Understanding Histogram, Raw & Jpeg...!

ကျွန်တော့် Post ကို ဖတ်တဲ့သူတွေထဲမှာ Camera မှာပါတဲ့ Histogram ကို ကြည့်ပြီး ဓာတ်ပုံရိုက်ခဲ့ ဖူးတဲ့သူ ဘယ်နှစ်ယောက်များ ရှိသလဲဆိုတာ ကျွန်တော် အရင် သိချင်ပါတယ်..။

တစ်ချို့ကတော့ Histogram ကို သိစရာမလိုဘူး..။ အသုံးမဝင်ဖူးဆိုပြီး သတ်မှတ်တဲ့ သူတွေရှိသလို..။ အရေးကြီးတယ်..။ မဖြစ်မနေ သိထားရမယ်ဆိုတဲ့သူတွေလည်းရှိပါတယ်..။ မျက်စိက အကောင်းဆုံး Histogram ဆိုပေမယ့်..။ တကယ်တမ်း Detail ကျကျ သိနိုင် ဖို့နဲ့..။ Daylight တအားပြင်းနေတဲ့အချိန် Outdoor ရိုက်တဲ့အခါ...။ Preview ကို သေသေချာချာ မမြင်နိုင်တဲ့အခါတွေမှာ Histogram က အရေးကြီးလာပါတယ်...။

ကျွန်တော်ကိုယ်တိုင်လဲ တစ်ချိန်က Histogram ဆိုတာ ဘာကြီးမှန်း မသိခဲ့သလို ..။ ဘယ်လိုသုံး ရမှန်းလဲမသိ ခဲ့ပါဘူး..။ မျက်စိနောက်လို့ဆိုပြီး..။ ပိတ်ကိုထားခဲ့ဖူးပါတယ်..။ ဒါ့ကြောင့် ကျွန်တော်လို အဖြစ်မျိုး…။ အမှားမျိုး မကြုံရအောင် အတွက် ကျွန်တော် ဒီ Post ကို ရေးသားပေးခြင်း ဖြစ်ပါတယ်..။

Histogram ဆိုတာ ဥပမာဗျာ..။ Canon သမားဆိုရင် Info Button ကို နှိပ်လိုက်ရင် ပေါ်လာတဲ့ Graph ပဲ ဖြစ်ပါတယ်..။ Nikon သမားတွေမှာလဲ Display လားမသိဘူး..။ အဲ့ဒါ ကို နှိပ်ရင် ပေါ်လာပါလိမ့်မယ်…။ (အမှန်က Nikon မှာ Default အနေနဲ့ ဖော်ပြထားပေးပြီး သား ဖြစ်ပါတယ်…။ သေ ချာပေါက် တော်တော် များများက မျက်စိနောက်လို့ Histogram ကို ပိတ်ထားမှန်းသိလို့ ပြန်ဖော်ခိုင်းတာပါ…။)

Histogram ဆို တာ ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံရဲ့ Detail နဲ့ Data အချက်အလက်ပါဝင်မှု တွေ ကို ပြသပေးတဲ့ အလွန်အရေးကြီးတဲ့ Information Center တစ်ခုဖြစ်ပါတယ်..။ အတွေ့ အကြုံရင့်ကျတ်တဲ့ ဓာတ်ပုံသမားတစ်ယောက်ဟာ အခြားသူတစ်ယောက်ရဲ့ ဓာတ်ပုံကို ကြည့် စရာမလိုပဲ..။ အဲ့ဒီ့ လူရဲ့ Histogram ကို ကြည့်ခြင်းအားဖြင့် ဒီပုံဟာ Contrast များနေလား..

Over ဖြစ်နေလား..။ Under ဖြစ်နေသလားဆိုတာကို တန်းပြီးပြောနိုင်ပါတယ်..။ (ဘယ်လို Histogram ဆို Contrast များတယ်..။ ဘယ်လိုပုံဆိုရင် Flat ဖြစ်နေတယ်ဆိုတာကို နောက်ပိုင်း အလျဉ်းသင့်ရင် ကျွန်တော် ထပ်ရေးပေးပါ့မယ်)

Histogram ရဲ့ အဓိက အလုပ်က ကိုယ်ရိုက်ကူးလိုက်တဲ့ ပုံတစ်ပုံရဲ့ Exposure ကို စစ်ဆေးပေး တာပဲ ဖြစ်ပါတယ်..။ သူ့မှာ 0 ကနေ 255 အထိ ဆိုတော့..။ Step စုစုပေါင်း 256 ပါဝင်ပါတယ်..။

ဘယ်ဘက်အစွန်ဆုံး Histogram ရဲ့ နေရာကို 0 လို့ သတ်မှတ်နိုင်ပြီး ကိုယ်ရိုက်လိုတဲ့ပုံရဲ့ Information ပါဝင်မှု အနဲဆုံးဖြစ်ကာ..။ ညာဘက် အစွန်ဆုံးကိုတော့ 255 အဖြစ် သတ်မှတ်နိုင်ကာ Information ပါဝင်မှု အများဆုံးလို့ သတ်မှတ်နိုင်ပါတယ်..။ အလယ်ကတော့ 18% Grey ရဲ့ Standard ဖြစ်ပါတယ်…။ Midtone လို့လဲ ခေါ်ကြပါတယ်..။

Histogram ကို အပိုင်း ၅ ပိုင်းခွဲခြားထားနိုင်ပြီး ၁ ပိုင်းကို Exposure 1 stop ကွာပါတယ်..။

