ဓါတ်ပုံတစ်ပုံ၏ ဖွဲ့စည်းပုံ နှင့်ပတ်သက်၍ သုံးသပ်ခြင်း
(Rules of photo compositions and why they work )
စကားဦး
ဓါတ်ပုံတစ်ပုံ၏ ဖွဲ့စည်းမှု ( Composition ) နှင့်ပတ်သက်၍ မှတ်စု (၅) ခု လောက်ကို ဘာသာပြန် ကာ ရေးခဲ့ပါသည်။ အဆိုပါ မှတ်စုများ မှာ ဓါတ်ပုံ တစ်ပုံ၏ ဖွဲ့စည်းပုံ နှင့် ပတ်သက်သည့် နည်းနာ နိသယ ( Rules ) များ သာ ဖြစ်ပါသည်။ ဥပမာ အားဖြင့် Rule of Thirds မှ အစ Leading Lines များအဆုံး ဓါတ်ပုံ တစ်ပုံ၏ ဖွဲ့စည်း မှု ဆိုင်ရာ နည်း များသာ ဖြစ်ပါသည်။
ကျွန်တော်လည်း Composition နှင့်ပတ်သက်၍ ဆက်လည်း မဖတ် ဖြစ်သည်နှင့် Composition မှတ်စုများသည် အပိုင်း(၅) တွင် ရပ်သွားပါသည်။
သို့ရာတွင် ယခု တစ်လော တွေ့ လိုက်ရသည့် ဆောင်းပါးရှင် Jeff Meyer ၏ Rules of photo composition and why they work ဆောင်းပါး မှာမူ ပုံ တစ်ပုံ အလိုက် Composition ဆိုင်ရာ နှင့် Subject များ၏ အထားအသိုလ် များကို အသေးစိတ် ရှင်းပြ ထားသည် ကိုတွေ့ ရပါသည်။ အဘယ်ကြောင့် ပုံ တစ်ပုံ သည် ကောင်းမွန် အောင်မြင်သည့် ပုံ တစ်ပုံ ဖြစ် ရသည့် အကြောင်း တစ်ပုံ ခြင်း အလိုက် ရှင်း ပြထားသည် ကိုတွေ့ လိုက်ရပါသည်။
ထို့ ကြောင့် Composition ဆိုင်ရာ စိတ်ဝင်စားသည့် မိတ်ဆွေ များ လေ့ လာလိုပါက လေ့ လာ နိုင်ကြစေရန် အဆိုပါ ဆောင်းပါးကို ဆီလျှော် သကဲ့ သို့ မြန်မာ ဘာသာ သို့ ပြန် ကာ မျှဝေ လိုက်ပါသည်။
နမူနာ ပုံများမှာ ဆောင်းပါး တွင် ဖေါ် ပြထားသည့် ပုံ များကို ပြန် လည် ကူးယူ ဖေါ် ပြ ထားခြင်း ဖြစ် ပါသည်။ အချို့ ပုံ များ ကိုမူ ဖြည့်စွက် ရှင်းလင်း သည့်အနေ နှင့် ဆောင်းပါး ပြင်ပ မှ ထည့် ထားခြင်း ဖြစ်ကြောင်း ဖေါ် ပြ အပ်ပါသည်။
Rules of photo compositions and why they work.
ဓါတ်ပုံ တစ်ပုံကို ရိုက် လိုက်သည်က အရေး မကြီးလှပါ။ မည်ကဲ့သို့ ရိုက် လိုက်သည် ဆိုသည် က အဓိက ကျ သည့်ေ နရာ တွင် ရှိနေပါသည်။
အလွန် ကောင်းမွန်သည့် အကြောင်းအရာ ( Subject ) တစ်ခု ကို အထားအသိုလ် ဖွဲ့ စည်း မှု မကောင်းသည့် Composition မျိုး ဖြင့် တင်ပြပါက မည်သို့ မျှ ကြည့် ခြင် စဘွယ် မရှိဘဲ ငြီးငွေ့ ဘွယ်ရာ ဖြစ်သွားပါမည်။
တစ်ချိန် ထည်း မှာပင် သာမန် အခြေအနေလေး တစ်ခု ကိုပင် Composition ကောင်းမွန်စွာဖြင့် တင်ပြ လိုက်ပါလျှင် သာမန် ပုံလေး သည်ပင် ကြည့် လို ဘွယ်ရာ အံ့မခန်း ပုံကောင်း တစ်ပုံ ဖြစ်လာပါသည်။
ထို့ ကြောင့် အောင်မြင်သည့် ဓါတ်ပုံ အချို့ ကို ကောက် နှုတ်ကာ အဘယ်ကြောင့် အဆိုပါ ပုံ များ အောင်မြင်သည့် ပုံ ကောင်း များ ဖြစ် ရ သည်ကို သုံးသပ် ရေးသား လိုက် ခြင်း ဖြစ်ပါသည်။
Composition Rules များကို တရားသေ လိုက်နာ ရမည် ဟု မဆိုလိုပါ။
ပုံ တိုင်း ကို Composition ဆိုင်ရာ နည်းနာ ( Rules ) များ ၏ ဘောင်အတွင်း ဇွတ် အတင်း ဆွဲ သွင်းကာ တရားသေ လုပ်နေရ မည်ဟု မဆိုလိုပါ။ အထားအသိုလ် များကို အချိန် ပေးကာ လေ့ကျင့်ပါ။ အပြောင်းအလဲ များ လုပ်ကြည့် ပါ။ ကြာလာ လျှင် အလေ့ အကျင့် ( Second Nature ) ဖြစ်လာပါ လိမ့် မည်။ ထို သောအခါ တွင် သင်သည် မည်သို့ အပြောင်းအပြောင်း အလှယ်လှယ် သော နည်း ( Rules ) များကို မည်သို့ သုံး လျှင် မည် သို့ ထိရောက် ထူးခြား လာမည် ဆိုသည်ကို သိလာ ပါ လိမ့် မည်။
