နားဖားချေး ပိတ်ဆို့ခြင်း



နားထဲမှာ နားဖားချေးတွေ စုပြုံနေပြီး သူ့အလိုလို ဖယ်ထုတ်နိုင်ဖို့ ခက်ခဲတဲ့အခါမျိုးမှာ နားဖားချေးပိတ်ဆို့ခြင်း ဖြစ်တတ်ပါတယ်။ တကယ်တော့ နားဖားချေးဟာ ခန္ဓာကိုယ်ရဲ့ ကာကွယ်မူ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အမိုက်တွေကို ဖမ်းယူထားခြင်းနဲ့ ဘက်တီးရီးယားပေါက်ဖွားမူ နှေးစေခြင်းတို့ကို လုပ်ဆောင်ပေးခြင်းအားဖြင့် နားစည်ကို အကာအကွယ်ပေးထားပါတယ်။ နားဖောချေး ပိတ်ဆို့တာက ပြဿနာတစ်ခုဖြစ်လာရင်တော့ နားဖာချေးကို အန္တရာယ်ကင်းကင်းနဲ့ ဖယ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။

နားဖားချေးပိတ်ဆို့သည့် လက္ခဏာရပ်များ
နားဖာချေးပိတိတ်ဆို့ခြင်းဖြစ်ရတဲ့ လက္ခဏာရပ်တွေကတော့ -

- နားကိုက်ခြင်း၊

- နားထဲမှာ ပြည့်နေသလို ခံစားရခြင်း၊

- နားအူခြင်း၊

- နားဖားချေးပိတ်ဆို့နေတဲ့နားဟာ အကြားအာရုံလျော့နည်းခြင်းတို့ပဲ ဖြစ်ကြပါတယ်။

နားဖာချေးပိတ်ဆို့ရခြင်း အကြောင်းရင်းများ
နားစည်အရေပြားမှာရှိတဲ့ ဂလင်းတွေကနေ နားထဲမှာ ဖယောင်း (Wax) ကို ထုတ်ပါတယ်။ ဖယောင်းနဲ့ သေးငယ်တဲ့ အမွေးအမှင်တွေကို ဖမ်းယူထားပြီး စုစည်းကာ နားဖာချေးအဖြစ် ဖြစ်ပေါ်လာပါတယ်။

လူအများစုမျာ နားဖာချေးပမာဏ အနည်းစုကို နားထဲကနေ အပြင်ထွက်သွားအောင် ပုံမှန်အတိုင်း ဖယ်ရှားနိုင်ပါတယ်။ ထွက်သွားတဲ့ နားဖာချေးနဲ့အတူ ပါသွားတဲ့ ဖယောင်းနေရာမှာ အစားထိုးပါသွားတဲ့ ဖယောင်းနေရာမှာ အစားထိုးနိုင်ဖို့ ဖယောင်းအသစ်ကို ထုတ်လိုက်ပါတယ်။ ဖယောင်းပမာဏ အများကြီးကို ထုတ်လိုက်ရင် ဒါမှမဟဟုတ် နားဖာချေးကို ကောင်းကောင်း မရှင်းထုတ်နိုင်ဘူးဆိုရင် နားစည်ထဲမှာ နားဖာချေးတွေ ပိတ်ဆို့နေနိုင်ပါတယ်။

နားထဲကို ဂွမ်းစနဲ့ ဆံညှပ်လို တခြားပစ္စည်းတွေထည့်ပြီး နားဖာချေးထွက်အောင် ကြိုးစားတဲ့ လူတွေမှာလည်း နားဖာချေးပိတ်ဆို့တတ်ပါတယ်။ အကြောင်းကတော့ နားဖာချေးကို ဖယ်ထုတ်ဖို့ ကြိုးစားရင်း အပြင်မထွက်လာဘဲ နားအတွင်းက ပိုနက်တဲ့အပိုင်းကို တွန်းပို့ရောက်ရှိသွားတာကြောင့်ပဲ ဖြစ်ပါတယ်။