ဒါကြောင့် Detail ကျတဲ့ ဓာတ်ပုံပညာရှင်များနဲ့ အတွေ့ အကြုံရင့်ကျတ်တဲ့ ဓာတ်ပုံသမား များက Shoot To The Right ဆိုပြီး ဖြစ်နိုင်သမျှ Graph ကို ညာဘက် များများ ရောက်အောင် (ကပ်အောင်) ရိုက်ခိုင်းလေ့ ရှိကြတာကို ကြားဖူးကြမယ်..။ ကြုံဖူးကြမယ်ထင်ပါတယ်..။

ဒါမှသာ မိတ်ဆွေရဲ့ ပုံမှာ Imaging နဲ့ ပါတ်သတ်တဲ့ Information များများပါမှာ ဖြစ်ပါတယ်..။

သို့သော်…

ဘယ်ဘယ်က အခြမ်းကို တကယ်လို့သာ Graph တွေက လုံးဝကပ်နေရင် ဒီပုံဟာသေချာ ပေါက် Under ဖြစ်နေတယ်ဆိုတာကို သိနိုင်ပြီး…။ Information 0 ဖြစ်တဲ့အတွက် မိတ်ဆွေရဲ့ ပုံဟာ မဲမှောင်နေပြီး..။ ဘယ်လိုမှ အဖတ်ပြန်ဆယ်လို့မရလောက်အောင် Image Data တွေ ပါတော့မှာ မဟုတ်ပါဘူး..။

ဘယ်လောက်ပဲ Lightoom တွေ Photoshop တွေ သုံးပြီး Lighting ပြန်တင် ပြန်တင်..။ Grain တွေ ပက်ပက်စက်စက်ထနေတဲ့ ခပ်ဖျော့ဖျော့အလင်းရောင် သာရှိတဲ့ …။ ဘယ်လိုမှ သုံးလို့ မဖြစ်နိုင်တော့တဲ့ ပုံတစ်ပုံကိုသာ ရရှိတော့မှာ ဖြစ်ပါတယ်..။

ညာဘက်အခြမ်းကို Graph တွေ အသား ကုန်ကပ်နေပြီဆိုရင်တော့ ဒါဟာ လုံးဝ Over ဖြစ်နေပြီ ဆိုတာကို သိနိုင်ပါတယ်..။ သတ်မတ်ထားတဲ့ 255 ထက်ကျော်သွားပြီး …။ Information တွေ ဘာမှ ပါမှာ မဟုတ်တော့ ပါဘူး..။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ ..။ ဘယ်လိုပဲ Software တွေ အားကိုးနဲ့ ပြန်မှောင်အောင် လုပ်လုပ် အဆင်ပြေတော့မှာ မဟုတ်ပါဘူး..။ ဒါဟာ သူသတ်မှတ်ထားတဲ့ ပမာဏကိုကျော်လွန်သွားလို့ဖြစပါတယ်..။

ဒီလိုမျိုး လုံးဝ ဘယ်ဘက်…။ လုံးဝ ညာဘက်ကို ရောက်သွားခြင်းကို…။ Clipping ဖြစ်တယ်လို့ ခေါ် ပါတယ်…။

ကျွန်တော်သင်တန်းတက်တုန်းက သင်တန်းသားတစ်ယောက်မေးခဲ့ဖူးတာ ရှိပါတယ်..။ ဒါဆိုရင် အပေါ် ကိုရော ဘယ်လိုကြည့်ရမလဲ..။ အပ်ါက ထိနေရင် ဘယ်လိုလုပ်မလဲ ဆိုတာ ဖြစ်ပါတယ်..။ အပေါ်ကို ကြည့်စရာ (သတိထားစရာ) မလိုပါဘူး..။ ဘာလို့လဲဆိုတော့ အပေါ်ပိုင်းက သူသတ်မှတ်ထား တဲ့ နေရာရောက်သွားတာနဲ့..။ Graph နောက်တစ်ခုကို အလိုလို ကူးပေးသွားတဲ့အတွက် ဖြစ်ပါတယ်…။)

အမှန်က ဒီ Histogram ဆိုတာ တစ်ခုနဲ့ တစ်ခု ပုံမှာ မြင်ရတဲ့အတိုင်း ဆက်မနေပါဘူး..။ Camera Display ကသေးပြီး..။ ဖော်ပြရတဲ့ Information က 256 ပမာဏအထိ ရှိတာမို့လို့ ကြည့်လိုက်ရင် ဆက်နေတဲ့ ပြင်ညီ မျက်နှာပြင်ကြီးတစ်ခုလို ဖြစ်နေခြင်း ဖြစ်ပါတယ်..။)

တကယ်လို့များ မိတ်ဆွေဟာ ပုံတစ်ပုံကို ရိုက်ပြီးတဲ့အချိန် Histogram ကို ပြန်ကြည့်မိလို့ ဘယ်ဘက်သို့ Graph က Clipping ဖြစ်နေရင် Exposure ကို တင်ပြီး ပြန်ရိုက်ဖို့ လိုမှာ ဖြစ် သလို…။ ညာဘက်ကို Clipping ဖြစ်နေပြီဆိုရင်တော့ သေချာပေါက် အနဲငယ် Under ပြန်ချ ရိုက်ဖို့ လိုပြီ ဖြစ်ပါတယ်…။

ဒီနေရာမှာ ကျွန်တော် အပါအဝင် ဓာတ်ပုံစရိုက်ကာစ သူတော်တော်များများမှာ ဖြစ်လေ့ ဖြစ် ထရှိတဲ့ အတွေ့ အကြုံတစ်ခု ကို ပြောပြချင်ပါတယ်..။

