Why Some Hate Broccoli



အခါးကို အာရုံခံ နိုင်တဲ့ မျိုးဗီဇတွေ တူညီနေ တာတောင်မှ တချို့လူတွေက ပန်းဂေါ်ဖီစိမ်း (broccoli) စားတဲ့အခါ ဘာလို့ သူများထက် ပိုခါးတတ် ကြတာလဲ ဆိုတာ သိပ္ပံ ပညာရှင် တွေက ရှာဖွေ တွေ့ရှိခဲ့ပါပြီ။

အခါးကို အာရုံခံ နိုင်တဲ့ မျိုးဗီဇတွေ တူညီနေ တာတောင်မှ တချို့လူ တွေက ပန်းဂေါ်ဖီစိမ်း (broccoli) လိုအသီးအရွက် တွေကို ကြိုက်ကြပြီး တချို့တွေက မကြိုက်ကြတာ ဘာလို့ဆိုတာ လျို့ဝှက်ချက် တစ်ခု အနေနဲ့သာ ရှိနေခဲ့တာ ကြာပါပြီ။ အခုဆိုရင် သိပ္ပံ ပညာရှင် တွေကပျောက် ဆုံးနေတဲ့ ကွင်းဆက်ကို တွေ့ရှိခဲ့ပါပြီ။ အဲဒါ ကတော့ အခါးကို အရသာ ခံတဲ့ မျိုးဗီဇဟာ ပန်းဂေါ်ဖီစိမ်းရဲ့ အရသာကို လူတွေ ဘယ်လို တုန့်ပြန် သလဲ ဆိုတာကို ဆုံးဖြတ်ပေး ရုံသာမက အခါးကို အာရုံခံဖို့ receptor တွေကိုပါ တည်ဆောက် စေတယ်လို့ စက်တင်ဘာလထုတ် American Journal of Clinical Nutrition ရဲ့လေ့လာ တွေ့ရှိချက် အသစ်က ဆိုပါတယ်။



အခါး အရသာကို အာရုံခံတဲ့ မျိုးဗီဇ TASR38 ဟာ၂မျိုး လာပါတယ်။ တချို့လူ တွေမှာ တစ်မျိုးထဲ သာပါပြီး တချို့ကတော့ လွန်လွန်ကဲကဲ တုံ့ပြန် ကြပါတယ်။ သူတို့ဟာ တော်တော် လေးကို သူများထက် ပိုပြီး ခါးတတ်တာ ဒါမှမဟုတ် အခါးကို မသိတာ၊ အရမ်းခါးမှ ခါးမှန်းသိတာ၊ ကြာကြာ ၀ါးမှ ခါးမှန်းသိ ဆိုတဲ့ လူမျိုးတွေ ဖြစ်တတ် ပါတယ်။ ဒါပေမယ့် လူတော်တော် များများ ကတော့ ဒီမျိုးဗီဇ တစ်ခုစီသာ ပါတတ်တာမို့ ဒီလူနှစ်မျိုးရဲ့ ကြားထဲမှာ သာမန်သာ ခါးတတ် ကြတာပါ။ ဒါပေမယ့် ဒီမျိုးဗီဇ တူညီတဲ့ အလယ်အလတ် ခါးတတ် သူများဟာ အဲ့ဒီအခါးဓာတ် ကို အာရုံခံ နိုင်စွမ်းမှာ ကွဲပြားခြားနား ကြပါတယ်။ လေ့လာမှု တစ်ခုမှာ အခါး မျိုးဗီဇ တူတဲ့လူ ၁၈ယောက်ကို တူညီတဲ့ အခါး ပမာဏ ရှိတဲ့ သောက်စရာတွေ ပေးပြီး တိုင်းပါတယ်။ ပန်းဂေါ်ဖီစိမ်းလို မုန်လာဥနီ လိုမျိုးပေါ့။ လေ့လာသူ တွေက အစမ်းသပ်ခံ တစ်ယောက် ချင်းရဲ့ လျှာမှာရှိတဲ့ အရသာခံ အဖုလေး တွေဆီက အစမ်းတစ်ရူး နည်းနည်း စီယူပြီး စမ်းသပ် ပါတယ်။ ပြီးတော့ အဲ့ဒီ အဖုလေး တွေထဲမှာ အခါး အရသာကို ဖြစ်စေတဲ့ သတင်းပို့ချက် ပါဝင်တဲ့ messenger RNA (mRNA မော်လီကျူး ပမာဏ ဘယ်လောက် များများပါလဲ တိုင်းတာ ပါတယ်။ ထွက်လာတဲ့ ရလဒ်တွေက mRNA ဘယ်လောက် ရှိတယ် ဆိုတာနဲ့ သူတို့ရဲ့ ပန်းဂေါ်ဖီစိမ်း ပေါ်ပါဝင်တဲ့ အခါးဓာတ် တွေပါ။ mRNA များများ ထုတ်လုပ်တဲ့ သူတွေက များများ ခါးတာကို တွေ့ရပါတယ်။