ဆရာဝန်နှင့် ပြသသင့်သောအချိန်
သင့်အနေနဲ့ နားဖာချေးပိတ်ဆို့ခြင်းကြောင့် မသက်မသာခံစားနေရရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။ နားဖာချေးပိတ်ဆို့မူကြောင့် နားကိုက်ခြင်းနဲ့ ပီပီသသ မကြားရတော့ခြင်းစတာတွေ ခံစားနေရရင် ဆရာဝန်နဲ့ပြသဖို့ အရေးကြီးပါတယ်။

ဆရာဝန်အနေနဲ့ နားဖာချေးကို အန္တရာယ်အကင်းဆုံးနည်းနဲ့ ဖယ်ရှားပေးပါလိမ့်မယ်။ သင့်အနေနဲ့ ကိုယ့်ဘာသာကိုယ် နားဖာချေးဖယ်ရှားတာမျိုးကိုတော့ မလုပ်သင့်ပါဘူး။ အထူးသဖြင့် နားကို ခွဲစိတ်ကုသမူ ခံယူဖူးရင်၊ နားစည်မှာ ပေါက်ပြဲတာလိုမျိုး ခံစားရဖူးရင်၊ နားကိုက်နေရင်နဲ့ နားပြည်ယိုနေရင် မိမိဘာသာ နားဖားချေးဖယ်ရှားတာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။

ကလေးတွေရဲ့ နားကိုလည်း ကျန်းမာရေးစစ်ဆေးမူတစ်ရပ်အနေနဲ့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ လိုအပ်ရင် ဆရာဝန်က ကလေးရဲ့နားထဲမှ နားဖာချေးတွေကို ဖယ်ရှားပေးမှာပါ။

နားဖာချေးကို အန္တရာယ်ကင်းစွာ ဖယ်ရှားနည်း
၁။ နားဖာချေးကို ပျော့သွားအောင်ဆောင်ရွက်ပါ
Baby Oil၊ သတ္တုဆီ (Mineral Oil)၊ ဂလစ်စရင်းအလှဆီစတဲ့ အဆီတစ်မျိုးကို မျက်စဉ်းချဆေးဘူးသုံးပြီး နားစည်ထဲကို အစက်အနည်းငယ်ချပါ။ တစ်နေ့နှစ်ကြိမ်ထည့်ကာ ၄-၅စက်ထက် မပိုပါစေနဲ့။ ဒီနည်းဟာ နားဖာချေးတွေကို ပျော့သွားစေပါတယ်။

၂။ ကြက်သီးနွေးရေ သုံးပါ
နားဖာချေးတွေ ပျော့ပြီး တစ်ရက်၊ နှစ်ရက်အကြာမှာ ရော်ဘာညှစ်တံတစ်ခုသုံးကာ နားထဲကို ကြက်သီးနွေရေ အနည်းငယ်ထည့်ပါ။ ပြီးရင် နားဖာချေးနဲ့ ရေတွေထွက်သွားအောင် ခေါင်းကို စောင်းချလိုက်ပါ။

၃။ နားကို ခြောက်သွေ့အောင်ထားပါ
နားကို ပ၀ါတစ်ထည် ဒါမှမဟုတ် ဆံပင်အခြောက်ခံစက်သုံးပြီး ခြောက်သွေ့အောင် လုပ်ပေးပါ။

၎။ နားထဲကို မာကျောသော အသုံးအဆောင်များ မထည့်ပါနှင့်
စာရွက်ညှပ်တဲ့ ကလစ်၊ ဆံညှပ်၊ နားကြပ်စတဲ့ ပစ္စည်းတွေနဲ့ နားဖာချေးကို ဆွဲထုတ်ရင် နားအတွင်းထဲကို ရောက်ရှိအောင် တွန်းပို့ရာရောက်ကာ နားကိုထိခိုက်စေနိုင်ပါတယ်။

(ဇွန်ခိုင်ဦး - ဆေးဝါးကျွမ်းကျင်မူ တက္ကသိုလ်)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...