ဘာလဲဆိုတော့..။ ပုံတစ်ပုံဟာ များသောအားဖြင့် Under ( 1/3 stop, 2/3 stop) ချရိုက်လိုက်ရင်..။ ပုံမှန် Exposure 0 မှာ ထားရိုက်တာထက်..။ ပိုပြီးကြည့်လို့ကောင်းတယ်လို့ ထင်လေ့ရှိပါ တယ်…။ ဒေါင့်လေးတွေ က ခပ်မှောင်မှောင်လေး ဖြစ်သွားပြီ ကိုယ့် Subject က ပိုပြီး Standout ဖြစ် လာတယ်..။ Contrast ပိုကောင်းလာတယ်လို့ ထင်ဖွယ်ရာရှိနေပါတယ်..။

ဒါဟာ တကယ်ပဲမှားယွင်းလှတဲ့ အလေ့အထ တစ်ခုဖြစ်ပါတယ်…။

ဒီနေရာမှာ အလွယ်လမ်း လိုက်တယ်ပဲပြောပြော..။ Histogram ကို ခဏခဏ မကြည့်ချင်သူတွေ အတွက် နောက်ထပ် နည်းလမ်း တစ်ခုရှိပါတယ်..။ Highlight ကို Enable ပေးထားခြင်းပဲ ဖြစ်ပါတယ်..။

Highlight ကို Enable ပေးထားလိုက်ပါက..။ ကျွန်တော်တို့ရိုက်တဲ့ပုံမှာ တကယ်လို့များ Over Exposed ဖြစ်တဲ့နေရာ (များသောအားဖြင့် Burn နေတဲ့နေရာလို့ ခေါ်လေ့ရှိပါတယ်) ကို Highlight System က မှိတ်တုတ် မှိတ်တုတ်နဲ့ ပြပေးနေတာဖြစ်တဲ့အတွက်..။ ကိုယ့်ပုံမှာ Over ဖြစ်နေတဲ့ အပိုင်းပါနေပြီဆိုတာကို Histogram မကြည့်ပဲ သိနိုင်ပါတယ်..။ ဒါပေမယ့် Under ဖြစ်နေတဲ့ အပိုင်းတွေ ကိုတော့ ပြပေးမှာ မဟုတ်ပါဘူး..။ Over ဖြစ်မဖြစ်ပဲ သိနိုင်ပြီး..။ Under ဖြစ် မဖြစ် မသိနိုင်ပါဘူး…။

တော်တော်များများကတော့ ဓာတ်ပုံ ပြန်ကြည့်တဲ့ နေရာမှာ မှိတ်တုတ်မှိတ်တုတ်နဲ့ မျက်စိ နောက်တဲ့ အတွက် Disable ပေးထားကြတာများပါတယ်….။

ကျွန်တော်လား…? ကျွန်တော်က တော့ မှတ်တမ်း ဓာတ်ပုံရိုက်ပေးရတဲ့အချိန်ကလွဲလို့…။ ကျန်တဲ့ အချိန်တွေမှာ အမြဲတမ်း Enable ပေးထားပါတယ်..။ မှတ်တမ်းဓာတ်ပုံကတော့ ပြိုင်ပွဲဝင်မှာလဲ မဟုတ်သလို..။ ပြပွဲ လုပ်မှာလဲ မဟုတ်ဖူး..။ အထူးသဖြင့် မှတ်တမ်းရိုက်ခိုင်းတဲ့သူက ခဏပြပါဦး ဆိုပြီး ပြခိုင်းလို့ ပြန်ပြရင် မှိတ်တုတ် မှိတ်တုတ်နဲ့ မျက်စိနောက်နေမှာ ဆိုးတဲ့အတွက် ပိတ်ထားတာပါ..။

ဒါပေမယ့် ဒီလိုမျိုး Histogram ကိုကြည့်ပြီး ရိုက်တဲ့ အလေ့အကျင့်တစ်ခုမှာ မဖြစ်မနေပါ ဝင်လာတဲ့..။ အရေးကြီးတဲ့..။ နောက်ထပ် သိထားသင့်တာတစ်ခုကတော့…။

မိတ်ဆွေဘာနဲ့ ရိုက်သလဲဆိုတာပါပဲ…။ JPEG နဲ့ ရိုက်တာလား …။ Raw နဲ့ ရိုက်တာလား ဆိုတာက အဓိက စကားပြောလာပါပြီ…။

ကျွန်တော်အပေါ်မှာ ပြောခဲ့တဲ့ Shoot To The Right ဟာ JPEG သမားတွေအတွက် လုံးဝ အဆင် မပြေနိုင်ပဲ..။ Raw သမားတွေအတွက်သာ အဆင်ပြေမှာ ဖြစ်ပါတယ်..။

ဒီနေရာမှာ ဘာလို့ Raw နဲ့ တစ်ချို့က ရိုက်ပြီး..။ တစ်ချို့က ဘာလို့ JPEG နဲ့ ရိုက်ကြသလဲ..။ Raw ဆိုတာက ဘာလဲ..။ JPEG ဆိုတာကဘာလဲဆိုတဲ့ မေးခွန်းတွေ ထပ်ပေါ်လာပြီ ဖြစ်ပါတယ်..။