Composition သည် များစွာ ရှုပ်ထွေး မှု မရှိလှပါ။ ဓါတ်ပုံ ဆိုင်ရာ အားလုံးသော Composition များသည် Rule of Thirds နှင့် ၄င်း အပြင် ယင်းထက် အတန် ငယ် ရှုပ်ထွေးလာသည့် Golden Mean တို့ နှင့် ချိတ်ဆက်နေသည် ချဉ်း ဖြစ်ပါသည်။
သို့ ရာ တွင် သင်သည် ဓါတ်ပုံ ရိုက်ရာ တွင် Composition ဆိုင်ရာ တင်းကျပ် သည့် ဖေါ်နည်းကာ ( Strict Formulae ) များနှင့်သာ ဇွတ် အတင်းဘောင် ခတ်နေမည် ဆိုပါက သင်၏ ပုံ သည် မည်သို့မျှ ထူးခြား စွာ ပေါက် ထွက် လာ သည့် ပုံ တစ်ပုံ ဖြစ်မလာဘဲ လှေကြီးထိုး ရိုးရိုး သာမန် ပုံ မျှသာ ဖြစ်သွား နိုင်သည်ကို လည်း သတိပြု ရန် လိုပါသည်။
လက်တွေ့ လောက တွင် မြောက် များစွာသော အရာ (Subject ) များ မြင်ကွင်း ( Scene ) များ ရှိပါသည်။ ယင်း တို့ ကို ရှုမြင်ရာ တွင် ဘောင်ခတ် ကာ ရှု မြင် ခြင်း မျိုး မဟုတ်ဘဲ စိတ်ကို လွှတ်ကာ ( Open-minded ) ဖြင့် ရှု မြင်တတ် ရန် လိုပါသည်။
ပုံ တစ်ပုံ အတွက် ကောင်းမွန် အဆင်ပြေ သည့် နည်း နာ တစ်ရပ် သည် အခြား ပုံ တစ်ပုံ အတွက် အဆင်ပြေ ခြင် မှ ပြေ မည် ဆိုသည် ကို လည်း သတိ ထားရန် လိုပါသည်။
Composition နှင့် ပတ်သက် ၍ အဓိက နားလည် ထားရမည့် အချက်မှာ သင် ရိုက်သည့် ပုံ ၏ Coposition သည် ကြည့်သူ များကို မည်သို့ ဖမ်း စား နိုင်သည် ဆိုသည့် အချက် ပင် ဖြစ်ပါသည်။
ပုံ တစ်ပုံ ရိုက်ရာ တွင် မည်သို့ Frame လုပ်သည်၊ Focal Length မည်မျှ ယူသည် ၊ Subject ကို မည်သို့ ထားသည် စသည် တို့ အပြင် နည်း ပညာ ပိုင်း ဆိုင်ရာ တတ်ကျွမ်း နားလည် မှု လည်း လိုအပ် ပါသည်။
အောက်ပါ ပုံ များ ၏ ထိရောက် သည့် Composition များ ကို သုံးသပ်ခြင်း။
ပုံ - (၁)
ရိုးရိုးလေးသာ တင်ပြပါ (Simplify the scene )
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVfBgQhkiE9xvMoDJTBFiqy32WdtQzaRFvtVgDYU0F2J6gAPhlKwyB8Hhjh76Et7QWc7cukHwVl9a0ozE4c7A9BWgSB-qiFPfy5kBkGXxuEWRnps-X4Hqejdph0iRY80kRJEJj5CVU5So/s1600/1.jpg)
ပုံ ကို အရိုးရှင်း ဆုံး ရိုက်ခြင်း သည် အထိရောက် ဆုံး ဖြစ်ပါသည်။ The Simpler the shot the bigger the impact ဟု ဆိုရပါမည်။
သင်သည် မြင်ကွင်း တစ်ခု ကို သာမန် ကြည့်လိုက်လျှင် သင်၏ ဥနှောက် သည် စိတ်ဝင်သားသည့် အရာ ကို တန်း ကာ အဓိက ကြည့် လိုက် မည် ဖြစ်ပါသည်။ သို့ ရာ တွင် ကင်မရာ မှာ မူ ထို သို့ မဟုတ် ဘဲ အားလုံး ကို ခြုံ ၍ ပုံ ဖေါ် ပါလိမ့် မည်။
ကင်မရာ သည့် သူ့ ရှေ့ တွင်ရှိသည့် ရှုပ်ထွေး နေသည်များ ၊ မလှ မပ ဖြစ်နေသည် များ၊ ရှု ခြင့် စဘွယ် ရှိသည် များ စသည် ဖြင့် အရာ အားလုံး ကို မည်သည့် ကိုမျှ ခွဲခြား ခြင်း မရှိ ဘဲ အားလုံးကို ပုံဖေါ် ပါ လိမ့်မည်။
