ဧ၀ရတ်တောင်တွင် ဆီးနှင်းပြိုမှုကြောင့် ဒေသခံလမ်းပြ ၁၂ ဦးသေဆုံး

ကမ္ဘာ့အမြင့်ဆုံးရေခဲတောင်ဖြစ်တဲ့ ဧ၀ရတ်တောင်မှာ ဧပြီလ ၁၈ ရက်နေ့က ဆီးနှင်းပြိုပြီး ဒေသခံ နီပေါလမ်းပြ ၁၂ ဦး သေဆုံးခဲ့တယ်လို့ နီပေါခရီးသွားလုပ်ငန်း ၀န်ကြီးဌာနက ဆိုပါတယ်။



အခုနှစ် တောင်တက်ရာသီအစမှာပဲ ဆီးနှင်းပြိုမှုဖြစ်ပွားခဲ့တာဟာ ၈ နှစ်အတွင်း လူအသေအပျောက် အများဆုံး ဆီးနှင်းပြိုကျမှုဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံနီပေါလမ်းပြ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး နောက်ထပ် လူ ၅ ဦးလောက်လည်း ပျောက်ဆုံးနေဆဲလို့ဆိုပါတယ်။

အမြင့်ပေ ၂၉၀၀၀ ကျော်မြင့်တဲ့ ဧ၀ရတ်တောင်ကို ၁၉၅၃ ခုနှစ်က ဆာအက်မန် ဟီလာရီနဲ့ ဒေသခံအကူတို့ ပထမဆုံးအောင်မြင်စွာ တက်ရောက်ခဲ့ပြီးနောက်ပိုင်း အခုချိန်ထိ တောင်တက်သမား စုစုပေါင်း ၄၀၀၀ ကျော် တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ တောင်တက်သမား ၂၅၀ လောက်ဟာလည်း တောင်တက်ရင်းလမ်းခရီးမှာ သေဆုံးခဲ့ကြပါတယ်။

ဧ၀ရတ်တောင်တက်ကြေးကို လျှော့ပေးဖို့ နီပေါအစိုးရက စီစဉ်ခဲ့ပြီး အခုနှစ် နိုင်ငံခြားသားတောင်တက် သမား ဦးရေကိုလည်း မနှစ်ကထက်တိုးပြီး ၃၃၄ ဦးခွင့်ပြုခဲ့ပါတယ်။ ဧ၀ရတ်တောင်တက်ရာသီဟာ မိုးဦးမကျခင် မေလကုန်မှာ ကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...