ကျောင်းနေစအရွယ် ကလေးများအတွက် ဘာတွေပြင်ဆင်ပေးရမလဲ
ရာသီစက်ဝိုင်းဟာ တစ်ဖြည်းဖြည်း လည်ပတ်နေခဲ့ရာ အခုဆိုရင် ပူပြင်း တဲ့နွေကာလတို့အဆုံးသတ်လဖြစ်ရာ မေလ ကိုရောက် ရှိနေပြီဖြစ် ပါတယ်။ မေလကုန်လွန်ပြီး ဇွန်လရောက်ပြီဆိုရင် ကလေးတို့ရဲ့ စာသင်ကျောင်းကြီး ဟာလည်း ပြန်လည် ဖွင့်လှစ်ပြီဖြစ်သလို ရဲရဲတောက်တဲ့ စိန်ပန်းတို့ ဟာလည်း အပြိုင်ဖူး ပွင့်ကြတော့ မှာဖြစ်ပါတယ်။ နီရဲနေတဲ့ စိန်ပန်းတွေ လှိုင်လှိုင်အောက်မှာ ဖြူစိမ်းရောင်လေးတွေဟာလည်း သက်ဝင် လှုပ်ရှားလာကာ လောက တစ်ခွင်လုံးဟာ တကယ့်ကို သာယာ လှပနေတော့ မှာဖြစ်ပါတယ်။ အထူးသဖြင် ကျောင်းဖွင့်တဲ့ အချိန်ဟာ တက်သစ်စ ကလေးတို့နဲ့ မိဘတို့ရဲ့ ရင်ခုန်သံများတဲ့ ကာလလည်းဖြစ်ပါတယ်။ မိဘတွေဟာ မိမိတို့ရဲ့ကလေး ကျောင်းစနေတဲ့ အချိန်ကာလမှာ မိမိတို့ရဲ့ကလေး ကိုယ်စိတ်နှစ်ပါး အဆင်ပြေစေဖို့ လိုလားကြပါတယ်။ ဒါကြောင့် ကျောင်းစနေမယ့် ကလေးတို့ ကျောင်းဖွင့်ကာလကို အသား ကျကျဖြတ်ကျော်နိုင်ဖို့ ကျောင်း မနေခင်မိဘတို့အနေနဲ့ ပြင်ဆင်ထားနိုင်တဲ့ နည်းလမ်းတစ်ချို့ ကိုဖော်ပြပေး လိုက်ပါတယ်။
ကလေးနဲ့အတူ ကျောင်းကို သွားရောက်လေ့လာ ထားခြင်း
ကလေးနဲ့အတူ ကျောင်းကို သွားရောက်လေ့လာ ထားပြီး ကျောင်းဧရိယာအတွင်း လိုအပ်တဲ့နေရာလေးတွေကို လိုက်လံပြသပေးထားခြင်းဟာ ကလေး အတွက် တကယ့်အထောက် အကူပြုစေမှုတွေ ဘဲဖြစ်ပါတယ်။ ဒီနေရာလေး ကအိမ်သာဖြစ်ပြီး ၊ ဒီနေရာလေးမှာတော့ ကလေး မုန့်ဝယ်လို့ရတယ်၊ ဒါကတော့ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ကြီး ကစားမယ့်ကစားကွင်း အစရှိသဖြင့် လိုက်ပြပေးထားခြင်းဟာ ကလေးအတွက် အစိမ်းသက်သက် မဖြစ်နေစဘဲ ကျင့်သားရနေစေဖို့ အထောက်အကူပြုပါတယ်။
ဆရာမတွေနဲ့ တွေ့ဆုံရင်းနှီးပေးထားခြင်း
ကလေး တက်ရမယ့်ကျောင်း က ဆရာ၊ဆရာမတွေနဲ့ တွေ့ဆုံနှုတ်ဆက်ပြီး ရင်းနှီးမှုပြုထားခြင်းဟာလည်း ကလေးကို ခွန်အားဖြစ်စေဖို့တွန်းအားဖြစ်သလို ဆရာမနဲ့တွေ့တဲ့အခါ ယဉ်ကျေးလိမ္မာစွာ နှုတ်ဆက်ပြုမှုပုံတွေကိုလည်း သင်ပေးထားခြင်းဖြင့် ကလေးအတွက် ကြုံတွေ့ရမယ့်အနေအထား တစ်ခုအပေါ် သဘောပေါက်နားလည်စေဖို့ အထောက်အကူတစ်ခုဘဲဖြစ်ပါတယ်။