JPEGပုံတစ်ပုံဟာ 8 bit နဲ့ ဖွဲ့စည်းထားတဲ့ပုံတစ်ပုံဖြစ်တဲ့အတွက်..။ Base Two ကနေ Base Ten ကို ပြန်ပြောင်းပြီးတွက်ကြည့်မယ်ဆိုရင် Pixel ပေါင်းဟာ ဟာ RAW (Uncompressed) file တစ်ဖိုင်က 12 Bit (နောက်ပိုင်းမှာတော့ 16 Bit အထိ ပါလာတာတွေ့ရပါတယ်..။) နဲ့ ယှဉ်ကြည့်လိုက်ရင် ကွာခြားမှု ပမာဏဟ အရမ်းများသွားမှာ ဖြစ်ပါတယ်..။

ဒီနေရာမှာ ကျွန်တော် အသေးစိတ် တွက်မပြတော့ပါဘူး..။ (RAW မှာလည်း Uncompressed နဲ့ Compressed ဆိုပြီး နှစ်မျိုးထပ်ရှိပါတယ်..။ Post အရမ်းလေး သွားမှာဆိုးတဲ့အတွက် နောက်ပိုင်းကြုံမှ အသေးစိတ် ထပ်ရေးပါ့မယ်)

ဒီနှစ်ခုကိုယှဉ်ကြည့်လိုက်ရင်ပဲ ..။ အလိုလိုနေရင်း JPEG မှာ ပါဝင်တဲ့ Information ပမာဏက RAW ကို ရှုံးနေပြီ ဖြစ်ပါတယ်..။ ဆိုလိုတာက RAW ဖြင့် ရိုက်ခြင်းဖြင့် ပုံရဲ့ Data Information ကို ပိုပြီး များများ စားစား သိမ်းနိုင်ခြင်းပဲ ဖြစ်ပါတယ်..။ နောက်တစ်ခု မိတ်ဆွေ သတိမထားမိတာက JPEG နဲ့ ရိုက်ထားတဲ့ ပုံတစ်ပုံကို တစ်ခါပြင်ပြီး တစ်ခါ Save လုပ်တိုင်း Information တွေ ပိုပိုနဲသွားတယ်ဆိုတာပါပဲ..။

စမ်းခြင်ရင် ပုံတစ်ခုကို Copy ကူးလိုက်ပါ..။ ပြီးရင် တစ်ပုံကို ခဏခဏ ပြင်ပြီး Save လုပ်ကြည့်ပါ..။ တစ်ပုံကိုတော့ ဒီအတိုင်းထားပါ..။ အကြိမ်ရေများလာတာနဲ့ အမျှ Save ခဏခဏ အလုပ်ခံရတဲ့ (ခဏခဏ အပြင်ခံရတဲ့) ပုံဟာ တစ်ဖြေးဖြေး Size သေးသေးလာတာ ကို မိတ်ဆွေ သတိထားမိလာပါလိ့မ်မယ်…။

ဒါကြောင့် RAW File ကို Post Processing လုပ်တဲ့သူနဲ့ JPEG File ကို Post Processing လုပ်တာခြင်း အတူတူ RAW သမားက အားလုံးအချောသတ်ပြီးစီးသွားတဲ့အခါမှာ သပ်သပ်ရပ် ရပ် ပုံတစ်ခုထွက်လာပြီး JPEG သမားကတော့ ဖွာထွက်သွားခြင်းပဲ ဖြစ်ပါတယ်..။ဥပမာ စမ်းခြင်တယ်ဆိုရင် Raw နဲ့ JPEG ပုံနှစ်ပုံကိုယှဉ်ပြီး Photoshop ထဲမှာ Vibrance ကို ယှဉ်တင်ကြည့်ပါ...။ သိသိသာသာ အဖြေ ထွက်ပါ လိ့မ်မယ်..။

Post Processing လုပ်တယ်ဆိုတဲ့နေရာ Minor လောက်ကို မဆိုလိုပဲ တကယ့် High Quality ပြိုင်ပွဲဝင် ပုံတစ်ပုံ၏ အဆင့်ကို သော်လည်းကောင်း ပြပွဲပြုလုပ်မည့် ပုံအကြီးချဲ့ထားသည့် ပုံကိုသော်လည်းကောင်း ဆိုလိုခြင်းဖြစ်ပါတယ်..။ Computer ထဲမှာ ကြည့်ရုံအတွက် သော်လည်းကောင်း..။ ၄ လက်မ ၆ လက်မ size ပုံတစ်ပုံကိုထုတ်ရင်သော်လည်းကောင်း သိသာထင်ရှားမှုကို တွေ့ရမှာ မဟုတ်ပါဘူး..။

RAW နဲ့ JPEG ရဲ့ အခြေခံကိုသိသွားပြီဆိုရင်…။ RAW နဲ့ရိုက်ရမလား..။ JPEG နဲ့ရိုက်ရမလားဆို တဲ့ မေးခွန်း ကို ဆက်သွားရမှာ ဖြစ်ပါတယ်…။

JPEGFile ဟာဆိုရင် အချောသတ်ပုံတစ်ပုံဖြစ်ပါတယ်..။ မိတ်ဆွေ Camera ထဲမှာ သတ်မှတ် ပေးထားတဲ့ White Balance, Picture Style, Exposure အတိုင်း Result တစ်ခုအနေနဲ့ ထွက် လာပါလိမ့် မယ်..။ ပြန်ပြင်လို့မရတော့ပါဘူး..။

