နှုတ်ခမ်းတ၀ိုက် အရေးအကြောင်းများကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း
ကျား/မအားလုံး အရွယ်ရလာတာနဲ့ အမျှ နှုတ်ခမ်းသား တ၀ိုက် အရေးအကြောင်းများတွန်
့လာတတ်တာ ဓမ္မတာပါ။ အလှကုန် ဈေးကွက်မှာ အရေးအကြောင်းပြေပျောက်စေတဲ့
မျက်နှာလိမ်း ကရင်မ် မျိုးစုံ ရှိသော်လည်း၊ တာရှည်ခံအောင် ဓာတု ပစ္စည်းများဖြင့်
ပြုပြင်ထားလို့  တခါတရံ အရေပြားဓာတ်မတည့်မှု များလည်း ကြုံတွေ့ နေကြရပါတယ်။
အဲဒီလို ဘေးထွက် ဆိုးကျိုးတွေမကြုံ ရလေအောင်
မိမိလက်တကမ်းမှာ လွယ်လင့်တကူ ရနိုင်ပြီး၊
ငွေကုန်သက်သာ/ အာနိသင်ထူးတဲ့ သဘာဝနည်းလေးများဖြင့် အောက် ပါအတိုင်း
စမ်းသပ်ကြည့်ကြပါစို့ လားရှင်။
(၁) အရေပြားပေါ်ရှိ ၀က်ခြံ၊ အရေးအကြောင်း၊ ကြွက်နို့ ၊ အသားမာ စသည်တို့ အတွက် ဌက်ပျောသီး နှင့် ဌက်ပျောခွံများကို ရှေး ရာစုနှစ်ပေါင်းများစွာကတည်းက အားထားလာခဲ့ကြပါတယ်။ ခုလို နှုတ်ခမ်းတ၀ိုက် အရေးအကြောင်း များအတွက် ဌက်ပျောသီး မှည့်မှည့်အနှစ်သားများကို တမျက်နှာလုံး(နှုတ်ခမ်းသား တ၀ိုက် ခပ်ထူထူ)လိမ်းပြီး၊ နာရီဝက်အကြာ ရေနွေးနွေးလေးဖြင့်ဆေး ကြောလိုက်ရုံပါဘဲ။
(၂) မျက်နှာ နှင့် နှုတ်ခမ်းတ၀ိုက် အရေးကြောင်းအတွန့့်များအတွက် အုန်းဆီက အကောင်းဆုံးသမားတော်ပါဘဲ။ အုန်းဆီက အ ရေပြားတစ်ရှုးများကို ပြန်လည်ပြုပြင်တည်ဆောက်ပေးတာကြောင့် အရေးအကြောင်းများကိုပြေပျောက်စေရုံသာမက၊ အစိုဓာတ် ထိန်းပေးကာ၊ ပိုးသားလေးလို နူးညံ့ချောမွတ်ပြီး အရွယ်တင်နုပျိုလာစေမှာဖြစ်ပါတယ်။
(၃) အနီရောင် အရည်ထွက်ရှိသော မုန်လာဥနီအလုံး (ခေါ်) သကြားမုန်လာ(ခေါ်)beet root က DNA ကို သဘာဝနည်းကျကျပြု ပြင်ပေးလို့ ၊ မျက်နှာအရေး အကြောင်းများအတွက် ဆေးဘက်ဝင် လှပါတယ်။ အဲဒီသကြား မုန်လာအရည်ကို နှုတ်ခမ်းသားတ၀ိုက် အသာအယာ ပွတ်လိမ်းပေးပါ။ ခြောက်သွားရင် နောက်ထပ် လိမ်းပေးလိုက်ပါဦး။ တစ်နေ့ လျှင် ၁၀မိနစ်မျှ ၁-လခန့် လိမ်းပြီး နောက်မှာတော့ သိသိသာသာ အကျိုးအာနိသင် ခံစားနိုင်ပါတယ်။ *(အကယ်၍ သကြားမုန်လာ မရှိပါက၊ ပုံမှန်မုန်လာဥနီကို သုံးနိုင်ပါတယ်။ မုန်လာဥနီထဲရှိ သဘာဝဗီတာမင်အေ ကလည်း အရေပြား အိုမင်းရင့်ရော်ခြင်းကို ကောင်းကျိုးပြုပါတယ်) *
(၄) နာနတ်သီးထဲရှိ ရှားရှားပါးပါး bromelain အင်ဇိုင်းက အရေပြားအပေါ်ယံ လွှာများကို ဘေးဥပါသ်ကင်းဝေးစွာဖြင့် အချပ်လိုက် အလွှာလိုက် ကွာကျစေပြီး၊ အရည်ပြား အသစ်ပြန်လည် တည်ဆောက်ပေးလို့  အရွယ်တင်နုပျိုစေပါတယ်။ နှုတ်ခမ်းတ၀ိုက် အပါ အ၀င် မျက်နှာတစ်ပြင်လုံး နာနတ်ရည် လိမ်းပေးပြီး၊ ၁၅မိနစ်လောက် စကားလုံးဝ မပြောဘဲငြိမ်ငြိမ်လေးနေပါ။ ပြီးရင် ရေခပ်နွေး နွေးဖြင့်ဆေးချပါ။
(၅) သဘာဝ ပျားရည်စစ်စစ်က အရွယ်တင်နုပျိုစေတာ အားလုံး သိပြီးဖြစ်မှာပါ။ ဦးစွာ မျက်နှာပေါ် ရှိချွေးပေါက်များပွင့်သွားအောင် ရေနွေးဖြင့် မျက်နှာသစ်ပါ (ရေနွေးပွက်ပွက်ဆူမဟုတ်ပါ) ပြီးရင် မျက်နှာကိုရေ မသုတ်ဘဲ ပျားရည်ဖြင့် အသားထဲစိမ့်ဝင်အောင် လိမ်းပါ။ နာရီဝက်ခန့် အကြာမှာတော့ ရေအေးအေး (သို့ မဟုတ်)ရေခဲရေဖြင့် မျက်နှာသစ်ပါ။ သက်ရှိသတ္တ၀ါအားလုံးတိုင်း ဇရာကိုအံတု၍ မရနိုင်သော်ငြား၊ အထက်ပါ ရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းများဖြင့် အရွယ်တင်နုပျို ကြပါစေကြောင်း။
(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဓါတ္ပံုတစ္ပံု၏ ဖွဲ့စည်းပုံ နှင့်ပတ်သက်၍ သုံးသပ်ခြင်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) ဒူးရင်းသီး နှင့် ကျန်းမာရေး Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)