မုန်လာဥနီဖျော်ရည် ဘာကြောင့်သောက်သင့်သလဲ
မုန်လာဥနီမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ဓာတ်တိုးဆန့် ကျင် ဂုဏ်သတ္တိတြွေ ကွယ်ဝတာ ကြောင့် နေ့စဉ်စားသောက်မှုပုံစံ ထဲမှာ ထည့်သွင်း ထားဖို့လိုအပ် သလို အမျိုးမျိုးအဖုံဖုံလုပ်ဆောင် စားသောက်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် အထိရောက် ဆုံးဖြစ်စေ တာကတော့ ဖျော်ရည်လုပ်ပြီးသောက် သုံးခြင်းပါပဲ။ ဘယ်လိုကောင်း ကျိုးတွေ ရရှိနိုင် လဲဆိုတာ သိထားဖို့ ဖော်ပြပေး လိုက်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝတာ ကြောင့် အစာချေဖျက်မှုကောင်း စေတဲ့အပြင် အသည်းကျန်းမာ ရေးအတွက်လည်း ကောင်းကျိုး ပြုပါတယ်။ မုန်လာဥနီဖျော်ရည် မှာ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ဗီတာမင် အေ၊ စီ၊ အီး၊ ကေတို့ပါဝင်ပြီး ကိုယ်ခံစွမ်းအားကောင်းစေတာ ကြောင့် အအေးမိ၊ တုပ်ကွေး၊ ချောင်းဆိုးမဖြစ်အောင် ကာကွယ် ပေးပါတယ်။
ဒါ့အပြင် ကင်ဆာဆဲလ်တွေ မဖြစ်ပွားအောင်လည်း ကာကွယ် ပေးနိုင်သလို ဆဲလ်တွေပျက်စီး ခြင်းမှလည်း ကာကွယ်ပေးပါ တယ်။ မုန်လာဥနီဖျော်ရည်မှာ ကယ်လိုရီပမာဏလည်းနည်းတာ ကြောင့် ကိုယ်အလေးချိန်လျှော့ လိုသူတွေအတွက် အကောင်းဆုံး အဖော်မွန်ပဲဖြစ်ပါတယ်။ ဒါတင် မက မျက်စိကျန်းမာရေးကောင်း စေပြီး အမြင်အာရုံစူးရှစေနိုင်ပါ တယ်။
အဆစ်အမြစ်နာကျင်၊ ကိုက်ခဲတာတွေနဲ့ ရောင်ရမ်းတာ တွေကိုလျော့ပါးသက်သာစေ သလိုအဆစ်ရောင်နာနဲ့ အရိုးဆိုင် ရာရောဂါတွေကို သက်သာစေပါ တယ်။ မုန်လာဥနီမှာပါတဲ့ ပိုတက်ဆီယမ်က နှလုံးသွေးကြောအဖွဲ့အစည်းအတွက် ကောင်းကျိုးပေးပြီး သွေးတွင်း ကိုလက်စထရောအဆင့်ကို ထိန်း ညှိပေးနိုင်ပါတယ်။ နှလုံးကြွက် သားနဲ့ခန္ဓာကိုယ်က တခြားသော ကြွက်သားတွေ ပုံမှန်အလုပ်လုပ် စေဖို့လည်း ကူညီပေးပါတယ်။
အလုပ်တွေများပြီး စိတ်ဖိစီး နေရင်လည်း မုန်လာဥနီဖျော် ရည်လေးသောက်လိုက်ခြင်းဖြင့် လန်းဆန်းတက်ကြွပြီး စိတ်ဖိစီးမှု တွေဖယ်ရှားပေးနိုင်ပါတယ်။
—Ref: healthdigezt

7Day Daily
http://7daydaily.com/story/37238#.VVWF1JOYrdU
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သံုးၿပီးသား လက်ဖက်ခြောက် အိတ်လေးတွေရဲ့ အံ့ဖွယ် အသုံးဝင်ပုံ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဆီးချိုရောဂါ ရှင်များအတွက် အကောင်းဆုံး အသီးအနှံများ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'