ဥပမာ မိတ်ဆွေက ရိုက်တုန်းက Sunny White Balance နဲ့ ရိုက်လိုက်တယ်..။ Computer ထဲ ထည့်ကြည့်တော့မှာ ပုံက Temperature တွေ အရမ်းများပြီး ဝါ သလိုလို.. နီသလိုလို ဖြစ်နေ လို့ White Balance ကို ပြန်ပြင်ချင်တယ်ဆိုရင် Sorry ပါပဲ..။ မရတော့ပါဘူး..။ ပုံကို Right Click ထောက်ကြည့်ပြီး Properties Detail ခေါ်ကြည့်သည်ဖြစ်စေ..။ Photo software တစ်ခု ထဲ ထည့်ကြည့်သည်ဖြစ်စေ…။ ဘယ်လောက်ပဲ မိတ်ဆွေပြင်ထားပြင်ထား..။ မိတ်ဆွေရဲ့ ဓာတ်ပုံကို Computer က EXIF information မှာ White Balance ကို Sunny ပဲ သတ်မှတ် ပေးတော့မှာ ဖြစ်ပါတယ်…။

ဘာအရေးလဲဗျာ…။ ပုံမှာအရောင်ပြောင်းသွားပြီးတာပဲ မဟုတ်လား ဆိုရင်…။ Facebook လို နေရာမျိုး အတွက်တော့ ပြီးပါတယ်..။ ဒါပေမယ့် မိတ်ဆွေက International ပြိုင်ပွဲတွေ Domestic ပြိုင်ပွဲတွေ ဝင်ဖို့အတွက် ရည်ရွယ်ထားရင်တော့ မိတ်ဆွေရဲ့ ပုံက ဂွမ်းသွားပါပြီ..။

ဘာလို့လဲဆိုတော့ ပုံရဲ့ EXIF ထဲမှာ Sunny, Cloudy စသဖြင့် ပြနေပြီး…။ ပုံကတော့…။ ဖြူဖျော့ဖျော့လို Florescent နဲ့ ရိုက်ထားသလို ပြာလဲ့လဲ့လိုမျိုးဖြစ်နေကတည်းက …။ မိတ်ဆွေ မတရားကြီး ပုံရဲ့ မူလ Exposure ကို ဖျက်ပြီး ပြင်ထားတယ်ဆိုတာ ဒိုင်အဖွဲ့က သိသွားပြီ ဖြစ်တဲ့အတွက်ကြောင့် သေချာပေါက် ပုံက အပယ်ခံရပြီ ဖြစ်ပါတယ်…။

ဒါကြောင့်  JPEG File ကို Computer ထဲရောက်ရင် Post Processing ပြန်မလုပ်ချင်တဲ့ သူများ၊ ပြန် လုပ်ဖို့မလိုသူများ (Experienced Photographers)၊ ပြန်လုပ်ခွင့်မရှိသူများ (ဥပမာ Photo Journalist) အသုံးပြုခြင်းက အသင့်တော်ဆုံးဖြစ်ပါတယ်..။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျွန်တော်ပြောသလို လက်မ ၂၀ လက်မ ၃၀ လောက်ရှိတဲ့ ပုံကြီးတွေထုတ်ပြီး ပြပွဲတွေ ဘာတွေလုပ်တော့မယ်ဆိုရင်တော့ RAW File က ပဲ အားသာသွားဦး မှာ ဖြစ်ပါတယ်…။ သူ့မှာက Data ပမာဏပိုများတဲ့အတွက် Magnification ကို ပိုင်ပိုင်နိုင်နိုင် ကောင်းကောင်း လုပ်ပေးနိုင်ပါတယ်..။

သတိထားဖို့တစ်ချက်ကတော့ RAW File ဟာ File Size တစ်အားကြီးပါတယ်..။ 20 Mb နည်းပါး နေရာ ယူပါတယ်..။ သာမန်အားဖြင့် JPEG ပုံ ၃ ပုံကနေ ၄ ပုံစာလောက်ထိ နေရာယူတဲ့အတွက် မိတ်ဆွေ RAW File နဲ့ ရိုက်မယ်ဆိုရင် External Hard Disk Gib များများ တစ်လုံးတော့ ဆောင်ထားဖို့ မဖြစ်မနေလိုပါ လိ့မ်မယ်…။

JPEG File နဲ့ ဆန်ကျင်ဘက် RAW File ကတော့ မိတ်ဆွေ ကြိုက်တဲ့ Setting နဲ့ Camera ထဲမှာ ရိုက်လိုက်ပါ..။ ပြီးရင် Lightroom လို ဟာမျိုးထဲ ထည့်လိုက်ရင်…။ မိတ်ဆွေ Camera ထဲမှာ ပေးထားတဲ့ Setting နဲ့ Color တွေအားလုံးကို Wash Out လုပ်သွားပါတယ်..။

Camera ထဲမှာက ဆိုကြပါစို့ဗျာ..။ Nikon မှာဆို Vivid ထားပြီးရိုက်ထားလို့ အရောင်တွေ ဆိုနေတယ် ဆိုပါတော့..။

ကွန်ပျူတာထဲ ထည့်လိုက်ရင်တော့ အဲ့ဒီ့အရောင်တွေအားလုံးပျောက်သွားပြီး..။ အပြင်မှာ တကယ်ရှိခဲ့တဲ့ Color အတိုင်းသာ ပြန်ထွက်လာမှာ ဖြစ်ပါတယ်..။ ဘာလို့လဲဆိုတော့ RAW File ရဲ့ အဓိက ရည်ရွယ် ချက်က Computer အတွင်းမှာ Post Processing ကို သေသေချာချာ (မိမိစိတ်ကြိုက်) ပြန်လုပ်နိုင်ဖို့ အတွက် Camera ထဲမှာပေးထားတဲ့ Setting အားလုံးကို 0 လုပ်လိုက်တဲ့ သဘောမို့ပါ..။