Philadelphia မှာရှိတဲ့ Monell Chemical Senses Center က Danielle Reed ဆိုတဲ့ မျိုးဗီဇ ဆိုင်ရာ ပညာရှင် ကတော့ အရသာခံ ဆဲလ် တွေက mRNA တွေရဲ့ ပမာဏဟာ ဘာလို့ အလယ်အလတ်သာ ခါးတတ်တဲ့ မျိုးဗီဇ ရှိသူတွေဟာ အခါးဓါတ်ကို လွန်လွန်ကဲကဲ တုံ့ပြန်တတ် တာလဲ ဆိုတာ ပျောက်ဆုံး နေတဲ့ ကွင်းဆက် ပါပဲလို့ ဆိုပါတယ်။ တွေ့ရှိချက် တွေက အရသာ ခံစားမှုရဲ့ ရှုပ်ထွေးမှု level အသစ်နဲ့ လူတစ် ယောက် စီတိုင်းရဲ့ အစားအစာ တွေအပေါ် အမြင်နဲ့ ရွေးချယ်မှုတွေ ပြင်းထန်စွာ ကွဲပြား ရတာကို ပြသနေ တယ်လို့ လေ့လာသူ တွေကဆို ပါတယ်။ တွေ့ရှိချက် တွေက လျို့ဝှက်ချက် တစ်ခုကို ဖော်ထုတ်နိုင် ခဲ့ပေမယ့် အဲ့ဒါဟာ နောက်ထပ် မေးခွန်း တွေကို ဖွင့်လိုက်တဲ့ တံခါး အသစ် တစ်ခု ဖြစ်နေ ပြန်ပါတယ်။ အဓိက မေးခွန်း ကတော့ mRNA တွေဘယ်လောက် ထုတ်နိုင် သလဲ ဆိုတာနဲ့ ဘယ်လောက် ခါးသလဲ ဆိုတာကို အကျိုး ဘယ်လို သက်ရောက်သလဲ၊ ဒါဟာ အစားအစာနဲ့ အသက်ပေါ် မူတည် သလား ဆိုတာပါပဲလို့ နောက်ထပ် ပါဝင် လေ့လာသူ တစ် ယောက် ဖြစ်တဲ့ Julie Mennella ဆိုတဲ့ ဖွံဖြိုးမှု စိတ်ပညာရှင်က ဆိုပါတယ်။ mRNA နဲ့ဓါတ်စာ တွေရဲ့ ဆက်စပ်မှု ကတော့ေ၀၀ါး နေဆဲပါ။ အရင် လေ့လာမှု တွေအရ ကတော့ ဓါတ်စာ တွေဟာ အာဟာရ ချေဖျက်မှုနဲ့ ဇီဝရုပ်တွင်း ဖြစ်ပျက်မှုမှာ ပါဝင်တဲ့ မျိုးဗီဇ တွေအပေါ် သက်ရောက် ပါတယ် တဲ့။ ဆိုတော့ကာ အခါးကို အာရုံခံဖို့ receptor တွေဖော်ပြတာ နည်းတဲ့သူ တွေက အသီးအရွက် တွေကို နည်းနည်းပဲ ခါးတတ်ပြီး အဲ့ဒီ အသီးအရွက်တွေ များများ ပိုစားကြမှာ ဖြစ်တယ်လို့ လေ့လာသူ တွေက ဆိုပါတယ်။ ပြောင်းပြန် အနေနဲ့ ကတော့ အခါးများများ စားလို့ မျိုးဗီဇ ဖော်ပြမှုတွေ ပြောင်းသွား တာလဲ ဖြစ်နိုင်တာ ပဲလို့ လေ့လာသူ တွေက ဆိုပါတယ်။


Images from healthyrecipesblogs, farm3.staticflickr, farm6.staticflickr. Source: livescience.com

Author Mai Shine
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...