အချိုမှုန့်နှင့် ကျန်းမာရေး အန္တရာယ်
Written by သိပ္ပံစာရေးဆရာ ကိုကိုအောင်
ယနေ့မျက်မှောက် စားသောက်ကုန် လောကတွင် ဟင်းလျာများကို အရသာ ထူးကဲစေသော ဟင်းခတ် အချိုမှုန့်များသည် အမှတ်တံဆိပ် အမျိုးမျိုး၊ ထုပ်ပိုးမှု ပုံစံ အမျိုးမျိုး၊ ဆွဲဆောင်မှု အမျိုးမျိုးဖြင့် ဈေးကွက် တစ်ခုလုံး၏ အဓိကကျသော အခန်းကဏ္ဍ၌ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလျက် ရှိနေကြသည်။ အချို့ သော အမှတ်တံဆိပ် များက အချိုမှုန့်ဟူ၍ လည်းကောင်း၊ ဟင်းချိုမှုန့်ဟူ၍ လည်းကောင်း အမည်တပ် ထားကြသလို . . . အချို့ကမူ အသားမှုန့် ဟူ၍ လည်းကောင်း၊ သဘာဝဟင်းခတ်မှုန့် ဟူ၍ ည်း ကောင်း ခေါ်ဝေါ်သုံးနှုန်းကာ ဈေးကွက်တင် ရောင်းချလျက် ရှိနေကြသည်။
ယင်းကဲ့သို့ အမည်နာမ အမျိုးမျိုးတပ်၍ ထုတ်လုပ်ရောင်းချနေကြသော ဟင်းခတ် အချိုမှုန့်များသည် မိသားစု တစ်စု၏ မီးဖိုချောင်တွင် မရှိမဖြစ် အရေးကြီးလှသော ဟင်းခတ်ပစ္စည်း တစ်ခုအဖြစ် ပိုင်ပိုင်နိုင် နိုင်နေရာ ယူထားကြသည်။ ၁၉၀၈ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် ပါမောက္ခတစ်ဦးက တီထွင်ကြံ ဆရှာဖွေဖော် ထုတ်ခဲ့သော ဓာတုပစ္စည်းတစ်မျိုးသည် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ဟင်းခတ်အချိုမှုန့် အဖြစ် ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများသည် ရှေးအစဉ် အဆက်ကပင် ဟင်းလျာနှင့် စားသောက် ဖွယ်ရာများကို အရသာထူးကဲစေရန်အတွက် ငါး၊ ပုစွန်၊ ငါးပိ၊ ဆား၊ ဟင်းသီးဟင်းရွက်တို့ ကိုသာသုံးစွဲပြီး ချက်ပြုတ် လာခဲ့ကြရာမှ ဓာတ်ခွဲခန်းတွင် ဖန်တီးပြုလုပ် ထားသည့် အချိုမှုန့်များကို ပြောင်း လဲသုံးစွဲလာခဲ့ကြသည်။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် စီးပွားရေးမြို့တော်များနှင့် အုပ်ချုပ် ရေးရုံးစိုက်ရာ မြို့ကြီးများတွင် အချိုမှုန့်ကို စတင်သုံးစွဲလာခဲ့ကြသည်။
ထိုစဉ်ကာလများက တစ်ဦးနှင့်တစ်ဦး လက်ဆောင်ပေးရာ၌ပင် အချိုမှုန့်အထုပ်ကြီးများကို ထူးကဲသော လက်ဆောင်ပစ္စည်းတစ်ခုအနေဖြင့် အသုံးပြုခဲ့ကြသည်။ ၁၉၇၅ ခုနှစ်ဝန်းကျင်တွင် မော်လမြိုင်-ရန် ကုန်မှောင်ခို ပစ္စည်းကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် အချိုမှုန့်ထုပ်များသည် ပမာဏအများ အပြား ဝင်ရောက်လာခဲ့သည်။