ကလေးအတွက် ကျောင်းသုံးပစ္စည်းကိရိယာတွေကို အတူတကွသွားရောက်ဝယ်ယူခြင်း
ကလေး ကျောင်းတက်ဖို့အတွက် ကျောင်းသုံး ပစ္စည်းလေးတွေ၊ ကျောင်းဝတ်စုံလေးတွေ၊ ဖိနပ်လေးတွေ၊ ထမင်းဘူးလှလှလေးတွေကို မိခင်နဲ့အတူတကွ သွားရောက် ဝယ်ယူခြင်းဖြင့် ကလေးအား ပျော်ရွှင်စေသလို ကလေးရဲ့စိတ်ထဲမှာ ကျောင်းတက်ရမယ်ဆိုတဲ့ နားလည်မှုတစ်ခု ရရှိစေဖို့ အထောက်အကူပြုစေ မှာဖြစ်ပါတယ်။
ကလေးအား သိမှတ်စရာများကို သင်ပေးထားပါ
ကလေးအား မိမိနာမည်ကို ပီသစွာ ပြောတတ်အောင် သင်ပေးထားခြင်း ၊မိမိနာမည်အား ရေးသားထားခြင်းကို မှတ်မိအောင်လေ့ကျင့်ပေးထားခြင်း၊ အက္ခရာစာလုံးတွေ ၊ ကဗျာလေးတွေကို ပီသရှင်းလင်းစွာ ဆိုရွတ်တတ်အောင် သင်ပေးထားခြင်း ၊ အိမ်သာ ဘယ်လိုသွားရမယ် ဆိုတာကို သင်ပေးထားခြင်း ၊အစာမစားခင်နဲ့ အစာစားပြီးတိုင်း လက်ကိုစင်ကြယ်အောင် ဆေးတတ်ဖို့ လေ့ကျင့်ပေးထားခြင်း ၊ အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်တတ်ဖို့ လေ့ကျင့်ပေးထားခြင်း အစရှိတဲ့ သင်ကြားလေ့ကျင့်ပေး ထားခြင်းဟာလည်း ကလေး ရဲ့ပတ်ဝန်းကျင် အသစ်မှာ အလေ့အကျင့်ဖြစ်နေစေဖို့ အထောက်အကူပြုခြင်း တစ်ခုဖြစ်ပါတယ်။
အဓိကအားဖြင့် မိခင်တို့အနေနဲ့ ကလေးအားကျောင်းပို့တဲ့အခါ ကလေးသွားရမယ့် ကျောင်းပတ်ဝန်းကျင်ဟာ သူငယ်ချင်း အသစ်တွေနဲ့ ပျော်ရွှင်စရာ ကစားကြရမယ့်နေရာ၊ သူငယ်ချင်းတွေနဲ့အတူတူ ပျောရွှင်စွာ စာတွေရေး၊ ကဗျာတွေဆိုရမယ့်နေရာတစ်ခု အဖြစ်တကယ့်ပျော်ရွှင်ဖွယ်နေရာလေး တစ်ခုဖြစ်တယ်ဆိုတာ ပြောဆိုပေးထားခြင်းဖြင့် ကလေးတို့အတွက် ကြောက်စိတ်တွေ ကင်းဝေးပြီး တက်ကြွရွှင်လန်းနေစေ မှာဖြစ်ပါတယ်။
Yangon Life
http://yangonlife.com.mm/mm/article/13793
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အင်္ဂလိပ်စကားပြော စွမ်းရည် တိုးတက်စေဖို့ နည်းလမ်းများ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) သင့်ရဲ့စိတ်အစွမ်းက တန်ခိုးထက်တာ သင်သိပါသလား Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review