ထို့ ကြောင့် ရိုက် သူက Subject ကိုရွေး ရပါမည်၊ Focal Length ကို ရွေး ရပါမည်၊ Frame မည် သို့ လုပ် မည်ကို ရွေးရပါမည်။ မလိုသော အရာ များကို တတ် နိုင်သမျှ မပါရ လေအောင်လုပ်ရပါမည်။ ဤ သို့ လုပ်စေကာမူ အားလုံးကို တော့ ဖယ်၍မရပါ။ ထို့ ကြောင့် ထိုထိုသော အရာ များကို နောက်ခံ တွင် ထားကာ မိမိ တင်ပြ လိုသည့် ပုံ ပြင်တစ်ပုဒ်၏ ဇာတ်ဖြည့် ( Part of the Story ) အဖြစ် နေရာချ ရန် လိုပါသည်။
သာမန် Composition တွင် Silhouettes, textures and patterns စသည့် အရာများသည် အလွန် အရေးပါသည့် အရာ များ ဖြစ်ပါသည်။
အထက်ပါ ပုံ (၁) ၏ အားကောင်းသည့် အချက်များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfVH0cGefgYpFZnZlYvpG_-oOCEQA6i-y-_UMY3BAnJo8tT93-sw9gAHDOqZozKcUzqKZ9Hx0kLuPeBmU-pPlJSxuGyZ660jWbLxcDGRrKNQf_6bH1M6E85sFv2xS4R6rSjWzHGA7oI3c/s640/1a+X.jpg)
(၀၁) အထက်ပုံ တွင် တတ် နိုင်သမျှ အတွင်း သို့ တိုးဝင်ကာ ရိုက်ခြင်း ဖြင့် မိမိ မပြ လိုသော တစ်နည်း အား ဖြင့် မလိုအပ် သော အရာ များကို ဖယ် ထုတ် လိုက်ခြင်း ဖြစ်ပါ သည်။
(၀၂) ပုံ ၏အလယ် လောက်တွင် ရှိ Silhouette and Shapes များသည် ပုံ၏ Strong Subject များ ဖြစ်နေပါသည်။
(၀၃) မီးပုံး ပျံ၏ Radial Lines များသည် ကြည့် သူကို ပုံ အတွင်း သို့ ဆွဲခေါ် သွားပါသည်။
ပုံ - (၂ )
ပုံကို နေရာ ပြည့် နိုင်သမျှ ယူပါ ( Fill the frame )
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6xUwCxxKwottnuiImhxct20yECrqKxjTDSMnItWg93ZPwwqBD_WZeUg4nNWHjoVx_h3cH-QzaIPKiAG_gw1N-U9mm1ShAbS-AjBDmQ8ByfKRnqii1rqrCc8MypJVCWVhEy7N3yCw3bSY/s640/2.jpg)
သင့် အနေ နဲ့ အတော်ကြီးကြီး ရှုခင်း တစ်ခု ကို ရိုက်တော့ မည် ဆိုလျှင် မိမိ ပြ လိုသော Subject ကို မည် မျှ အထိ ကြီးကြီး ယူ မည် ၊ မည် ကဲ့ သို့ Frame လုပ်မည် ဆိုသည် ကို အတော် ဆုံးဖြတ် ရ ခက်တတ် ပါသည်။
အမှန်အား ဖြင့် ပုံ အတွင်း မည် သို့ မျှ Subject ကို ပံ့ ပိုး မှု မပြု သည့် Empty Space များ အတော် များများ ပါနေလျှင်မူ ပုံ ၏ ဖွဲ့ စည်းမှု အမှားတစ်ရပ် ( Compositional mistake ) ဟု ဆိုရပါမည်။ ဤ သို့ ဖြင့် မိမိ ပြ လိုသော Subject သည် သေး နေပြီး ကြည့် သူ က မည် သည့် အရာ ကို ကြည့် ရ မည် ကို မသိဘဲ ဖြစ်နေတတ် သည်။
ထို အမှား မျိုး မဖြစ်စေရန် မိမိ ပြ လိုသော Subject ကို Zoom ဆွဲကာ Frame ထဲ သို့ ဖြည့် ပါ။ သို့ မဟုတ် က အနားကို လို အပ် သလောက် တိုးကာ ရိုက်ပါ။
ပထမ ရှင်းပြ ထားသည့် Zoom လုပ် သည့် နည်း ဖြင့် ရိုက်ပါက နောက်ခံ Subject သည် ရှေ့ ကို တိုးလာကာ Main Subject နှင့် ကပ် လာ သဖြင့် ပုံ သည် ကြွတက် မလာစေဘဲ Flat ဖြစ်သွား စေတတ် ပါသည်။ Background သည် Subject နှင့် အတော် ဝေးနေပါမူ မလို အပ်သော Subjects များကို တော့ ကြည့် သူ၏ အာရုံ မှ ဖယ် ရှားနိုင်ပါသည်။ အကောင်းဆုံး နည်း မှာ ရှေ့ သို့ မိမိ လို အပ် သလောက် တိုး ကာ ရိုက် သည့် နည်း သည် အကောင်း ဆုံး ဖြစ်ပါသည်။ ပို ၍ လည်း စိတ် ၀င်စား ဘွယ်ရာ ပုံ ဖြစ်လာ စေပါသည်။
