ဘယ် Mode နဲ့ ရိုက်ရမလဲ....?
စလိုက်ရအောင်ဗျာ... ကျွန်တော်တို့ ဒီနေ့တော့ ဓာတ်ပုံရိုက်နည်းအသစ်တွေ အကြောင်း မဆွေးနွေးခင်...။ သွေးပူလေးလုပ်တဲ့ အနေနဲ့ ဘယ် Mode နဲ့ ရိုက်ရမလဲဆိုတဲ့အကြောင်းကို အရင်ဆုံးစပြီး ဆွေးနွေးလိုက်ရအောင်...။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းနဲ့ပါတ်သတ်ပြီး ကျွန်တော့်ဆီကို မေးခွန်းတွေ ခဏခဏဝင်လို့ပါ...။ ဘယ် Mode နဲ့ ရိုက်တာ အကောင်းဆုံးဖြစ်မလဲ...? Manual လား...? Aperture လား... ? Shutter လား...? ဆိုပြီးတော့ပါ...။ အမှတ်တမဲ့ ကြည့်ရင် ဘာမဟုတ်တဲ့ Topic လို့ထင်စရာရှိပေမယ့် ...။ ဒီ Topic နဲ့ ပါတ်သတ်ပြီး အခုချိန်အထိ ငြင်းကြခုန်ကြ ဝိဝါဓ ကွဲပြားနေကြတုန်း ရှိပါတယ်...။ အထူးသဖြင့် " Manual Mode နဲ့ ရိုက်မှ ဆရာကြတာကွ... Pro ဖြစ်တာကွ " ဆိုတဲ့အစွဲအလမ်းနဲ့ အတိမ်အနက်ကို ကျွန်တော်ဆွေးနွေး ချင်လို့ပဲ ဖြစ်ပါတယ်...။ Manual Mode နဲ့ ရိုက်လိုက်တိုင်း ပုံတွေက သူမတူအောင် ကောင်းသွားပါသလား...? Manual နဲ့ ရိုက်လိုက်တာနဲ့ Professional ကြီး လုံးလုံး ဖြစ်သွားပါသလား...? တစ်ခြား လူများအတွက်တော့ မသိပါ...။ ကျွန်တော့်အတွက်ကတော့ အခုချိန်ထိ AV/A (Aperture Priority) နဲ့ TV/S (Shutter Priority) တို့က မဖြစ်မနေ အရေးကြီးနေတုန်းပဲဖြစ်ပ...