ကလေးတွေ ကျောင်းနောက်ကျရင် မိဘတွေကို အပြစ်ပေးမယ့် ဥပဒေ
ကျောင်းနေ အရွယ် ကလေးငယ်တွေ မကြာခဏ ကျောင်းနောက်ကျမယ် ဆိုရင် မိဘတွေကို အပြစ်ပေးဖို့ အင်္ဂလန်အရှေ့တောင်ပိုင်းက ဟမ့်ရှိုင်းယားပြည်နယ်မှာ ဥပဒေထုတ်လိုက်ပါတယ်။ ကလေးငယ် တစ်ယောက်က မကြာခဏ ကျောင်းနောက်ကျခဲ့ မယ်ဆိုရင် မိဘတွေက စတာလင်ပေါင် ၆၀ လောက် ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။
ကျောင်းက ပထမဆုံး အကြိမ်ချမှတ်လိုက်တဲ့ ဒဏ်ငွေကို ၂၁ ရက်အတွင်း မပေးဆောင်ဘူးဆိုရင် ဒဏ်ငွေက နှစ်ဆ မြင့်တက်သွား မှာဖြစ်ပါတယ်။ ဒါကိုမှ လုံးဝ ဒဏ်ငွေမဆောင်ပဲ ကျောင်းသားမိဘတွေက ပျက်ကွက်နေမယ် ဆိုရင်တော့ ထောင်ဒဏ်အထိ အရေးယူခြင်း ခံရနိုင်ပါတယ်။ ကျောင်းတက်နှစ် တစ်နှစ်အတွင်းမှာ ကလေးငယ်တစ်ဦးက ဆယ်ကြိမ်ထက်ကျော်လွန်ပြီး ကျောင်းနောက်ကျ ခဲ့မယ်ဆိုရင် ကလေးငယ်ရဲ့မိဘက ဒီဒဏ်ငွေကို ပေးဆောင်စေဖို့ ပြည်နယ်ကောင်စီ တာဝန်ရှိသူတွေက ဥပဒေထုတ်ထား တာဖြစ်ပါတယ်။
ငွေကြေးဒဏ်ငွေ ချမှတ်တဲ့ကိစ္စဟာ တစ်ချို့မိဘတွေအတွက် အခက်အခဲဖြစ်စေနိုင်တဲ့ အရာဖြစ်လို့ ဒီဥပဒေကို ဝေဖန်တဲ့ကျောင်းသား မိဘတွေလည်း ရှိနေပါတယ်။ ပြည်နယ်အတွင်းက ကျောင်းတွေမှာ ကလေးငယ်တွေ ကျောင်းပျက်ကွက်မှုနဲ့ နောက်ကျမှု များလာတဲ့အတွက် ဒီလိုဥပဒေ ထွက်လာ ခဲ့တာဖြစ်ပါတယ်။ ဟမ့်ရှိုင်းယား ပြည်နယ်အတွင်းမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၅၀၀ လောက် ရှိပါတယ်။
Ref - dailymail

Planet Myanmar News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) တနင်္ဂနွေည ရောက်လာပြီဆိုတာ သိလိုက်ရတဲ့အခါ... Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review