အထက်ပါ ပုံ (၂ ) ၏ အားကောင်းသည့် အချက်များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhqKm95ZzDH2yRK8WSDKAvWAzCQzXJfXPTn7SlITTFtrzmyt7mZn27rDz9L9tUw0Ken2zjhnxs0mNdvCrlUD1bX3YnYASJJRLT1QnMbDAWVH3rtmXB3Y4TmGY_4ADD0aJqnt_6pJXP1Qg/s400/2aX.jpg)
(၀၁) ပြ လိုသသော Subject ကို Frame အတွင်း တတ် နိုင်သမျှ ဖြည့် ထားသည့် အတွက် အခြား မလိုသော အရာ များကို ပုံ အတွင်း မှ ဖယ် ထုတ် လိုက်ပြီး သား ဖြစ်သွားသည်။
(၀၂ ) အမြင့် နေရာကို ပုံ ၏ အလယ် တွင် မထားသည့် အတွက် Subject ကို ကြည့် သူက ပို၍ စိတ်ဝင်စား လာစေရန် ဖန်တည်း လိုက်ခြင်း ဖြစ်သည်။
(၀၃) တောင်တန်း ကလေး ၏ ကုန်း ထိပ် ကလေး များသည် “ S “ ပုံ ကလေး များ ဖြစ်သည့်အတွက် ထို Shape ကလေး များက ကြည့်သူ၏ အာရုံကို Frame အတွင်း သို့ ဆွဲခေါ် သွားသည်။
ပုံ - (၃ )
ပုံ ၏ အလျှား နှင့် အမြင့် တို့၏ အချိုး ( Aspect Ratio )
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgggq4rnLKQAUd49Imzg0dJRUManBNR3K-4_PMd9PgJiuhR2Q9mIIERV4MNSZTR42KPJritN3d2xi8jgSWPsYwWF-IFQ3sAzmyfiCJubQrZdkSf1WoxOknvvocEErAOOdYYTnj7GSJMdFI/s640/3.jpg)
သာမန် အားဖြင့် ကင်မရာ ကို ရေပြင်ညီ သာ အစဉ် ကိုင်ပြီး ရိုက်သည့် နည်း ထဲ တွင် နစ်နေ တတ် သည်။ အခြေအနေ ကိုလိုက်၍ ဒေါင် လိုက် ကိုင်ကာ Focal Length အမျိုးမျိုး နှင့် စမ်း ရိုက်ကြည့် သင့်ပါသည်။ အနေအထားအမျိုး မျိုး ကိုတွေ့ ရ ပါ လိမ့် မည်။ ဤသို့ ဖြင့် မည်သည့် အခြေအနေ မျိုး တွင် မည် သို့ ရိုက်သင့် သည်ကို ဆုံးဖြတ် နိုင်ပါမည်။ ရေပြင် ညီပုံ နှင့် ဒေါင်လိုက် ပုံ များကို အဖြစ်လည်း ပုံထွက် လာသည့် အချိန် တွင်လို အပ် သကဲ့ သို့ ပြန် ၍ Crop လုပ် နိုင်ပါသည်။
လက်တွေ့ လောကရှိ အရာ အားလုံးသည် မိမိ ၏ ကင်မရာ Sensor နှင့် အစဉ် အံ ၀င်ခွင်ကျ ဖြစ်နိုင်ခြေ ရှိ နိုင်မည် မဟုတ် ဆိုသည် ကို သတိပြု ရပါမည်။ ထို့ ကြောင့် ပုံ ထွက် လာမှ အောက်ပါ ပုံ ကဲ့ သို့ Widescreen Effect ကို 16:9 အချိုး အဖြစ် Crop လုပ်သင့်ပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbtC-FkMIf31Q8prT7JfJrT3tV1ZgoJO-8ixF1fXRUabw3oZTz1N3Xj5wz6fFAld3Tjgaltensxl0m25je2yP8-cgED35bgVlAT0ajPXSLWmGYN4xTKfZxcWdBhFkG1SIaGXNLz5RZCqw/s640/4.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuE8pjai8wgTUcLQEL1Te-x1QTbi0TCDjT0KRiP3NEuOvbVuoPPrex3czYDSxyasBD7ZuO0UYxK-70yilvFkLQM39q0QFQqGnC9cRgxQxE4E33Vubp9x9mhp0knxc3x9r8x0bSftzgams/s400/5.png)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtaVE8tX-mSFBBY4zBY8esv2jIlKUiWottxb_jQTWx9kDzG9qMyzE7H2L6h5rEfJxPvfrqxSPtUE06NXH5JSaEDFYwVtJuTX32wEenpMqGUfqYIUgKHtYn3kG45dw53kX5-5c7jMRvrH4/s400/6.jpg)