မြန်မာနိုင်ငံသားတို့သည် အချိုမှုန့်ကို စတင်စမ်းသပ် သုံးစွဲခဲ့ကြစဉ်က မြည်းစမ်းသည့်သဘောမျှသာ ရှိခဲ့ ကြပြီးဟင်းလျာများ ချက်ပြုတ်သည့်အခါတိုင်း အချိုမှုန့်ကိုအမြဲသဖြင့် သုံးစွဲခြင်းမရှိခဲ့ကြပေ။ အဆောတ လျင်ဖြင့် အလျင်အမြန်ချက်ပြုတ်ရန် လိုအပ်သော အခြေအနေမျိုး၌သာ အချိုမှုန့်ကို ယာယီအထောက် အကူ ပစ္စည်းတစ်မျိုးအဖြစ် အသုံးပြုခဲ့ကြပြီး ပုံမှန်အားဖြင့် ငါး၊ ပုစွန်၊ ငါးပိ စသည်တို့ကိုသာ ဟင်းခတ် ပစ္စည်း အဖြစ် အဓိကထား သုံးစွဲခဲ့ကြသည်။
သို့ရာတွင် တစ်နေ့တခြား လူဦးရေတိုးပွားလာခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာခြင်း၊ မိသားစု စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းလာရခြင်း၊ သွားလာရေးအတွက် အချိန်ပိုမိုပေးရ ခြင်း၊ သားငါးဈေးတည်နေရာများ ပိုမိုအလှမ်းဝေး လာခြင်းစသော အခြေခံအကြောင်းအရာများသည် အချိန်တို အတွင်း၌ အရသာရှိသော ဟင်းလျာ တစ်ခွက်ဖြစ်လာစေရေးအတွက် လက်တစ်ကမ်း၌ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်သော အချိုမှုန့်ကို အလေးထား သုံးစွဲရသည့် အခြေအနေ တစ်ရပ်ဆီသို့ တွန်းပို့ပေးခဲ့သည်။
မျက်မှောက်ကာလတွင် မြန်မာတစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်များ ရာနှုန်းပြည့်နီးပါးသည် အမည်အ မျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချနေကြသော အချိုမှုန့်များကို သုံးစွဲလျက် ရှိနေကြသလို အိမ်ထောင်စုများ အနေဖြင့်လည်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် အချိုမှုန့်နှင့် ဟင်းချိုမှုန့်များကို သုံးစွဲလျက်ရှိနေ ကြသည်။ အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံပြီးကျန်းမာရေးကို အလေးထား လိုက်စားသည့် အနည်း ငယ်မျှသာ မိသားစုအချို့တို့ကသာလျှင် အချိုမှုန့်နှင့် ဟင်းချိုမှုန့်များကို ရှောင်ရှားကြပြီး အများစုသော မိသားစုတို့သည် အချိုမှုန့်၏ သံသရာ စက်ဝန်းအတွင်းမှ ရုန်းမထွက်နိုင်ဘဲ ရှိနေကြသည်။
အချိုမှုန့်နှင့်တကွ အချိုမှုန့် ထည့်သွင်းပြုလုပ်ထားသော အသားမှုန့်နှင့် ဟင်းခတ်မှုန့်များကို ထုတ်လုပ် သူတို့က သဘာဝပစ္စည်း တစ်မျိုးအဖြစ် ပုံဖော်ပေးလျက်ရှိသည်။ အချိုမှုန့် သို့တည်းမဟုတ် အချိုမှုန့် ထည့်သွင်းပြုလုပ် ထားသော ဟင်းခတ်မှုန့် အမျိုးမျိုးတို့၏ ဓာတုဗေဒ အမည်မှာ မိုနိုဆိုဒီယမ်ဂလူတာ မိတ် (Monosodium Glutamate) ဖြစ်ပြီး ဂလူတာမစ်အက်စစ် (Glutamic Acid) မှတစ်ဆင့် ဓာတ်ခွဲ ခန်း နည်းပညာဖြင့် ဖန်တီးဖော်ထုတ်ထားခြင်း ဖြစ်သည်။
ဂလူတာမစ်အက်စစ်သည် ပရိုတင်းကြွယ်ဝသော အစားအစာများတွင် သဘာဝအလျောက် ပါဝင်နေ သည့် အမိုင်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ယင်းပစ္စည်းကို ပီလောပီနံ၊ ပြောင်းဖူး၊ သကာရည် စသည်တို့မှ လည်း မိုနို ဆိုဒီယမ်ဂလူတာမိတ်ကမူ ယင်းမှတစ်ဆင့် ဓာတ်ခွဲခန်းတွင် ဖန်တီးရယူ ထုတ်လုပ်သော သဘာဝလွန် ဓာတုပစ္စည်း တစ်မျိုးသာဖြစ်သည်။
ထို့ကြောင့်ပင် အချိုမှုန့်နှင့် ဟင်းချိုမှုန့်အမျိုးမျိုးတို့ကို ဟင်းလျာများ ချက်ပြုတ်ရာတွင် ထည့်သွင်းသုံးစွဲမှု ကာလကြာရှည် လာသည့်အခါ၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ ထုံကျဉ်ခြင်းစသော ဝေဒနာများဖြစ်ပွား လာနိုင်ကြောင်း ဆေး သိပ္ပံ ပညာရှင်တို့က သတိပေးထားကြသည်။
အလွန် ဆာလောင်မွတ်သိပ်နေချိန်မျိုး၌ တစ်နည်းအားဖြင့် အစာအိမ်အတွင်း အစာမရှိသည့်အခြေအ နေမျိုး၌ အချိုမှုန့်နှင့် ဟင်းချိုမှုန့်များကို လွန်ကဲစွာခတ်ထားသော စွပ်ပြုတ်၊ ဆန်ပြုတ်၊ ဟင်းချို၊ ကြေး အိုးစသော အစားအစာများကို စားသောက်မိပါက အချိုမှုန့်၏ဓာတ်တုံ့ပြန်မှုသည် ပိုမိုမြန်ဆန်ပြီး ဖော်ပြ ပါရောဂါ လက္ခဏာများကို ကြုံတွေ့ကြရနိုင်သည်။
တစ်ခါတစ်ရံ ခန္ဓာကိုယ်၏ တစ်နေရာရာ၌ မပြောပလောက်သော နာကျင်မှုများသည် ပေါ်လိုက်၊ ပျောက် လိုက်ဖြင့် မကြာခဏဖြစ်လေ့ဖြစ်ထရှိကြခြင်းမျိုးသည်လည်း အချိုမှုန့်စားသုံးမှု ပမာဏများပြား လာခြင်း၏ လက္ခဏာ တစ်ရပ်ပင်ဖြစ်သည်။ အချိုမှုန့်ပမာဏ အများအပြားခတ်ထားသော စားသောက် ဖွယ်ရာများကို အားပါးတရဖြင့် များများစားသုံးသည့် အခါမျိုး၌လည်း ပျို့အန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ နှလုံးခုန်မြန်ခြင်းများ ကို ခံစားကြရလေ့ရှိသည်။
မိုနိုဆိုဒီယမ်ဂလူတာမိတ်ခေါ် အချိုမှုန့်ကိုရေရှည် စားသုံးသူများတွင် အဖြစ်များလေ့ရှိသော ရောဂါတစ် မျိုးမှာ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာဖြစ်ပြီး အကယ်၍အချိုမှုန့်စားသုံးမှုကို လျှော့ချခြင်းမပြုပါက မကြာ ခဏဆိုသလို ခေါင်းတစ်ခြမ်း ကိုက်တတ်သည့် ဝေဒနာမှာ နာတာရှည်ရောဂါမျိုးကဲ့သို့ စွဲကပ်သွားနိုင် သည်။ အလားတူပင် မောပန်းလွယ်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ စိတ်ဓာတ် ကျခြင်းစသော ရောဂါဝေဒနာများ လည်းဖြစ် ပွားလာနိုင်သည်။
အလှူအတန်းကဲ့သို့သော လူအများအပြား စားသုံးရန် ချက်ပြုတ်သည့် အခါမျိုး၌လည်း အချိုမှုန့်နှင့် အချိုမှုန့် ပါဝင်သော အသားမှုန့်များ၊ ဟင်းအနှစ်မှုန့်များကို ပမာဏများများ သုံးစွဲချက်ပြုတ်ပါက စားသုံး သူများ အားအော့အန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ချည့်နဲ့ခြင်းစသည်တို့ကို ခံစားကြရစေနိုင်သည်။ အလှူအတန်းများ၌ စီစဉ်ချက်ပြုတ်ရသော ဟင်းလျာအမည် (မယ်)တို့မှာ များပြားရုံမျှမက၊ ဟင်းအမည် (မယ်) တစ်မျိုးချင်းစီကလည်း ပမာဏ များပြားသည့် အားလျော်စွာ၊ ဟင်းလျာချိုမြိန်စေရန် နှင့် စီမံချက်ပြုတ် ချိန် မြန်ဆန်စေရေးအတွက် အချိုမှုန့်ပမာဏ အများအပြားကို သုံးစွဲလေ့ ရှိကြသည်။
အချိုမှုန့်၏ သဘောသဘာဝမှာ မိမိကိုယ်တိုင်က အရသာအားဖြင့် အနည်းငယ်မျှသာ ရှိသော်လည်း ဟင်းလျာ များထဲသို့ ခတ်လိုက်သည့်အခါ ထိုဟင်းလျာများကို ထူးထူးကဲကဲ အရသာ ရှိသွားစေသည်။ ထို့ ကြောင့် အချိုမှုန့်သီးသန့်ကို သုံးစွဲသည်ဖြစ်စေ၊ အချိုမှုန့်ထည့်သွင်းပြုလုပ် ထားသော အသားမှုန့်များ၊ ဟင်းချိုခဲများ၊ ဟင်းချိုမှုန့်များ၊ ဟင်းခတ်အနှစ်မှုန့်များ စသည်တို့ကို သုံးစွဲသည်ဖြစ်စေ၊ ဟင်းလျာများကို ထူးကဲစွာ အရသာရှိသွားစေသလို၊ မူလပင်ရင်း ဓာတုပစ္စည်းဖြစ်သည့် အချိုမှုန့်၏ အာနိသင်နှင့် ဆက်စပ် ဆိုးကျိုးများကိုလည်း ခံစားရစေနိုင်သည်။
နောက်ဆုံး သုတေသနပြုထားချက်များအရ အချိုမှုန့်ခေါ် မိုနိုဆိုဒီယမ် ဂလူတာမိတ်သည် ဦးနှောက် ဆဲလ်များ ကို ပျက်စီးစေနိုင်သော အဆိပ်အတောက် တစ်မျိုးဖြစ်ကြောင်း တွေ့ရှိရသည်။ အချိုမှုန့်ကို ကာလကြာရှည်စွာ သုံးစွဲစားသုံး သွားမည်ဆိုပါက မှတ်ဉာဏ်ချို့ယွင်းသည့် ဝေဒနာကိုခံစားရနိုင် ကြောင်း ဆေးသိပ္ပံ ပညာရှင် တို့က သတိပေး ထားကြသည်။
မိုနိုဆိုဒီယမ် ဂလူတာမိတ်သည် ကာစီနိုဂျင်ခေါ် ကင်ဆာဖြစ်စေသည့် ဝတ္ထုပစ္စည်းတစ်မျိုးဖြစ်သော ကြောင့် အချိုမှုန့်ပမာဏ အများအပြားပါဝင်သည့် ဟင်းလျာများ၊ ဝက်ပေါင်ခြောက်များ၊ ကြက်သားပြား များ၊ အသားချောင်းနှင့်အတူ အသားလုံးများ၊ ဝက်အူချောင်းများနှင့် ကြက်အူချောင်းများ၊ တို့ဟူး ခြောက်ကြော်၊ အားလူးချောင်းကြော်၊ ငါးမုန့်ကြော်နှင့် အသင့်စားအသားကင်များ စသည်တို့ကို ရေရှည်စားသုံးသွားမည် ဆိုပါက ကင်ဆာရောဂါဝေဒနာများကို ခံစားကြရနိုင်သည်။
ယခုအခါ မိုနိုဆိုဒီယမ် ဂလူတာမိတ်ကို ထည့်သွင်းထားသော နို့နှင့်နို့ထွက် ပစ္စည်းများသည်လည်း စားသုံး သူတို့၏ လက်တစ်ကမ်းသို့ရောက်ရှိ လာနေပြီဖြစ်သည်။ သဘာဝနွားနို့ အနည်းငယ် မျှသာပါဝင် ပြီး မိုနို ဆိုဒီယမ်ဂလူတာမိတ်နှင့် မယ်လမင်းအမှုန့်များကို ထည့်သွင်းပြုလုပ် ထားသည့် အသင့်သောက် သုံးနိုင်သော နို့ဘူးများ၊ နို့ခဲများ၊ နို့မှုန့်များ၊ အာဟာရဖြည့်စွက် အစားအစာများ စသည်တို့သည် ကြော် ငြာ အားကောင်းကောင်းဖြင့် အများပြည်သူတို့ကို ဆွဲဆောင်လျက် ရှိနေကြသည်။
ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို မဆိုထားဘိ။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် နို့နှင့်နို့ ထွက် ပစ္စည်းအတုများကို တွင်တွင်ကျယ်ကျယ် ဈေးကွက်တင်ရောင်းချ လျက်ရှိနေကြသည်။ ထို့ကြောင့် ပင်လျှင် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ၌ မိုနိုဆိုဒီယမ် ဂလူတာမိတ်နှင့် မယ်လမင်းအမှုန့်များကို ရောစပ်ထည့် သွင်းပြုလုပ် ထားသည့် နို့နှင့်နို့ထွက်ပစ္စည်းအတုများကို အများပြည်သူအတွင်း ပျံ့နှံ့မသွားစေရန် အတွက်ရှာဖွေဖော်ထုတ် အရေးယူပြီး ဖျက်ဆီးပစ်သည့် သတင်းများကို နိုင်ငံတကာ သတင်းမျက်နှာစာများ ပေါ်၌ မကြာခဏ ဆိုသလို တွေ့မြင်နေကြရခြင်းဖြစ်သည်။
သဘာဝလွန် ဓာတုပစ္စည်းဖြစ်သော မိုနိုဆိုဒီယမ် ဂလူတာမိတ်ကို အခြေပြု၍ ထုတ်လုပ်ထားသည့် အချိုမှုန့်၊ ဟင်းခတ်မှုန့်၊ အသားမှုန့်နှင့် ဟင်းအနှစ်မှုန့်များကို လူအများက စွဲလမ်းနှစ်ခြိုက်စွာ သုံးစွဲနေ ကြသော်လည်း ယင်းတို့ကို ထုတ်လုပ်နေသူများကမူ လုံးဝစားသုံးခြင်း မပြုကြပေ။ အဘယ်ကြောင့် ဆိုသော် မိုနိုဆိုဒီယမ် ဂလူတာမိတ် ထုတ်ကုန်ပစ္စည်းဖြစ်သော အချိုမှုန့်အပါအဝင် အရသာမှုန့်အမျိုးမျိုး တို့၏ ဘေးထွက်ဆိုးကျိုးနှင့် ကျန်းမာရေး အန္တရာယ်များကို ထုတ်လုပ်သူတို့က ကောင်းစွာ သိရှိထားကြ သောကြောင့်ပင်ဖြစ်သည်။]
အမြင်လှသောအဖြူရောင် ပုံဆောင်ခဲ ကလေးများဖြစ်သည့် အချိုမှုန့်သည် ဟင်းလျာများကို အရသာ ထူးထူးကဲကဲ ရှိစေသော်လည်း အချိုမှုန့်ကြောင့် ရရှိခံစားကြရမည့် ဘေးအန္တရာယ်တို့ကမူ ကြောက်ခ မန်းလိလိထိတ်လန့်ဖွယ် ကောင်းလွန်းသည့်အတွက် အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသောပုဂ္ဂိုလ် တို့က အချိုမှုန့်ကို “ချိုမြိန်သောအဆိပ်” ဟုပင် တင်စားသုံးနှုန်းလေ့ ရှိကြသည်။
ထို့ကြောင့်ပင် ထုတ်လုပ် သူတို့ကိုယ်တိုင်က စားသုံးခြင်းမပြုသော အချိုမှုန့်နှင့် ဟင်းချိုမှုန့်များကို သုံးစွဲ နေကြ မည့်အစား ဟင်းလျာများချက်ပြုတ်ရာတွင် သဘာဝသကြားညို (Brown Sugar) ဆား၊ အသား၊ ငါးနှင့် ဟင်းခတ် အသီးအရွက်တို့ကိုသာ သုံးစွဲချက်ပြုတ် စားသောက်သွားကြခြင်း အားဖြင့် ကျန်းမာပျော် ရွှင်သော လူမှုဘဝကို တည်ဆောက်သွား သင့်ကြပေသည်။
မြန်မာ့အလင်းသတင်းစာ
အောက်တိုဘာ (၁၀) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+