တလာဗီးယား ငါးကင်နှင့် မရမ်းပြားဆော့
တလာဗီယားငါးကို တရုတ်အမွှေးအကြိုင်၊ ငါးငံပြာရည်၊ ကြက်သွန်ဖြူ၊ ပူစီနံတို့ဖြင့် ရောနုယ်ပြီ ကင်ထားတာပါ။ ပြီမှ မရမ်းပြားရည်နဲ့ လုပ်ထားသော ဆော့လေးနဲ့ တွဲဖက် သုံးဆောင်ရတာပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူကင်ကြည့်ရအောင်…
ငါးကင်ရန် ပါဝင်ပစ္စည်းများ
တလာဗီးယားငါး(သို့)ငါးလိပ်ကြောက်(သို့)ငါးလိပ်စွန် – ၁ကောင် (ကြေးခွံဖယ်ပြီ ငါးကို သန့်စင်ထားပါ)
ကြက်သွန်ဖြူ – ရမွှာ
ပူစီနံ – လက်တဆုတ်စာ
ဂျင်း – လက်တဆစ်
တရုတ် မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ငါးငံပြာ၇ည် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆော့တွင် ပါဝင်ပစ္စည်းများ
မရမ်းပြား – ၃ပြား (ထောင်းပြီ အရည်ညှစ်ပေးပါ)
ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
ငရုတ်သီးစိမ်း – ၃တောင့် (ပါးပါးလှီးပါ)
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ဆော့ပြုလုပ်နည်း
၁။ ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (မရမ်းပြားရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငါးငံပြာရည်) အားလုံးကို ခွက်တစ်ခုထဲတွင် ရောမွှေထားပါ။
ကင်နည်း
၁။ အရင်ဆုံး ငါးကို သန့်စင်ပြီ ဓားဖြင့် မွှန်းပေးပါ။
၂။ ပြီလျှင် ငါးကို (တရုတ်မဆလာ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငါးငံပြာရည်)တို့ဖြင့် သမအောင်ရောနုယ်ထားပါ။
၃။ ပြီနောက် ဆုံထောင်းထဲ (ပူစီနံ၊ ကြက်သွန်ဖြူ၊ ဂျင်း)တို့ကို ရောထောင်းပေးပြီ ငါးဗိုက်ထဲ တ၀က်ကို အစာသွပ်ပေးပါ။
၎။ ကျန်(ပူစီနံ၊ ကြက်သွန်ဖြူ၊ ဂျင်း) ရေထောင်း တ၀က်ကို ငါးကို သမအောင် ရောနုယ်လိုက်ပါ။
၅။ ထို့နောက် သတ္တုပြား(Aluminum Foil) အုပ်ပြီ မီးကင်ပြီးကို ဆီသုပ်ပြီ တဖက် ၁၅မိနစ်-မိနစ်၂၀ခန့် ငါးအသားကျက်သည်အထိ ကင်ပေးပါ။
၆။ ငါးအသားကျက်ပြီဆိုလျှင် မရမ်းပြားဆော့လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ..
Credit; Wutyee Food House
--------------------------------------
- (အရှေ့သို့) နံရိုးပေါင်း ခေါက်ဆွဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ကြက်ဥ မဆလာ ဟင်းလျာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း