သို့ မဟုတ်ဘဲ ကင်မရာသည် Medium Format ဆိုပါလျှင် Square Shape အဖြစ် Crop လုပ်ကြည့် သင့်ပါသည်။
ပုံ ကို လျှေား လိုက် သို့ မဟုတ် ဒေါင် လိုက် မည်သို့ Crop လုပ် လျှင် ကောင်း မည်ကို ဝေခွဲ မရ ပါလျှင် နှစ်မျိုး စလုံး လုပ်ကြည့်ပါ။ ယင်ဒနောက် ကြိုက်ရာ ကို ယူပါ။
အထက်ပါ ပုံ (၃ ) ၏ အားကောင်းသည့် အချက် များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_IxBUer2BKfZXjOB6eFhoZBbhOijO_RLW2KWHj-sgnAVqE7cVnR3b-VZzyn7IDIWqglCNRgzCZN6msoeKa3AAOmQIJSgciWvicnYrqmXsaNJOJs_pB-xL_zdZmUD9srs0iMHtgRqYKCg/s400/7.jpg)
(၀၁) မိမိ ရိုက်သည့် Subject သည် အလွန် ရှည်လျှား မြင့် မားနေလျှင် ပုံ ထွက် လာသည့် အချိန် တွင် လို သလို ပြန် ၍ Crop လုပ်နိုင်ပါသည်။
(၀၂) သို့ မဟုတ် ကင်မရာ ကို ဒေါင် လိုက် ထောင်ရိုက်ပါ။ တစ်ခါ တစ်ရံ တွင် အလွန် အဆင်ပြေ အချိုးကျ သည့် ပုံ ရ တတ်ပါသည်။
(၀၃) သင် ၏ ကင်မရာ Aspect Ratio သည် သင် ကူး မည့် ဓါတ်ပုံ စက္ကူ ၏ အချိုး နှင့် တစ်ညီတည်း မဖြစ် နိုင်သည်ကို လည်း သတိပြုရန် လိုပါမည်။
ပုံ (၄ )
Main Subject ကို ပုံ၏ အလယ် တွင်ထားခြင်း မှ ရှောင်ပါ ( Avoid the Middle )
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrEhVfbIqFA7XL8Vo6JdLRa-IRd2MTGhNiHuWcjrT1WcqEgVa4CYZAjOJQgBFKvSQuJWygjy1PL47_3YlmnjUS9Zimo8rx2y76NL-Zw99618k_gNntYGoFuJEGFAqX2qMaQPJ8asBbGZ8/s640/4.jpg)
စ ရိုက် ခါစ လူများအနေနှင့် Subject ကို Frame ၏ အလယ် တွင် ထားကာ ရိုက် လေ့ ရှိကြပါသည်။ ဤသို့ ဖြင့် ပုံ သည် အသက်ဝင် ခြင်း မရှိ ဘဲ (Still) ငြိမ်နေ သည့် အတွက် ကြည့် သူများ ငြီးငွေ့ ဘွယ်ရာ ဖြစ် တတ် ပါသည်။
အထို အချက် ကို ကုစား ရန် အတွက် အလျှား လိုက် ရိုက်သည် ဖြစ်စေ ၊ ဒေါင် လိုက် ရိုက်သည် ဖြစ်စေ Rule of Thirds အရ Subject ကို နေရာ ချ ထားရပါမည်။ အလွန် ရိုးစင်းသည့် နည်းဖြစ်စေကာမူ ထိရောက်မှု ရှိသည့် နည်း ဖြစ်ပါသည်။
ထိုသို့ နေရာ ချ ရန် အဆင်မ ပြေ ပါမူ Subject ကို ပုံ၏ အလယ် မှ ဆွဲထုတ်ကာ မိမိ အနေ နှင့် အဆင် အပြေဆုံးဟု ယူဆသည့် နေရာတွင် နေရာ ချနိုင်ပါသည်။ အဆိုပါနေရာ သည် ပုံ အတွင်း ရှိ အခြားသော အရာ များ နှင့် အချိုးညီ ( Balance ) ဖြစ်နေပြီး ပုံ အတွင်းရှိ အလင်း ၊ အရောင်တို့ နှင့် လည်း Contrast ဖြစ်နေသော နေရာ ဖြစ်ရန်လိုပါသည်။
အမြင်တွင် အချိုးညီ နေစေ ရေး အတွက် မည်သို့ သော သဲကွဲ တိကျ သည့် ( Hard and Fast Rule ) နည်းဥပဒေသ မျှ မရှိပါ။ ခံစား ယူ ရသော ရဿ သာ ဖြစ်ပါသည်။ အမျိုးမျိုး စမ်း ကြည့် ပါ မိမိ ဘ၀င်ကျ သည် ကိုယူပါ ဟု သာ ဆိုရပါမည်။ သို့ သော် အဆိုပါ ဆောင်ရွက် ချက် ကို ရုတ်ချဉ်း လုပ်၍ ရမည် မဟုတ်ပါ။ လုပ်ရင်း ကိုင်ရင်း အတွေ့ အကြုံ များလာကာ မုဆိုး စိုင် သင် ဆိုသလို ဖြစ်လာပါမည်။
