Samsung Responds To Gold iPhone 5s

 

Samsung ပာာ ရွှေရောင်ဖုန်း တွေကို စတင် ထုတ်လုပ်သူပာာ သူသာ ဖြစ်ကြောင်း Apple ကိုသိစေ ခဲ့ပြီး ရွှေရောင်ဖုန်း အမျိုးအစား ၈ မျိုးတောင် ထုတ်လုပ် ခဲ့ပြီးလဲ ဖြစ်ပါတယ်။

အခုတစ်လော အင်တာနက် ပေါ်မှာ Samsung Smartphone နဲ့ iPhone သတင်းတွေ ပလူပျံ နေပါတယ်။ Samsung ချစ်သူ တွေနဲ့ iPhone နှစ်သက်သူ တွေဟာ အင်တာနက်မှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင် ဆော်နေကြတာ မြင်မကောင်း လောက်အောင် ပါပဲ။ ပရိသတ်တွေပါ မကပါဘူး။ Samsung နဲ့ Apple
ကုမ္ပဏီ နှစ်ခုစလုံးက တစ်ခုနဲ့ တစ်ခု မတည့်ကြတော့ ပွဲက ပိုစည် လာပါတယ်။



တစ်လောက Apple နဲ့ Samsung တို့အပြိုင်အဆိုင် တရားစွဲ ကြတာ မှတ်မိကြ ဦးမယ် ထင်ပါတယ်။ အဲဒီမှာတော့ Samsungဟာ အထိနာခဲ့ တာကြောင့် လက်တုံ့ပြန် နိုင်မယ့် အခွင့်အရေး ကိုစောင့်နေ ပါတယ်။ တစ်လောက ထွက်တဲ့ iPhone အသစ်မှာ ရွှေရောင် အမျိုးအစားဟာ တော်တော် အရောင်းသွက် ခဲ့ပါတယ်။ မသိသူ တွေကတော့ ရွှေရောင် ဖုန်းအမျိုး အစားဟာ Apple ကပဲ စတင်ခဲ့ တယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် အဖြစ်မှန်က အဲဒီလို မဟုတ် ခဲ့ပါဘူး။



Samsung ကအရင် ရွှေရောင်ဖုန်းတွေ ထုတ်လုပ် ခဲ့ဖူးပါတယ်။ လောလောလတ်လတ် ကိုပြောရရင် စက်တင်ဘာလ ၈ရက်နေ့က ထွက်တဲ့ Samsung Galaxy S4 ပါ။ ရွှေရောင် iPhone ထွက်တဲ့ စက်တင်ဘာလ ၁၀ရက်နဲ့ ယှဉ်လိုက်ရင် နှစ်ရက်ကြီး များတောင် စောနေ ပါသေးတယ်။ Samasung S4 မတိုင်ခင် ၂၀၀၈ ခုနှစ် Beijing Olympic Games အထူးထုတ် Samsung ဖုန်း၊ ၂၀၀၇ ခုနှစ် ထုတ် Ocean's 13 Model ဖုန်း၊ ၂၀၀၄ တုန်းက Samsung ခေါက်ဖုန်းတွေ အပါအ၀င် ရွှေရောင် ဖုန်းအမျိုး အစား ၈ မျိုးတောင် ထုတ်လုပ် ခဲ့ပြီး ပါပြီ။ ဒါ့ကြောင့် Samsung ကုမ္ပဏီက Apple ကို သူတို့ဟာ ရွှေရောင်ဖုန်း စတင် ထုတ်လုပ်သည့် ပထမဆုံး ကုမ္ပဏီ မဟုတ်ကြောင်း Website တွေက တစ်ဆင့် ကြေညာ သတိ ပေးခဲ့ပါတယ်။



Apple ချစ်သူတွေက iPhone 5 ဘက်ကနေပြီး Samsung နည်းပညာ တွေဟာ ကူးယူထား တာလို့ အပုတ်ချ သလို Samsung ကြိုက်သူတွေ ကလည်း Galaxy S4 ဟာ iPhone 5 မလုပ်နိုင်တဲ့ လုပ်ငန်းတွေ လုပ်နိုင် တယ်လို့ ပြန်လည် ကြွားဝါ ထားပါတယ်။ ရှေ့လျှောက်လဲ Samsung ရော Apple ပါ တစ်ခုနဲ့ တစ်ခု ပြိုင်နေ ကြဦးမှာပါ။ ဒါပေမယ့် Smartphone သုံးစွဲသူတွေ သတိထား သင့်တာက Brand အစွဲထက် မိမိအတွက် ဘာပစ္စည်းက ပိုအဆင် ပြေမလဲသာ အရေးကြီးကြောင်း ဖြစ်ပါ တော့တယ် ခင်ဗျာ။


Images from resources1.news, i-cdn.phonearena, betanews, wpuploads.appadvice. Source: mashable.com

Author
Paing Hmu Ko
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...