Facebook အကောင့်ကို Ooredoo/Telenor တို့နှင့် အလွယ်ဖွင့်မယ်

အခုတစ်လော Facebook အကောင့်လျှောက် နည်းတွေမေးများလာလို့ အခုမှစသုံးတဲ့ သူတွေအတွက်
ကိုယ့်ဟာ ကိုလျှောက်တတ်အောင် ပို့စ်တင်ပေး လိုက်ပါတယ်..



အိုကေ စရအောင်..လျှောက်နည်းက အရမ်းကို လွယ်ပါတယ်.....
နည်းလမ်းကနှစ်နည်းရှိတယ်၊ Gmail နဲ့တွဲလျှောက်တဲ့ နည်းရယ် ဖုန်းနံပါတ် အတိုင်းလျှောက်တဲ့ နည်းရယ်
ဆိုပြီးတော့ နှစ်နည်း ရှိပါတယ်၊
အခု ဖုန်းနံပါတ် အတိုင်းလျှောက်တဲ့ နည်းကို ပုံနဲ့တကွ ရှင်းပြသွားပါမယ်..
အရင်ဆုံးအောက် ကပေးထားတဲ့ လင့်ကနေ Facebook App ကိုဒေါင်းလွတ် ရယူလိုက်ပါ။
Install လုပ်ပြီးဖွင့်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ့...

Download Here




ပြီးရင် Sign Up for Facebook ကိုနိမ့်ပါ..Review Our Terms Box တက်လာရင် OK ကိုရွေးပေးပါ၊
Join Facebook ပေါ်လာရင် Continue နိမ့်ပြီး ဆက်သွားပါ၊


 
အခုက ဖုန်းနံပါတ် အတိုင်းလျှောက် မှာဖြစ်တဲ့အတွက် Use Your Mobile Number ကိုရွေးပေးပါ
Enter Your Mobile Number page ထဲ ကိုရောက်ရင် နိုင်ငံကုတ်မှာ +95 ဖြစ်နေရပါမယ်..
ပြီးရင် Phone Number နေရာမှာ မိမိကိုင်တဲ့ Ooredoo/Telenor Number ကို ထည့်ပေးရပါမယ်၊
ဒီနေရာမှာပြောချင်တာက MPT / CDMA ဖုန်းတွေ မရပါဘူး၊ ဘာကြောင့်မရလဲဆိုတော့ အမှန်တိုင်ပြော
ရရင်တော့ စုတ်ပြတ်သတ်နေလို့ပေါ့နော်.......
ဘယ်လိုတွေဖြည့်ရမလဲ ဆိုတော့အောက်က ပုံကို ကြည့်ပေးပါ...

 
 
What's Your Name ? ကိုရောက်ပါမယ်..
ပထမကွပ်လပ်မှာ နာမည် တစ်ခု၊ ဒုတိရကွပ်လပ်မှာ နာမည် တစ်ခုဖြည့်ပေးရပါမယ်၊ မိမိအသုံးပြုမယ့်
Facebook Name ဖြစ်တာကြောင့် ကိုယ်လိုချင်တဲ့ နာမည်ပဲထည့်ပါ၊ Name ပေါ်တဲ့အခါ တစ်ဆက်ထဲ
ပေါ်မှာမို့ (ဥပမာ မိမိက သက်ပိုင်ဦး လို့လိုချင်ရင် သက်ပိုင် ကိုတစ်ခု ဦး ကိုတစ်ခုဖြည့်ပေးရပါမယ်)
နောက်တစ်ခုက စဖွင့်တာမို့လျှောက်ရလွယ်အောင် အင်္ဂလိပ် နာမည်တွေပဲသုံးစေချင်ပါတယ်၊နောက်မှ
မိမိလိုချင်တဲ့ နာမည်ကိုပြန်ပြောင်းကြပေါ့၊ ကွပ်လပ်ဖြည့်ပြီးရင်တော့ Continue ကိုနိမ့်ပေးပါ၊
အောက်က ပုံအတိုင်းနော်...


Create a Password ကိုရောက်သွားပါမယ်..
ဒီနေရာမှာတော့ မိမိမှတ်မိလွယ်တဲ့ နံပါတ် (သို့) စာသားကို ထည့်ပေးရပါမယ်၊ မိမိအကောင့် တစ်ခုလုံးရဲ့
လုံခြုံရေး ကုတ်ဖြစ်တဲ့အတွက် တစ်ခြားသူ သိလွယ်တဲ့ ကုတ်တွေ မထည့်ပါနဲ့၊ မိမိလက်ရှိထည့်တဲ့ ကုတ်မေ့သွားခဲ့ရင်လဲ ဒီအကောင့်ကို သုံးလို့ရမှာ မဟုတ်တော့ဘူးနော် ၊သေချာမှတ်ထားဖို့ လိုပါတယ်၊
ကွပ်လပ်ဖြည့်ပြီးရင်တော့ Continue ကိုနိမ့်ပေးပါ၊
အောက်က ပုံအတိုင်းနော်...


What's Your Birthday? ကိုရောက်ပါမယ်....
မိမိရဲ့မွေးသက္ကရာဇ်ကို ထည့်ပေးရပါမယ်၊ ခုနှစ်ကိုတော့ 18 နှစ်အထက်ဖြစ်အောင် ထည့်ပေးစေချင်ပါတယ်၊
ကွပ်လပ်ဖြည့်ပြီးရင်တော့ Continue ကိုနိမ့်ပေးပါ၊
အောက်က ပုံအတိုင်းနော်...