အထက်ပါ ပုံ (၄ ) ၏ အားကောင်းသည့် အချက် များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj679oCDgolJXYdk99tu0IhUoTJ8-bYy_yW6Qpi8LdVdiK_cI6exQ2wXjmZnCRf0xp8kOkimDqmNGDmVT8asl2-eBJGU8ScW8-OA1MVI6SPTzxRjG8K9UvQZnoQa4RsnkhbMYElJX3Be_w/s400/4aX.jpg)
(၀၁) Rule of Thairds ၏ ကျေးကျွန် အဖြစ် အစဉ် ဖြစ်နေ ရန်မလို။ Subject ကို ပုံ၏ အလယ် နေရာ မှ သင့် သည့် နေရာ သို့သာ ရွှေ့ ထား သည်။
(၀၂) ပုံ အတွင်းရှိ Subject နှင့် Balance ဖြစ်သည့် နေရာကို ကြည့် လျှင် လှိုင်ဂူ အ၀င် ၀ ၏ တောက်ပနေသည့် နေရာ ကို တွေ့ ရပါမည်။
(၀၃) ပုံ တွင် တောင်တက်သမား ရှေ့ ရှု ဦးတည် နေသည့် ပုံ၏ ညာ ဘက် နေရာ ကို မည်သည့် ရှုပ်ထွေး နေသည့် အရာ မှ မထားဘဲ ရိုးရှင်း စွာ ပင် ပြထား သည် ကို တွေ့ နိုင်ပါသည်။
ပုံ - (၅)
Leading Lines.
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEishwNKDyZb5Vl-4faAdgzmf4E5c0l291EtaR4cE9UfduN1fqJYSAd3VSmHi9jihqQALH_T0eXDO7n01Tm1kEIROx8Ch__rfL-MvXXtFhJGEcS7-gwZ-40lnwvGYEdpgtXswAqB_m7gYYY/s640/8.jpg)
ဖွဲ့ စည်းပုံ ( Composition ) အား နည်း သည့် ပုံ မှာ ကြည့် သူ အနေ နှင့် ပုံ တွင် မည်သည်ကို အဓိကထား ကြည့်ရမည်ကို မသိဘဲ ဦးတည်ရာမဲ့ မြော နေတတ်သည်။ ဤ ကဲ့သို့ အနေ အထားကို ထိရောက်စွာ ကုစား နိုင်သည်မှာ Lines များ ဖြစ်သည်။ အဆိုပါ လိုင်း (Lines ) များက ကြည့်သူ အား မိမိ ပြ လိုသည့် နေရာ များ ဆီသို့ အရောက် ဆွဲ ခေါ် သွားပါလိမ့်မည်။
လိုင်း များ ဆိုရာ တွင် လည်း အဆိုပါ လိုင်းများ ဆုံ နေ သည့် Converging Point သည် အလွန် အား ကောင်းသော သုံးဘက် မြင် Three Dimensional Perspective ကိုပေးနိုင်စွမ်း ရှိသည်။ မျဉ်းကွေး များသည် ကြည့် သူအား Frame တစ်ခု လုံးအတွင်း လှည့် ပတ် ခေါ် သွား ပြီး မိမိ ပြ လိုသော Main Subject ထံ သို့ ပို့ ဆောင်ပေး နိုင် စွမ်း ရှိသည်။
လိုင်း ( Line )ဆိုသည် မှာ နေရာ တိုင်း တွင် ရှိသည်။ ဥပမာ အားဖြင့် နံရံ ၊ ခြံစည်းရိုး ၊ အဆောက် အဦး ၊ တယ်လီဖုံး လိုင်း စသည် များ သည် ဖြစ်ကြသည်။
အထက်ပါ ပုံ (၆) ၏ အားကောင်းသည့် အချက် များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu8IRQomMJI-c_XyM_FGDQIqURiCPw25L_01s05Nl2J80iZnSKuAQYm1WUqN3sPVy7dQc0iSLNnB8tWne_YP3Ohm7HSiglmhvOUCLfUm-K9YJWLAxQ8O8CHgFNa1E_uSZJX_J8PtbVyq0/s400/9.jpg)
(၀၁) အထက်ပါ ပုံတွင်ပါရှိနေသည့် ခြံစည်း ရိုး လိုင်းသည် အလွန် အားကောင်း သည့် လိုင်း များ ဖြစ်သည်။ အဆိုပါ လိုင်း များသည် ကြည့်သူ အာရုံ ကို Main Subject ထံ မရောက်ဘဲ မနေ နိုင် အောင် ဆွဲ ခေါ် သွားသည်။
(၀၂) အဆိုပါ လိုင်း များသည် ဝေး သွားသည် နှင့်အမျှ Main Subject နှင့် သွား ဆုံ သော ဆုံမှတ်ဖြစ်သည့် Converging ပုံစံ ဖြစ်နေသည်။ အဆိုပါ Converging Point သည် ကြည့် သူ ကို ဆွဲခေါ် သွားသည့် အရာ ဖြစ်သည်။
(၀၃) ခြံစည်း ရိုး အဖြောင့် တန်းသည် ကြည့်သူအား အဝေးရှိ သေးငယ် သည့် လူ ပုံ ထံ သို့ တိုက်ရိုက် ပို့ ပေးသည်။