Raw File ကို ကွန်ပျူတာတဲရောက်မှ ကြိုက်တဲ့ White Balance, Picture Style, Exposure စသဖြင့် အကုန်ပြန် ပြင်လို့ရပါတယ်…။ အားလုံးပြင်ပြီးလို့ Tiff File သော်လည်းကောင်း JPEG File သော် လည်းကောင်း Export ထုတ်လိုက်တဲ့အခါမှာတော့ မိတ်ဆွေ Software ထဲမှာ ပြင်လိုက်တဲ့ Setting တွေ အတိုင်းထွက်လာမှာပဲဖြစ်ပါတယ်…။

ထင်သာမြင်သာ ရှိအောင် အောက်ပါအတိုင်း စမ်းသပ်စေချင်ပါတယ်..။ မိတ်ဆွေအနေနဲ့ Camera ထဲမှာ Picture Quality ရွေးတဲ့အခါမှာ Raw + JPEG ကိုရွေးပေးလိုက်ပါ..။ Nikon မှာရော Canon မှာရော အဲ့လို နှစ်ခုရွေးပေးနိုင်တဲ့ Function ပါပါတယ်..။ အဲ့လိုရွေးပြီးရင် Nikon သမားတွေဆိုရင် Picture Style မှာ Vivid , Canon သမားတွေဆိုရင်လည်း TWILIGHT (Twilight က Canon Camera တွေမှာ Default မပါ ပါဘူး..။ Canon Website မှာ Twilight အပါအဝင် အခြား Picture Styles တွေကို Download ချပြီး Camera ထဲကို Install လုပ်နိုင်ပါတယ်..။) လိုမျိုး Vivid ဖြစ်တဲ့ Picture Style ကို ပေးလိုက်ပါ..။

ပြီးရင် နှစ်ပုံစလုံးကို Light Room (ဘယ် Photo Editing Software ဖြစ်ဖြစ်ပါ..။) ထည့်ကြည့် လိုက်ပါ..။ JPEG File ကတော့ မူလရိုက်ထားတဲ့အတိုင်း အရောင် စိုစိုနဲ့ ရှိနေဦးမှာ ဖြစ်ပြီး ..။ RAW File ကတော့ စေစောက တောက်ပ စွတ်စိုနေတဲ့ အရောင်တွေ အားလုံးပျောက်သွား မှာ ဖြစ်ပါတယ်..။ ဥပမာ မိတ်ဆွေက Raw + JPEG ကိုရွေးထားမယ်..။ Picture Style မှာ Monochrome (Black & White) ပေးပြီး ရိုက်တယ်ဆိုပါတော့..။ Computer ထဲ ပြန်ထည့်ကြည့်တဲ့အခါမှာ JPEG ကတော့ မူလအတိုင်း Black & White အတိုင်းရှိနေမှာ ဖြစ်ပြီး RAW ဖိုင်ကတော့ အပြင်မှာ တကယ်ရှိခဲ့တဲ့အတိုင်း Color တွေ ပါနေမှာ ဖြစ်ပါတယ်..။

ဒီလောက်ဆို RAW File နဲ့ JPEG File ရဲ့ ကွဲပြားခြားနားချက်ကို နားလည်နိုင်ပြီထင်ပါတယ်..။ RAW နဲ့ ရိုက်ရမလား JPEG နဲ့ရိုက်ရမလားဆိုတာကတော့ မိတ်ဆွေရဲ့ Choice ပဲ ဖြစ်ပါတယ်..။

ကျွန်တော်ဘယ်လိုရိုက်သလဲဆိုရင်တော့ RAW + JPEG ကို ရိုက်ပါတယ်..။ ရိုက်ထားတဲ့ပုံကို Computer ထဲ ထည့်ကြည့်တယ်..။ JPEG File ရဲ့ Setting အတိုင်း Okay တယ်ဆိုရင် ကျွန်တော် RAW File ကို ဖျက်ပြစ်လိုက်ပါတယ်…။ JPEG ရဲ့ Setting အဆင်မပြေဖူးဆိုရင် တော့…။ JPEG ဖိုင်ကို ဖျက်ထုတ် လိုက်ပြီး..။ RAW File ကို Post Processing စလုပ်ပါတော့ တယ်..။

ဒါက သဘောတရားပါ..။ အမှန်တကယ်မှာတော့..။ ပုံတွေအများကြီးရိုက်လိုက်တဲ့ ကြားထဲက ကျွန်တော် တစ်ပုံကိုရွေးပြီးသွားပြီဆိုရင်တော့ အဲ့ဒီ့ ပုံရဲ့ Raw File ရော JPEG ဖိုင်ရော ကျွန်တော် အမြဲသိမ်းထားပါ တယ်..။ ဥပမာ ကျွန်တော် ဟိုနေ့က ရိုက်ခဲ့တဲ့ ပုစင်းပုံဆိုရင် ကျွန်တော် ပုံပေါင်း ၁၀၀ နီးပါးရိုက်ထားတဲ့ အထဲက တစ်ပုံကို ပြန်ရွေးတာပါ…။ ဒီတော့ RAW + JPEG ဖြစ်တဲ့အတွက် ပုံ ၁၀၀ ဆိုရင်ပဲ ကျွန်တော့်မှာ FILE ပေါင်း 200 ရှိပါတယ်..။ အဲ့ဒီ့ အထဲက ကျွန်တော်အကြိုက်ဆုံး ၁ ပုံ (2 Files, RAW+ JPEG) ကိုရွေးပြီးတော့မှ ကျန်တဲ့ 198 ပုံကို ကျွန်တော် ဖျက်ပြစ်ပါတယ်…။

