သရက်သီး အစိမ်းသနပ် စပ်စပ်လေး

***... သရက်သီး အစိမ်းသနပ် စပ်စပ်လေး အတွက် လိုအပ်တာလေးတွေ…
1. သရက်သီး အကြီး – ၁ လုံး (600 g ခန်.)
2. ကြက်သွန်ဖြု – ၅ တက်ခန်. (၄ ပိုင်းခန့်ဖြတ်ပြီး လှီးထားပါ။)
3. 1 clove (လေးညှင်း)
4. 3 black peppercorns (ငရုတ်ကောင်း)
5. 1/4″ cinnamon stick (သစ်ဂျပိုး)
6. 14 methi seeds (fenugreek seeds) (ပဲနံ့သာစေ့)
7. ဆား – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
8. ဆီ (Vegi oil) – 1/2 cup (125 ml)
9. နနွင်းမှုန်. – လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
10. hing – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံ
11. chilli powder – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (ငရုတ်သီးအကြမ်းမှုန်. မဟုတ်ပါ။)
12. အရောင်တင်မှုန်. – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
13. yellow crushed mustard seeds (အဝါရောင် မှုန်ညင်းစေ့) – ထမင်းစားဇွန်း ၁ ဇွန်း (ကျွန်မကတော့ crushedလုပ်ထားတာ ဝယ်မရလို. ငရုတ်ကျဉ်ပွေ့ဖြင့် ဖိကြိတ်ပြီး လုပ်လိုက်ပါတယ်။)
#. ရေဆေးထားသော သရက်သီးကို မခွံမခွာပဲ လက်မတစ်ဆစ်ခန်. အတုံးလေးများ လှီးထားပါ။ (၁၅ နာရီခန်.ကြိုလှီးထားပြီး ပန်းကန်ပြားလေးထဲ ထည့်ကာ အနည်းငယ်နွမ်းအောင် ထားပါ။ နေပူမလှမ်းရန် မလိုပါ။)
#. clove, cinnamon stick, black peppercorns နှင့် fenugreek seeds ကို ဒယ်အိုးထဲထည့်ပြီး အရောင်ပြောင်းလာသည်အထိ လှော်ပေးပါ။
#. အရောင်ပြောင်းလာလျှင် အမှုန်.ဖြစ်အောင်ထောင်းထားပါ။ (မာဆလာ လုပ်တာပါ။)
#. ဆီများကို အိုးတစ်အိုးထဲထည့်ပြီး အပူပေးထားပါ။ အငွေ.ထွက်လာလျှင် မီးဖိုမှဖယ်ထားပါ။
#. ဆားကို လှော်ပေးပါ။ ရွှေဝါညိုရောင်ဖြစ်လာလျှင် ပန်းကန်တစ်ခြပ်ထဲပြောင်းထည့်ကာ အအေးခံထားပါ။
#. မီးဖိုမှ ဖယ်ထားသောဆီ အတော်နွေးနွေးဖြစ်လျှင် နနွင်းမှုန်. နှင့် hingကို ထည့်မွှေကာ ဆက်ပြီး အအေးခံထားပါ။(ဆီအရမ်းအေးမှ မထဲ့ပါနှင့်။)
#. chilli powder, အရောင်တင်မှုန်.၊ ထောင်းထားသော မာဆလာ၊ လှော်ထားသောဆား (အေးနေဖို.လိုပါတယ်)၊ yellow crushed mustard seeds တို.ကို ဇလုံတစ်လုံးထဲ ထည့်ပြီး ရောထားပါ။
#. ပြီးလျှင် အေးသွားသောဆီကို ထည့်ပြီး ထပ်ရောမွှေပေးပါ။
#. ကြက်သွန်ဖြူ နှင့် သရက်သီးများထည့်ကာ အားလုံးနှံ့သွားအောင် မွှေရောပေးပါ။
#. glad wrap နှင့် လေလုံအောင် ၂ ထပ်ဖုံးပေးပါ။
#. အိုးအဖုံးတစ်ခုနှင့် ထပ်ဖုံးကာ မှောင်နေသောနေရာတစ်ခုမှာ ၂ ရက်ထားပါ။
#. ၂ ရက်ကြာလျှင် အားလုံးနှံ.သွားအောင် ဇွန်းလေးနှင့် ပြန်မွှေပြီး သန်.သော လေလုံပုလင်းထဲ ထည့်ပါ။
#. ကြာကြာသိမ်းမည့်ဗူးကို glad wrapနှစ်ထပ်ခံပြီး ဖုံးပါ။
#. ဗူးများကို မှောင်သောနေရာမှာ ၃ ရက်ခန်. ထပ်ထားပြီးလျှင် စပြီး စားလို့ရပြီဖြစ်သလို၊ ရေခဲသေတ္တာထဲထည့်ပြီး သိမ်းနိုင်ပါပြီ။
(ခပ်နွမ်းနွမ်းကြိုက်လျှင် အပြင်မှောင်သောနေရာမှာ ၄ ရက်ထားပါ။)
#. ကျွန်မကတော့ ကြွပ်တာကို ပိုကြိုက်တာမို. ၄ ရက်ပြည့်တာနဲ. စပြီး စားပါတယ်။
#. ရာသီဥတုအပူရှိန် မတူနိုင်ကြတာကြောင့် ထားရမယ့်ရက် အနည်းငယ် ကွာခြားနိုင်ပါတယ်။
Credit;https://www.facebook.com/ChawSusFoodFriends
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) အမှားကြောက်ရောဂါ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်