ပုံ - ( ၆)
ဒေါင့် ဖြတ် လိုင်းများ ကို သုံးပါ (Use diagonals )
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI96zDpgdSHW0sCvuaIvsL_SquODfr9gQFqMKTawxqgRUggHM3STk3TagH-H3Zp33ac554UALBAeeH1YAWQYWgnbauEb5CuC2dsx48nvrptG0ElD085pscOTlACZOhC5TQqUYOqvWxy3A/s640/10.jpg)
လိုင်း များ၏ သဘော ကို ယေဘူယျ အားဖြင့် ပြော ရပါလျှင် ရေပြင်ညီ လိုင်း (Horizontal lines ) သည် ငြိမ် သက် ခြင်း ၊ အေးချမ်း ခြင်း သရုပ် ကိုဆောင်သည်။ ဒေါင်လိုက် လိုင်း ( Vertical Line ) သည် ခိုင်မြဲ ခြင်း ၊ အစဉ် တည်တန့် ခြင်း စသည့် သဘော ကို ဆောင်သည်။
သို့ ရာ တွင် Drama ဆန်သည့် အနေအထား၊ လှုပ်ရှား မှု သဘော ၊ မတည်ငြိမ် သော အနေ အထား များကို ပြလိုလျှင်မူ ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) များကို သုံးကြသည်။
ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) အနေ အထား ဆိုသည်မှာ လည်း ရိုက်သည့် အနေ အထား နှင့် Focal Length ပြောင်း လိုက် ရုံမျှ နှင့် ရ နိုင်ပါသည်။ Wide Angle Lens ဖြင့် ရိုက်သော ပုံများသည် မြင်ကွင်းကို ပို၍ ကျယ်ကျယ် မြင်နိုင် စေသည့် Increased Perspective ဖြစ်သည့်အပြင် ကင်မရာကို အတန်ငယ်မျှ စောင်းပေးခြင်း ၊ ကင်မရာ Angle ၏ အနိမ့် အမြင့် တို့ ကို ချိန် ပေး ခြင်း တို့ ဖြင့် ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) ပုံ ကို ရ စေနိုင်ပါသည်။
ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) ရ ရန်အတွက် ကင်မရာ ကို တမင် တစ်စောင်း ကာ ရိုက် သည့် Dutch Tilt နည်း ဖြင့် လည်း ဖန်တည်း ယူ ၍ လည်း ရပါသည်။
Dutch Tilt နည်း ဖြင့် ရိုက် ထားသည့် နမူ နာ ပုံများ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7uy_KTg6ldnkA4oILT1MUXE_ZLKfvZ08BB8vhyehIXTE4ZrhWjaSQm0UPUKwVX0UGpgUHfytXk6tWKboH0a2y66l0Y-bZfSyAJOfT6K3G0UUCva7NLrB-QvUbJYHrKzLJnhhazlbYyL4/s640/12.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1zuK5urGH2vI0oxOja5_gYX1kgk6jx_fHI8KffUD-gLV6G3M7dAMaYxOtPfoM1RudQIKEmiHtw1ED1ZpF3adie1kzUuSCLmvCXvN2IHOn1rCeB4Q1VJz2-tAhyrtLdSnIhiGSpUcUtb0/s640/13.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA7ZsHJ-Ls2wwe3LIkUweIicixqiMZ9aqsEDEavwb2sym_l_xLygv2YhyBUeFvAh9MysPcJX1uTaNN5saErNc6Vzq5YOMLqggbqTwXG9ag0paqMEZAXJSl5mN5xh5LuTNHx8TNiDd40w4/s640/14.jpg)
အထက်တွင် နမူ နာ ပြထား သော Dutch Tilt နည်း ဖြင့် ဖန်တည်း ထားသည့် ပုံ များမှာ ကြည့်သူ အား ထိရောက်စွာ ဆွဲဆောင် နိုင်စွမ်းရှိပါသည်။
အထက်ပါ ပုံ (၆ ) ၏ အားကောင်းသည့် အချက် များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQnKB9GgZ3MuFnQDF4A3iZs89FaSnbA-4Kc67qNX6VVH8OgWj2X-v5o9P9jOpTQJ-q7XxDr8MnyesyqopWXSFVg8d2kKFgtKyhhpRkxaQRbHdQG9VNKh4RFTgfBU7qxrj6TNw3UBM3klQ/s400/15.jpg)