What's Your Gender? ကိုရောက်ပါမယ်.....
ယောင်္ကျာလား မိန်းမလား ရွေးပေးရပါမယ်၊ သင့်က ယောင်္ကျာဆိုရင် Male / မိန်းမ ဆိုရင်တော့ Female
ကိုရွေးပေးရပါမယ်..... အခြောက်ကတော့ မရှိဘူးနော်...ဟဲဟဲ


ပြီးရင်တော့ Continue ပေါ့


ဒီလိုလေးပေါ်ရင်တော့ လိုင်းကောင်းဖို့ လိုတယ်နော် ခနတော့စောင့်ပေးရလိမ့်မယ်....
အဲအဆင့်လေးပြီးပြီးဆိုရင်တော့ သင့်အကောင့်ဖွင့်တာ ၈၀% လောက်အောင်မြင် သွားပါပြီး၊
အဲလိုမှမဟုတ်ပဲ အစကိုပြန်ရောက် သွားတယ်ဆိုရင် ထည့်ထားတဲ့ နာမည် ဒါမှမဟုတ် ဖုန်းနံပါတ်ကို
ပြောင်းလဲပေးဖို့ လိုပါလိမ့်မယ်၊
ကဲ ဒီအဆင့်ကိုကျော်သွားပြီး ဆိုပါတော့ တစ်ချို့ဟာတွေက Facebook ထဲကို တန်းဝင်သွားပြီးပွင့်သွား
လိမ့်မယ်၊


 
ဖုန်းမှာစာအိတ်တစ်ခုလဲဝင်လာလိမ့်မယ်၊

 
 
ဒီလိုအနေအထား ဆိုရင်တော့ သိပ်စိတ်မချ ရပါဘူး၊
ဘာဖြစ်လို့လဲဆိုတော့ ကုတ်မဖြည့်ရသေးပဲ ပွင့်သွားတဲ့ အတွက်ကြောင့် သိပ်မကြာခင်မှ အကောင့်က၀င်
မရပဲ ကုတ်တောင်းလာလိမ့်မယ် ၊ဒါကြောင့် ၀င်လာတဲ့စာအိတ်ကို မဖျက်ပဲ သိမ်းထားဖို့ လိုပါတယ်၊ သူတောင်းတဲ့ အခါဖြည့်ဖို့ပေါ့၊
ဟုတ်ပြီး ခနကအဆင့်ကျော်ပြီးတော့ Facebook ထဲမ၀င်ပဲနဲ့ Browse ထဲကို ၀င်သွားခဲ့မယ်ဆိုရင် ၀င်လာတဲ့
စာအိတ်ထဲက ကုတ်ကို ထည့်ပေးရမှာဖြစ်ပါတယ်၊

 
ဒီလိုလေးပေါ်လာတဲ့ ဆိုရင်တော့ မက်ဆေ့ထဲက နံပါတ်ကို Enter Confimation Code Box ထဲမှာထည့်ပေး
ရပါမယ် ၊ပြီးရင်တော့ Confirm ပေါ့ ၊ပြီးရင်တော့အောက်က ပုံလေးပေါ်လာပါမယ်၊


 
Confirm ပေါ့........

 
ဒီလိုလေးပေါ်လာရင်တော့ သူပြထားပေးတဲ့ အက္ခရာအတိုင်းလေးဖြည့်ပေးရပါမယ်၊

 
ဒီလိုလေးဆက်ပေါ်လာရင် မက်ဆေ့စောင့်ရပါမယ်၊ တစ်အောက်ကြာရင် မက်ဆေ့ရောက်လာမယ်၊
အဲ မက်ဆေ့ထဲက နံပါတ်ကို ကွက်လပ်ထဲ မှာဖြည့်ထည့်ပေးရပါမယ်၊

 
 
 thank you လို့ပေါ်လာရင် OK ပြီးပေါ့...ဒီအဆင့်မှာတင် အကောင့်လျှောက်တာပြီးဆုံးပါပြီး.....
Facebook App ထဲကိုဝင်းရပါမယ်..
အကောင့်ဖြည့်ရမှာက Name မှာ မိမိဖြည့်ထားတဲ့ ဖုန်းနံပါတ်ရဲ့ေ၇ှ့ 0 တစ်လုံးကိုဖြုတ်ပြီး +95 ထည့်ပေး
ရပါမယ်၊ဥပမာ(+9599------------)
Password မှာတော့ ဖြည့်ထားတဲ့အတိုင်း ထည့်ပြီး Log in ပေါ့၊

 
ဒီအဆင့်ကတော့ ဓါတ်ပုံထည့်ရမှာပါ၊ ရိုတ်ထားပြီးသာ ပုံဆိုရင်တော့ Choose From Gallery ပေါ့၊
ချက်ချင်ရိုတ်ယူမယ်ဆိုရင်တော့ Take a Photo ပေါ့ ၊ကျန်တဲ့အဆင့်တွေက လွယ်ပါတယ်၊

အားလုံးပဲ အဆင်ပြေမယ်ထင်ပါတယ်၊ Gmail နဲ့လျှောက်တဲ့နည်းက ကျနော် အားတာနဲ့ ဆက်တင်ပေးသွားပါမယ်.......

သြော် မေ့လို့ ......အခုပေးထားတဲ့ Facebook Vesion ကအမြင့်ဖြစ်လို့ မက်ဆေ့ပို့တဲ့အခါ Messenger
လိုပါမယ်၊ အောက်မှာ ဒေါင်းယူလိုက်နော် အိုကေ......

Download Here

ref;125 Mobile/ Mudon
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...