မျှဝေခံစားကြည့်ခြင်း

စိတ်ပညာပါရဂူတွေက ဒီလိုပြောပါတယ်….
(၁) အကယ်၍ လူတစ်ယောက်ဟာ ရယ်(ရီ)စရာသိပ်မဟုတ်တာလေးကို စိတ်လွှတ်ပြီးအူလှိုက်သည်းလှိုက် ရီနေမယ်…နောက်ပြီး ခပ်ကြောင်ကြောင်အမူအရာလည်း လုပ်နေတာမြင်ရင်…
" သြော် သူ့ ရင်ထဲမှာဖော်မပြနိုင်လောက်အောင် သိပ်ကိုအထီးကျန်ခံစားနေရှာတယ်…." လို့  မျှဝေ နားလည်ပေးလိုက်ပါ။
(၂) အကယ်၍ လူတစ်ယောက်ဟာ တချိန်လုံးထိုးအိပ်နေပြီး အိပ်မပျော်တာတောင် ထမင်းထမစားဘဲ အိပ်ယာထဲမှာခွေနေရင်…
" သြော် သူ့ ခမျာ ၀မ်းနည်းပူနွေးနေရှာတယ်…" လို့  မျှဝေနားလည်ပေးလိုက်ပါ။
(၃) အကယ်၍ လူတစ်ယောက်ဟာ ခါတိုင်းနဲ့ မတူ စကားနည်းလွန်းနေတယ်…အဲ…သိသိသာသာ စကားပြောမြန်မြန်နေရင်….
" သြော် သူ လှို့ ဝှက်ချက်တစ်ခုကို ဘေးလူမရိပ်မိအောင် မနည်းကိုဖုံးဖိနေရှာတယ်…" လို့  မျှဝေနားလည်ပေးလိုက်ပါ။
(၄) အကယ်၍ လူတစ်ယောက်ဟာ ငိုရမယ့်အဖြစ်အပျက်နဲ့ ကြုံနေတာတောင် မငိုဘဲ ငူငိုင်နေရင်…..
" သြော် သူ့ ခမျာ ဆို့ နစ်နေပြီး ငိုဖို့ တောင်အားမရှိတော့ဘူးကွယ်…" လို့  မျှဝေနားလည်ပေးလိုက်ပါ။
(၅) အကယ်၍ လူတစ်ယောက်ဟာ စိတ်လွတ်ကိုယ်လွတ် အထိန်းအကွပ်မဲ့ မြင်မြင်သမျှအစားအစာတွေကို အငမ်းမရ စားသောက်နေတာ ဆိုရင်…..
" သြော် သူ့ ခမျာ စိတ်ဖိစီးမှုတွေအတွက် ထွက်ပေါက်ရှာနေရပါလားနော် …" လို့  မျှဝေနားလည်ပေး လိုက်ပါ။
(၆) အကယ်၍ လူတစ်ယောက်ဟာ ဘာမှမဟုတ်တဲ့အသေးအဖွဲလေးအတွက် ခံစားပြီးမျက်ရည် ကျနေခဲ့ ရင်….
" အသည်းငယ်လိုက်တာလွန်ပါရောဟယ်… လို့  အပြစ်မမြင်ဘဲ သြော် သူ့ နှလုံးသားလေးကနုလိုက် တာ တော်တော်အပြစ် ကင်း တာဘဲ …" လို့  မျှဝေနားလည်ပေးလိုက်ပါ။
(၇) အကယ်၍ လူတစ်ယောက်ဟာ အရေးမပါတဲ့ ပြသနာသေးသေးလေးအတွက် အလွန်အမင်းဒေါသ တကြီးပေါက်ကွဲနေခဲ့ ရင်….
" သြော် သူ့ ခမျာ ချစ်ခြင်းမေတ္တာငတ်နေရှာသူလေးပါလား သနားစရာလေးပါ …" လို့  မျှဝေနားလည်ပေး လိုက်ပါ။
++++++++++++++++
လူအချင်းချင်း ခံစားမျှဝေနားလည်ခြင်းဖြင့် နေ့ တဓူဝကြုံတွေ့ ရမယ့် လူ့ ဘောင်အသိုင်းအ၀န်းကို ပျော်ရွှင် ဘွယ်ရာ ဖြတ်သန်းနိုင် ကြပါစေ။
(ဆောင်းပါးရှင်....ပေါက်ပေါက်...မျှဝေသည်)
promise.pauk
(ရိုးသားမှုသည် တခါတရံ၌ ရှုံးနိမ့်စေတတ်၏။ သို့ သော် တစ်သက်လုံးကား လိပ်ပြာလုံစေတော့၏။)