင့်တာပေါ့။ သင်သိထားသင့်တဲ့ အချက်တွေကတော့ ဒီမှာပါ။
၁။ Apple စမတ်နာရီကို မော်ဒယ်သုံးမျိုးနဲ့ ရနိုင်မှာဖြစ်ပါတယ်။ Apple watch၊ Apple watch Sport နဲ့ Apple watch Edition ဆိုပြီး ပုံစံသုံးမျိုးနဲ့ ရနိုင်မှာဖြစ်ပါတယ်။ Edition ကတော့ ဈေးအမြင့်ဆုံး ဖြစ်လာ မှာပါ။
၂။ Apple watch ကို သံမဏိနဲ့ ပြုလုပ်ထားပြီး၊ Sport အမျိုးအစားကိုတော့ အလူမီနီယံနဲ့ ပြုလုပ် ထားပါ တယ်။ Edition အမျိုးအစားကတော့ ၁၈ ကာရက်ရှိတဲ့ ရွှေနဲ့ထုတ်လုပ်မှာဖြစ်ပါတယ်။ ရိုးရိုး Apple watch နဲ့ Editon အမျိုးအစား မျက်နှာပြင်ကို နီလာကျောက်နဲ့ ထုတ်လုပ်မှာဖြစ်ပြီး Sport Type ကိုတော့ မာကျောလှတဲ့ ဖန်သားပြင်နဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။
၃။ နာရီတိုင်းမှာ အသုံးပြုနိုင်မယ့် ခလုပ် ၂ ခုသာ ပါမှာဖြစ်ပြီး ကျန်တာကိုတော့ touch နဲ့ ထိန်းချုပ်ရမှာ ဖြစ် ပါတယ်။
၎။ ဘယ်မော်ဒယ် အမျိုးအစားပဲ ဖြစ်ဖြစ် အရွယ်အစား နှစ်မျိုးနဲ့ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ ၁.၅ လက်မ မျက်နှာပြင်ကျယ်တဲ့ အရွယ်အစားနဲ့ ၁.၇ မျက်နှာပြင်ကျယ်တဲ့ အရွယ်အစား ဆိုပြီး နှစ်မျိုး ထွက်လာမှာ ဖြစ်ပါတယ်။
၅။ Apple watch တွေဟာ အင်တာနက် အသုံးပြုဖို့ iPhone တစ်လုံးတော့ လိုအပ်မှာ ဖြစ်ပါတယ်။ iPhone5 ထက်မော်ဒယ်နိမ့်ရင်တော့ ချိတ်ဆက်နိုင်မှာ မဟုတ်ပါဘူး။ ios 8 ကို iPhone 5 မော်ဒယ် အထိပဲ မြှင့်တင်နိုင်လို့ ဖြစ်ပါတယ်။ Bluetooth နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Source ; CNN
http://www.planet.com.mm
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Apple စမတ္နာရီအေၾကာင္း သင္သိထားသင့္သမွ် (၂) စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) ဟောလီးဝုဒ် သရုပ်ဆောင်တွေလို သင်လည်း အပြာရောင်မျက်လုံး ပိုင်ဆိုင်နိုင်ပြီ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို