အင်္ဂလိပ်စကားကို ခေတ်မီအောင် ပြုလုပ်နိုင်ရန် သင်ယူလေ့လာရန် အကြံပြုချက်များ
စာလုံး အသစ်တွေကို အမြဲပဲ ဖန်တီးနေခြင်း (သို့) တခြားဘာသာ စကားကနေပြီး ယူမွေးစားခြင်း တို့ကြောင့် အင်္ဂလိပ်ဘာသာစကားဟာ အမြဲတစေ ပြောင်းလဲနေပါတယ်။
စကားလုံးတွေဟာ အ၀တ်အစားတွေ လိုပါပဲ။ ခေတ်မီပြီး ရေပန်းစားလိုက်၊ ပြီးတော့မှေးမှိန် သွားလိုက်နဲ့ ဖြစ်နေတတ်ပါတယ်။ ဒီပြောင်းလဲမှု အားလုံးနဲ့ လိုက်မီအောင် ပြု လုပ်ခြင်း သည် ပျော်စ ရာကောင်းသော်လည်း စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။
အင်္ဂလိပ် ဘာသာ စကားမှာ စာလုံးပေါင်း တစ်သန်းရှိပြီး ဝေါဟာရ အများဆုံးရှိသော ဘာသာ စကားတစ်ခု ဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် စာလုံးပေါင်း တစ်သန်းရှိတဲ့ အထဲ ကမှ သာမန်ပညာတတ် လူတစ်ယောက် ဟာ စာလုံးပေါင်း ၂၀,၀၀၀ လောက်သာသိပြီး ထူးခြားတဲ့ စကားလုံးတွေကိုတော့ တစ်ပတ်မှာ အလုံးရေ ၂,၀၀၀ လောက်ပဲ သုံးဖြစ်ပါတယ်။
ဝေါဟာရတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ တခြားဘာသာစကားတွေက ငှားရမ်းထားတာပါ။ အထူးသဖြင့်တော့ လက်တင် စကားပါပဲ။ ဒါပေမဲ့ တခြားဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေနဲ့ ထိတွေ့မှု ပိုများလာတဲ့ အတွက် စကားလုံးအသစ်တွေကိုလည်း မွေးစားဖြစ်လာပါတယ်။ စာလုံးအသစ်တွေ ပြုလုပ်ရန်အတွက် လူတွေဟာ စကားလုံးတွေကို ပေါင်းစည်းခြင်း၊ တိုပစ်ခြင်း တို့ကြောင့် ဝေါဟာရ အရေအတွက်ကလည်း ပိုမို တိုးပွားလာပါတယ်။ (ဥပမာ- green နဲ့ house ကို ပေါင်းစပ်လိုက်တဲ့အတွက် greenhouse ဆိုတဲ့ စကားလုံးအသစ် ပေါ်လာသလို scrumptious (ချိုမြိန်သော) ကို တိုလိုက်တော့ scrummy (အရသာရှိသော) ဆိုတဲ့ စကားလုံး အသစ် ပေါ်လာပါတယ်။) နည်းပညာနဲ့ သိပ္ပံပညာ နယ်ပယ်တွေရဲ့ တွေ့ရှိချက် အသစ်တွေကလည်း စကားလုံး အသစ်များရရှိနိုင်တဲ့ ကြွယ်ဝသာ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။
စကားလုံး အသစ်တွေရဲ့ အဓိပ္ပာယ်ကို နားလည်ထားခြင်းသည် ဇာတ်လမ်းအသစ်တွေနဲ့ အင်္ဂလိပ် ယဉ်ကျေးမှုရဲ့ ပြောင်းလဲမှု ရေစီးကြောင်းတွေကို နားလည်ရန် အတွက် အထောက်အကူဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သင့်အင်္ဂလိပ်စကားကို ခေတ်မီစေနိုင်မယ့် နည်းလမ်းအချို့ကို အကြံပြုချက်အဖြစ် ဖော်ပြ လိုက်ပါတယ်။
- လူကြိုက်များတဲ့ ရုပ်မြင်သံကြား ဖျော်ဖြေမှုတွေနဲ့ ရုပ်ရှင်တွေကို ကြည့်ပါ။

စကားလုံး အသစ်တွေကို စပြီး ပွဲထုတ်တာကတော့ ရုပ်သံဇာတ်လမ်းနှင့် ရုပ်ရှင် စတဲ့ရုပ်မြင်နိုင်တဲ့ဆက်သွယ် ပြန်ကြားရေးတွေပဲ ဖြစ်ပါတယ်။ ရုပ်မြင်သံကြားဖျော်ဖြေမှုနှင့် ရုပ်ရှင် ဇာတ်လမ်းရေးသော ဇာတ်ညွှန်းရေး ဆရာများဟာ သူတို့ရဲ့ ဇာတ်ညွှန်း တွေဟာ သစ်လွင်ပြီး ဆွဲဆောင်မှုရှိစေရန်အတွက် ပေါ်ထွန်းစ စကားလုံးများကို အသုံးပြုကြပါတယ်။
- လူငယ်ထုအတွက် ရည်ရွယ်တဲ့ စာအုပ်များ၊ စာနယ်ဇင်းများကို ဖတ်ပါ။
နောက်ဆုံးပေါ် စကားလုံးတွေဟာ လူငယ်ပရိသတ်အတွက် ရည်စူးသတ်မှတ်ပြီး ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်တွေမှာ အများအားဖြင့် ဦးစွာ ဖော်ပြကြပါတယ်။ ထိုစကားလုံးတွေ ရဲ့ အသုံးအနှုန်းတွေ ပိုပြီးခိုင်မာ လာတဲ့ အခါကျမှ အများပြည်သူအတွက် ရည်ရွယ်တဲ့ ဆက်သွယ်ပြန်ကြားရေးတွေမှာ ဖော်ပြလာကြပါတယ်။ သင်စိတ်ဝင်စားပြီး လူငယ် စာဖတ်သူတွေ အတွက် အာရုံစိုက်ထားတဲ့ အကြောင်းအရာတွေကို မဂ္ဂဇင်းတွေ၊ အင်တာနက် ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေကြည့်ပါ။