တစ်ခါတစ်လေလဲ မဖျက်ပါဘူး..။ အကြောင်းရှိလို့ပါ..။ ဘာအကြောင်းလဲဆိုတော့ ..။ နောက်တစ်ပုံ ကလည်း မဖျက်ပြစ်ချင်လောက်အောင် ကောင်းနေခြင်း..။ ဖျက်ပြစ်ရမှာ နှမြောခြင်း..။ ဒါမှမဟုတ် ပြိုင်ပွဲတွေရဲ့ သဘောတရားအရ ဒီပုံတစ်ပုံဟာ ပြိုင်ပွဲတစ်ခုမှာ ဆုရဖူးသွားရင် နောက်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် မရှိတော့ပါဘူး..။ အဲ့လိုအခါမျိုးမှာ..။ အဲ့ဒီ့ပုံမဟုတ်ပဲ အဲ့ဒီ့ပုံနဲ့ ဆင်တူယိုးမှားတူသော နောက်တစ်ပုံ ကိုသော်လည်းကောင်း..။ Angle ချင်း မတူသော နောက်ထပ် တစ်ပုံကိုသော်လည်းကောင်း အသုံးပြုပြီး ထပ်ပြိုင်နိုင်ပါတယ်..။ ဒါကြောင့် တစ်ခါ တစ်လေကြရင် ကျွန်တော် မဖျက်ပြစ်တာပါ..။

လုံးဝ Composition, Exposure, Focus Out သွားတဲ့ပုံတွေနဲ့ Angle ရော ရိုက်ချက်တွေရော တူနေတဲ့ပုံတွေရှိရင်တော့ ကျွန်တော် ဖျက်ပြစ်ပါတယ်…။

ဒါဆို RAW နဲ့ JPEG အကြောင်းတော်တော်သိသွားပါပြီ..။ ခေါင်စဉ်ကို ပြန်ကောက်ပြီး Histogram အကြောင်းဆက်ရရင်တော့…။

Histogram ရဲ့ Shoot To The Right ဆိုတဲ့ Theory က RAW သမားတွေအတွက်ပဲ အသုံးဝင်ပါလိ့မ် မယ်..။ JPEG သမားတွေအတွက်ကတော့ Shoot To The Right လိုက်ရင် ပုံက ဖွေးပြီးထွက်လာ မှာ ဖြစ်ပြီး..။ Software နဲ့ ပြန်ဆယ်တဲ့အခါမှာလည်း ထင်သလောက် အဆင်ပြေမှာ မဟုတ်ပါဘူး…။ RAW သမားတွေသာ အေးအေးဆေးဆေး ပြန်ဆယ်ပြီး..။ ကိုယ်လိုချင်တဲ့ Exposure တွေ အရောင်တွေကို ညှိနိုင်မှာဖြစ်ပါတယ်..။

တော်ကြာ Shoot To The Right ဆိုပြီး ပြောထားတယ်..။ အဲ့လိုပဲ ရိုက်တာ..။ ရှိသမျှ ပုံတွေ အကုန် ဖြူဖွေးပြီး ဘာမှ သုံးမရတော့ရင် ကျွန်တော့် စနက်ဖြစ်နေမှာဆိုးလို့ပါ…။ ဆိုလိုတာက JPEG သမားတွေ (ပြန်လည် မပြုပြင်လိုသူတွေ၊ မပြုပြင်သူတွေ၊ ပြုပြင်လို့ မရသူတွေ) အတွက် Shoot To The Right က အလုပ်မဖြစ်နိုင်ပါဘူး..။

RAW သမားတွေ (Serious Photographer, Professional, Commercial, Exhibition) သမားတွေ အတွက်ကတော့ Shoot To The Right ဟာ Best Choice ပါပဲ..။ Graph ဟာ ညာဘက်ကို များများရောက်တဲ့အတွက် Data များများပါလာကာ Post Processing လုပ်တဲ့ အခါမှာ များစွာ (ကြီးစွာ) အထောက် အကူပြုတဲ့အတွက်ပါ..။

တစ်ခုတော့ စိတ်ထဲမှာ မှတ်ထားစေချင်ပါတယ်..။ ဘာလဲဆိုတော့ Shoot To The Right လုပ်ထားတဲ့ အတွက် Camera ရဲ့ Display မှာ Preview ပြန်ကြည့်တဲ့အချိန်မှာတော့ ပုံက လိုအပ်တာထက်ပိုပြီး ဖွေးနေ (Over Expose) ဖြစ်နေမှာ ဖြစ်ပါတယ်..။ ဒါကို Computer ထဲရောက်မှသာ ပြန်ပြီး ပြုပြင်ရ မှာဖြစ် ပါတယ်..။

ဒါကြောင့် တစ်ချို့ Pro တွေဆိုရင် ရိုက်ပြီးပြီးချင်း သူတို့ရိုက်တဲ့ပုံကို ပြခိုင်းရင် မပြချင်ကြခြင်း ဖြစ်ပါတယ်..။

သို့သော် တစ်ချို့ကတော့ Shoot To The Right ဖြစ်ဖြစ်၊ မဖြစ်ဖြစ်…။ ဓာတ်ပုံပညာထက် Photoshop ပညာကိုသာ အားကိုးတဲ့အတွက်..။ ပုံရိုက်ထားတဲ့အတိုင်းပြခိုင်းတဲ့အခါမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိလို့ မပြရဲကြတဲ့သူတွေလည်း ရှိပါတယ်..။

