တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြရာဝယ်
တစ်ဦးနဲ့တစ်ဦး စကားပြောကြတဲ့အခါ တစ်ယောက်မျက်နှာ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးတော့ ပြောကြတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ တစ်ဖက်ပုဂ္ဂိုလ်က ကိုယ့်ကို စကားပြောနေ တယ်ဆိုပါစို့။ ကိုယ်က ဟိုဖက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်၊ ဟိုလုပ်ဒီလုပ် လုပ်တဲ့အပြုမူမျိုးဟာ အင်မတန်မှ အာရုံမစိုက်၊ အလေးမထား၊ ပေါ့ပျက်ပျက်နိုင်တဲ့ အပြုမူတွေဖြစ်တယ်ဆိုတာ သတိပြုသင့် တယ်။
အထူးသဖြင့် နိုင်ငံခြားသားတွေနဲ့စကားပြောတဲ့ အခါမှာပိုဆိုးတယ်။ ကိုယ်ကတော့ဘာရယ်မဟုတ်ပေမယ့် တစ်ဖက်စကားပြောနေတဲ့ပုရဂ္ဂိုလ်ကို သွားပြီးတော့ရိုင်းပြတဲ့ အပြုမူမျိုး နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ သဘောသက်ရောက်စေတယ်။ ပြီးတော့ စိတ်ဂဏှာမငြိမ်တဲ့ အသွင်ကိုဖော်ပြပါတယ်။
ကျနော် Oversea မှာကျောင်းတတ်တုန်းကပေါ့၊ ဆရာမက ကိုယ့်ကိုယ်စကာပြောတဲ့အခါ ကိုယ်က ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်ပေါ့။ (တကယ်က ဘာရယ်မဟုတ်ဘူး ရှက်လို့။) ဆရာမကလဲ ကိုယ့်ကြည့်တဲ့ဘက်ကိုလိုက်ပြီးတော့ကို စကားပြောတယ်။ အစကတော့ စိတ်ထဲကနေ (ဒီက ဆရာ၊ ဆရာမတွေက ဘာလဲပေါ့၊ သူများမျက်နှာပဲအတင်းလိုက်ကြည့်နေတယ်ပေါ့။)
မိဘတွေကို ပြန်ပြောပြတဲ့အခါမှာအဖေက ကျနော်မှားတယ်ပေါ့။ ပြီးတော့ စကားပြောတဲ့အခါ ဘယ်လိုပြောရတယ်၊ ဆိုရတယ်၊ ဘယ်လိုပြုမူရတယ်ဆိုပြီး သွန်သင်ဆုံးမပေးလို့ရယ်၊ ယဉ်ကျေးမှုနဲ့ ပတ်သတ်ပြီးသင်ရတဲ့ အခါမှာရယ်မှ နားလည် သဘောပေါက် လာခဲ့တယ်။
တကယ်တော့ ယဉ်ကျေးမှုတစ်ခုတည်းမှ မဟုတ်ပါဘူး။ တခြား အလုပ်မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ စသဖြင့် ဘယ်နေရာပဲဖြစ်ဖြစ် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီးတော့ ပြောကြဆိုကြတဲ့အခါ နားထောင်တဲ့သူကပြောတဲ့သူကို Respect (လေးစားမှု)ရှိတယ်ဆိုတဲ့ သဘောအပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး ကိုယ်အလှည့်စကားပြောတဲ့အခါမှာလဲ ကိုယ်ပြောတဲ့စကားကို သေချာတန်ဖိုးထား ဂရုစိုက်နားထောင်ပြီး၊ နားလည်မှုရှိစေပြီးတော့ စကားအောင်မြင်စေပါတယ်။
အခုဆိုရင်တော့ ကျနော်စကားပြောတဲ့အခါ သေချာမျက်နှာကြည်ပြီးတော့ကိုပြောပါတယ်။ ဒါပေမယ့် အဲ့တာက တချို့အမြင်မှာ ရိုင်းတယ်ပေါ့။ တကယ်တော့အဲ့တာကရိုင်းတာ မဟုတ်ပါဘူး။ အထက်မှာပြောခဲ့သလိုပါပဲ။ (တချို့ကြတော့လဲ ဟုတ်ပါတယ်၊ ရိုင်းလောက်တဲ့ မျက်လုံးမျိုးနဲ့ကြည့်တော့ ကွဲလိုမှုတွေဖြစ်ကုန်တာပေါ့။)
မည်သို့ပင်ဆိုစေကာမှု မိတ်ဆွေတို့ကိုလဲ စကားပြောတဲ့အခါ တစ်ယောက်မျက်နှာကို တယောက် သေချာကြည့်ပြီးတော့ဆွေးနွေးပြောဆိုစေချင်ပါတယ်..။ အဲ့တာမှ ကိုယ်ပြောတဲ့ စကားအပေါ် (နားထောင်နေတဲ့သူက) ဘယ်လောက် စိတ်ဝင်စားမှုရှိလဲ၊ ဘယ်လောက် အလေးထားလဲ ဆိုတာ အလွယ်တကူသိနိုင်မှာပါ။
ဆက်ရန်…
စာရေးသူ – နေမင်းဝေ (အပြုံးပန်းဈေးခင်း)