မြန်မာငွေကျပ် ၂၁၅ သိန်းကို ပညာသင်ဆု အဖြစ် အမေရိကန် တက္ကသိုလ် Webster University (ထိုင်းနိုင်ငံ) မှ ပထမဦးဆုံး အကြိမ် ပေးအပ်မည်


ရန်ကုန် အောက်တိုဘာ ၈ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းပိုင်ရှင်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျောင်းသားများအတွက် အထူးအခွင့်အရေးတစ်ရပ် အနေဖြင့် အမေရိကန်နိုင်ငံ၏ ကျောင်းခွဲဖြစ်သော ထိုင်းနိုင်ငံရှိ Webster University (Thailand Compus) တွင် ကျောင်းလခ၏ ၅ဝ ရာခိုင်နှုန်း မြန်မာငွေ ကျပ် ၂၁၅ သိန်း ဝန်းကျင်ကို ပညာသင်ဆုအဖြစ် ပထမဦးဆုံးအကြိမ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း Myanmar Search Internationl (MSI) မှ သိရသည်။



Webster University Thailand Compus တွင် ပညာသင်ကြားခြင်းဖြင့် Webster University Certifi cate သည် United State, Austria, Netherlands, Switzerland, Thailand စသည့် နိုင်ငံတကာတွင် ကျောင်းခွဲများ ရှိခြင်းကြောင့် Compus to Compus ကူးပြောင်း သင်ကြားလိုသော ကျောင်းသားများ အတွက် ထိပ်တန်း ဝန်ဆောင်မှုများ ရရှိခြင်း၊ ၎င်းထိပ်တန်း ဝန်ဆောင်မှု ဆိုသည်မှာ Semester by Semester အလိုက် နိုင်ငံတကာရှိ Webster ကျောင်းခွဲရှိရာ Compus များသို့ အချိန်မရွေး ပြောင်းရွှေ့ သင်ကြားနိုင်ခြင်း၊ ပညာသင်ကြားမှုစရိတ်၊ နေထိုင်မှုစရိတ်နှင့် စားသောက်မှုစရိတ်များ သက်သာစွာဖြင့် နိုင်ငံ တကာ အသိအမှတ်ပြု အရည်အသွေးမီ အမေရိကန်နိုင်ငံမှ ပေးသောဘွဲ့ကို ရရှိခြင်း၊ မြန်မာနိုင်ငံနှင့် အနီးဆုံး နိုင်ငံတစ်ခုဖြစ်၍ ကူးသန်းသွားလာမှု လွယ်ကူပြီး ယဉ်ကျေးမှုများမှာလည်း တူညီမှုရှိခြင်း တို့ကြောင့် သွားရောက် ပညာသင်ကြားရာတွင် ခက်ခဲမှု မရှိခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။ Aသူ
 
မြ၀တီသတင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...