မျက်တောင်တုများကြောင့် မျက်လုံး ကျန်းမာရေး ထိခိုက်စေနိုင်
By ဆုမြတ်
လန်ဒန် ၊ ဖေဖော်ဝါရီ ၂၇
မျက်တောင်တုများက ကောင်းကျိုးထက် လူကို ထိခိုက်စေသည့် ဆိုးကျိုးများသာ ပိုပေးနိုင်ကြောင်း သုတေသီများက သတိပေး ပြောကြားခဲ့သည်။
ပုံမှန် မျက်တောင်မွေးသည် မျက်လုံး အကျယ်၏ သုံးပုံတစ်ပုံခန့်ထိ ဖုံးအုပ်ထားပြီး မျက်လုံးထဲသို့ ဖုန်များ မ၀င်အောင် ကာပေးသလို၊ မျက်ရည်ခန်းခြောက်မှု မဖြစ်အောင်လည်း ထိန်းပေးသည်။
ဖြူငယ်မှ အစ သစ်ကုလားအုတ် အဆုံး နို့တိုက်သတ္တ၀ါမျိုး စိတ် (၂၂) မျိုးကို လေ့လာကြည့်ရာ မျက်တောင် အရှည်မှာ မျက်လုံး အလျား၏ သုံးပုံ တစ်ပုံခန့် အကြမ်းဖျင်း ရှိကြောင်း သိရသည်။
ထို့ကြောင့် မျက်လုံး ကျန်းမာရေးအတွက် အသင့်တော်ဆုံးမှာ သဘာဝအတိုင်း ရှိနေသော မျက်တောင် အရွယ်အစားသာ ဖြစ်ကြောင်း ကနဦး ကောက်ချက် ချခဲ့သည်။ ထိုကောက်ချက် မှန်၏ မမှန်၏ သိနိုင်စေရန် လေ့လာသူများက မျက်လုံး အတုကို မျက်တောင်တု တပ်ပြီး လေလိုဏ် ခေါင်းစမ်းသပ် ပြွန်ထဲသို့ ထည့်ကာ လေများ၊ ဖုန်မှုန့်များ လွှတ်၍ စမ်းသပ် ကြည့်ခဲ့ကြောင်း သိရသည်။
လေ့လာမှု အရ မျက်တောင်တု ရှည်ရှည် တပ်လေလေ မျက်လုံးနား တစ်ဝိုက်သို့ လေပို ရောက်စေပြီး ဖုန်မှုန့်နှင့် ထိတွေ့မှု ပိုများစေကြောင်း သိရသည်။ ဆိုလိုသည်မှာ မျက်လုံးကို အကာအကွယ် ပေးနိုင်မှု နည်းသွားပြီး မျက်လုံး ပိုမို ခြောက်လွယ်ကြောင်း သိရသည်။
ထို့ကြောင့် မျက်တောင်တု ရှည်ရှည်များသည် အကောင်းဆုံး အလှဆင်နည်း မဟုတ်ကြောင်း၊ လူကို ကြည့်ကောင်း သွားစေသော်လည်း မျက်လုံး ကျန်းမာရေး အတွက် မကောင်းကြောင်း လေ့လာသူ တစ်ဦးက ပြောကြားခဲ့သည်။
လေ့လာ သုတေသနကို အမေရိကန်နိုင်ငံ အတ္တလန္တာမြို့ရှိ ဂျော်ဂျီယာ နည်းပညာ တက္ကသိုလ်မှ ပါရဂူ ဘွဲ့သင်တန်းသား ဂူလီမို အာမန်ဒါ နှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
Source: Daily Mail
The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) နားဝင္ခ်ဳိေသာ ပညာစကား စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ
- (အနောကျသို့) အလေ့အကျင့် ဆိုးလေးတွေကို ဘယ်လို ဖျောက်မလဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Myanmar Swelsone Kyann Myarr မြန်မာ စွယ်စုံကျမ်း၊ စာပေကျမ်း စာတမ်း၊ ကျောက်စာ ဆိုင်ရာ စာအုပ်များ ( ၆၅ အုပ်) PDF Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များJAVA leaning Myanmar (PDF)Honeymoon Cystitis ဟန်းနီးမွန်းမှာ ဆီးအောင့်တာ