Digital ခေတ်ဖြစ်တဲ့အတွက် Post Processing ဆိုတာမဖြစ်မနေ လိုအပ်တာကို ကျွန်တော့်အနေနဲ့ လက်ခံပေမယ့်..။ Photoshop မသုံးရင် ဘယ်လိုမှ သုံးစားလို့မရပဲ..။ Photographer မဟုတ်ပဲ Photoshoper ဖြစ်တဲ့သူများကိုတော့ ကျွန်တော် အထင်မကြီးတာ အမှန်ပါ..။

ဒါကို ဘာကြောင့် ကျွန်တော်ပြောရသလဲဆိုတော့..။ တစ်ချို့သော သူတွေဟာ ပုံသာကောင်းအောင် မရိုက်တတ်တာပါ..။ Photoshop လို Software တွေကို ကိုင်တွယ် အသုံးပြုရာမှာ လက်ဖြားရော၊ ခြေဖြားရော..။ ရှိသမျှ အဖြားတွေ အကုန်ခါရလောက် အောင် တော်ကြပါတယ်..။ ရိုက်ထားတဲ့ပုံနဲ့ Final ထွက်လာတဲ့ပုံနဲ့ တစ်ခြားစီ ဖြစ်သွားပါတယ်..။

ဒီလိုလူတွေအတွက် ကျွန်တော့် Personal Opinion အနေနဲ့ကတော့ Sorry ပါ..။ အထင်မကြီးပါ..။ Photographer လို့ ကိုယ့်ကိုယ်ကို သတ်မှတ်မယ့်အစား Graphic Designer လို့သာ သတ်မှတ်ဖို့…။ ကျွန်တော် တိုက်တွန်း လိုပါတယ်..။ အဲ့လိုဆိုရင်တော့ Photographer တစ်ယောက် အနေနဲ့ မဟုတ်ပဲ Graphic Designer တစ်ယောက်အနေနဲ့ ကျွန်တော် အလွန်ပဲ လေးစား အထင်ကြီးမိမှာ ဖြစ်ပါတယ်..။

နောက်ဆုံးအနေနဲ့ ထပ်ပြီး သတိထားရမှာ တစ်ခုကတော့ Histogram ကို ကြည့်ပြီး ရိုက်တဲ့ နေရာမှာ ဘယ်ဘက် သို့သော်လည်းကောင်း၊ ညာဘက်သို့သော်လည်းကောင်း Clipping မဖြစ်ဖို့ (သွားမထိဖို့ ) မှာလိုပါတယ်..။ သွားထိနေပြီဆိုတာနဲ့ အဲ့ဒီ့ Data တွေ မရတော့ပါဘူး.။

ဟာ..။ ညာဘက်က 255 ရှိတယ်..။ 255 ထက်ကျော်သွားရင်..။ 300 လောက်များ Data ပါမလားဆိုပြီး မလုပ်ပါနဲ့…။ အဲ့လိုရိုက်မယ့်အစား အဖြူရောင် ပိတ်စတစ်ခုသာ Lens ရှေ့ မှာ ပိတ်ပြီး ရိုက်လိုက်တာက ပိုအချိန်ကုန်သက်သာပါတယ်..။ ဘာ Data မှရမှာမဟုတ်ပါဘူး..။

ဒီလောက်ဆိုရင် Histogram ရဲ့ အရေးကြီးပုံနဲ့ JPEG , Raw တို့ ရဲ့ အကျိုးသက်ရောက်မှု..။ ဆက်ဆက်မှုတွေကို သိနိုင်ပြီလို့ ကျွန်တော်ထင်ပါတယ်..။

ကာလ ရှည်ကြာစွာ ကတည်းက ဖြစ်နေခဲ့တဲ့..။ ဒီ Graph ကြီးက ဘာကြီးလဲ..။ ဘာလုပ်ဖို့လဲ ဆိုတာနဲ့ …။ RAW နဲ့ JPEG ဘာကွာလဲ..။ ဘာလို့ Raw နဲ့ ချည်းရိုက်ခိုင်း နေကြတာလဲ ဆိုတဲ့ မေး ခွန်းတွေ တော်တော် ရှင်းသွားမယ်လို့မျှော်လင့်ပါတယ်..။

နောက်တစ်ခေါက်မှာတော့ Camera မှာ ပါပြီး အလွန်အရေးပါသလောက်..။ Histogram အတိုင်းပဲ လစ်လျူအရှုခံရတဲ့ Depth Of Field Button အကြောင်းရေးပေးပါ့မယ်လို့ ကြို တင်အသိပေးရင်း..။

ရိုက်ရင်းလေ့လာပါ..။ လေ့လာရင်း ရိုက်ပါ..။ အားမငယ်ပါနဲ့..။ စိတ်ဓာတ်မကျပါနဲ့ လို့ထပ်ပြီး မှာလိုက်ပါရစေ…။

လေးစားစွာဖြင့်

Black Dream
http://www.blackdream21.com

P.S- Dedicated To Sayar Pe Myint Oo

အပိုင်း ၅ ပိုင်း၊ ၁ ပိုင်းကို 1 stop ကွာပါတယ်..။


0 To 255, Shadow, Midtone & Highlight



Basic Histogram


Basic Histogram (ဒီပုံမှာ ဘယ်ဘက်နဲ့ ညာဘက်ကို Graph လုံးဝ ကပ်နေခြင်းကို Clipping ဖြစ်တယ်လို့ခေါ်ပါတယ်...

Histogram Sample...

Histogram Sample...

Color Histogram...

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...