- နည်းပညာနှင့် ဆက်စပ်နေသော ဝတ္ထုများနဲ့ စာအုပ်စာနယ်ဇင်းများကို ဖတ်ပါ။
Google မှာ စကားလုံးအသစ်များသည် နည်းပညာအသစ်နှင့် စွမ်းဆောင်နိုင်မှု အသစ်တို့ကို သရုပ် ဖော်ပြသော စကားလုံးတို့မှ အစပြုပါတယ်။ ကွန်ပျူတာဆိုင်ရာ၊ လျှပ်စစ် ဆိုင်ရာ၊ သိပ္ပံပညာဆိုင်ရာ တိုးတက်မှုနှင့်ဦးတည်ရာ နယ်ပယ်တို့ အမီလိုက်နိုင်ခြင်းက သင့်ရဲ့ အင်္ဂလိပ်စကားကို ခေတ်အမီဆုံးဖြစ်အောင် လုပ်ပေးမှာ ဖြစ်ပါတယ်။
- စကားလုံးအသစ်တွေကို ခြေရာခံတဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေထဲ ဝင်ကြည့်ပါ။
ရှာဖွေရေး အခေါ်အဝေါ်ဖြစ်တဲ့ “new English word” (သို့) “new words” တို့ကို အသုံးပြုပြီး အင်္ဂလိပ် ဘာသာစကားမှာ ထပ်ဖြည့်ထားတဲ့ စကားလုံးအသစ်တွေကို ရှာဖွေနိုင်ပါတယ်။ နောက်ရွေးချယ်စရာ တစ်ခုကတော့ အဘိဓာန် site တွေထဲ ဝင်ကြည့်ဖို့ပါပဲ။ အဘိဓာန် site အများစုကတော့ မကြာသေးမီကမှ အဘိဓာန်ထဲကို ထပ်ဖြည့်ထားတဲ့ စကားလုံးတွေကို တိုက်ရိုက်ဖော်ပြတဲ့ ကဏ္ဍတွေပါပါတယ်။
- သတင်းကို နားထောင်ပါ။
လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းအကြောင်းအရာတွေကို ဖော်ပြတဲ့အခါ သတင်းထောက်တွေဟာ စကားလုံးအသစ်တွေကို အသုံးပြုတတ်ကြပါတယ်။ နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံပညာနှင့် သက်ဆိုင်သော လတ်တလောဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်တဲ့ စကားလုံးအသစ်အဆန်းတွေကို သုံးကြတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီစကားလုံးတွေက ဒီအကြောင်းအရာတွေရဲ့ အခရာဖြစ်တဲ့ လူတွေရဲ့ စကားတွေကို ထင်ဟပ်နေလို့ပဲဖြစ်ပါတယ်။ “sister wife” ဆိုတဲ့ အသုံးအနှုန်းကို လေ့လာပါ။ ၎င်းစကားလုံးသည် မယားတွေ အများကြီးယူတဲ့ လူတစ်ဦးရဲ့ မယားအများထဲမှ တစ်ယောက်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ နောက် ဥပမာ တစ်ခုကို ဖော်ပြရမယ်ဆိုရင်တော့ တိုင်းပြည်တစ်ပြည်ရဲ့ စိုက်ပျိုးမွေးမြူရေးကို နှောင့်ယှက် (သို့) ဖျက်ဆီးသော အကြမ်းဖက်သမားတွေရဲ့ လုပ်ဆောင်ချက်တွေကို သရုပ်ဖော်တဲ့ စကားလုံး “agroterrorism”ပဲ ဖြစ်ပါတယ်။
မှန်ကန်တဲ့နေရာတွေမှာ ရှာဖွေကြည့်မယ်ဆိုရင်တော့ သင့်ရဲ့ အင်္ဂလိပ်စကားကို ခေတ်မီအောင် ပြုလုပ်ရတာ လွယ်ကူပါတယ်။ သင့်ဝေါဟာရတွေထဲမှာ စကားလုံး အသစ်တွေ ပါဝင်လာနိုင်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့နည်းတွေကိုသာ ကျင့်သုံးကြည့်မယ်ဆိုရင် သင့်အနေဖြင့် အင်္ဂလိပ်ဝေါဟာရ စာရင်းထဲမှာပါရှိတဲ့ သစ်လွင်ပြီး လတ်ဆတ်တဲ့ စကားလုံးအသစ်တွေ ရရှိနိုင်မှာဖြစ်ပါတယ်။
Eslteachersboard.com မှ Keep Your English Up to Date - Learning Tips ကို ကောက်နုတ် ဘာသာပြန် ဆိုထားတာဖြစ်ပါတယ်။

Internet Journal
http://www.internetjournal.media/article/2555
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Y220-U10 Official Firmware Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) အခွန်ဘာကြောင့် ဆောင်ကြသလဲ အခွန်ဘာကြောင့် ရှောင်ကြသလဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း