(၀၁) အထက်ပါ ပုံ (၆) ကို Wide Angle ဖြင့် ရိုက်ထားသည့် အတွက် အလို အလျှောက် ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) ကို ဖန်တည်း ပြီးသား ဖြစ်သည်။
(၀၂) ကင်မရာကို အောက်မှ ပင့်ကာ ရိုက်သည့်အတွက် အလွန် အားကောင်း သည့် ဒေါင့်ဖြတ် မျဉ်း ( Diagonal Lines ) ကို ဖြစ်စေသည်။
(၀၃) ဓါတ်ပုံ ရိုက်သူက ပုံ ကို ကြည့်သူ၏ ဘယ် ဘက် နေရာ တွင် နေရာ ချန် ထားခြင်းမှာ ပြေးနေသည့် မြင်း ၏ အရှိန် နှင့် တိုးဝင် စေရန် အတွက် နေရာ ချန် ထား ခြင်း ဖြစ်သည်။
ပုံ - (၇)
ရွှေ့ လျှားမည့် နေရာ အတွက် နေရာ ပေးထားပါ ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi09adpfPbKY4TRpiJsSSc3mwFuoM21BU2f1uzec7i-1D1RFNZu4CBs_Wiru5-YXmvgprBJMaAUK2s-gDYgSOROl_L6BgSN7SKFrRSQyXQV8Kt2cyxWVQi0Iw-ifH9MHjnIs_HoElScOgg/s640/16.jpg)
အချို့သော ပုံများမှာ အငြိမ်( Still) ပုံများ ဖြစ်စေကာမူ ရွေ့ လျှားမှု သဘော ဆောင်သော ပုံ များလည်း ရှိပါသည်။ ပုံ တစ်ပုံ ကို ကြည့် လိုက်ပါက ရှေ့ ဆက် ကြည့် လျှင် ဘာများ ရှိနေပါလိမ့် ဟူသော အတွေး ပေးသည့် ပုံ သည် အငြိမ် ပုံ ဖြစ်စေကာမူ ရွေ့ လျှားမှု ကို ဦးတည် သည့် သဘော ဆောင် သော ပုံ ဟု ဆိုရ မည် ဖြစ်ပါသည်။
အထက်ပါ ပုံ ရှိ မော်တော်ကား ၏ ဦးတည် ရာ အရပ်တွင် နေရာ လွတ် မရှိဘဲ ပုံ အပြင် ဘက် သို့ ဖေါက်ထွက် သွားမည့် သဘော သာရှိပါက ပုံသည် Balance မဖြစ်ဘဲ ကြည့်သူအနေနှင့် လည်း ကြည့်ရ သည်မှာ ဘ၀င်မကျ ဖြစ်တတ်ပါသည်။ ကား ၏ ရှေ့ တွင် ကား ပြေးလာ မည့်သဘောကို ဖေါ် ဆောင် ရန်အတွက် နေရာ ပေးထားသည် ကို တွေ့ နိုင်ပါသည်။
ဥပမာ အားဖြင့် လူပုံ (Portrait ) ပုံ တစ်ပုံ တွင် Subject သည် တစ်နေရာ ကို ကြည့်နေ သည် ဆိုပါစို့ ၊ ကြည့်နေသည့် အတွက် အရာ ၀တ္တု တစ်ခု သို့ မဟုတ် နေရာ ပေးထားရမည်။ ကြည့် နေသည့် နေရာသည် Frame အတွင်း နေရာ မရှိဘဲ ပုံ အပြင် သို့ ဖေါက် ထွက် သွားမည့် သဘော မျိုး မဖြစ်စေရပါ။ အဆိုပါ နေရာ သည် Subject ၏ နောက် နေရာ မဟုတ်ဘဲ ရှေ့ တွင် ဖြစ်ရပါမည်။ Crop လုပ် လျှင် သတိ ထားရမည့် အချက် ဖြစ်ပါသည်။
အထက်ပါ ပုံ (ရ ) ၏ အားကောင်းသည့် အချက် များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEist07TjvCFJnp0fB8yItCWXNEaqvdXzBtfzHCjk_H_6bkrNTbwsdEAXg9OQlMSr36JxB5jEHjGCoDEmAbnP_vaaN2GG5qNq_mR2pUvMQbplPCj3boOyGCUJS2xoE47Mrtg9Dyo8Nfci8M/s400/17.jpg)
(၀၁) အရှိန် နှင့် ပြေးနေသည့် ကား အတွက် တိုးဝင် လာရန် ရှေ့ တွင် နေရာ ပေးထားသည်။ အကယ်၍ အဆိုပါနေရာ မရှိပါက ဖွဲ့ စည်းပုံ အမှားဟု ဆိုရ ပါမည်။
(၀၂) ပုံ တွင် ပါသည့် လမ်းပေါ်ရှိ အဖြူ လိုင်း ( Line ) သည် ကား အရှိန် နှင့်ပြေး မည့် သဘော ကို များစွာ အားဖြည့် ပေးသည့် လိုင်း ဖြစ်သည်။
(၀၃) ဓါတ်ပုံ ရိုက်သူသည် ကင်မရာ ကို အနည်း ငယ် စောင်းကာ အားကောင်း သည့် ဒေါင့်ဖြတ် လိုင်း အနေအထား ရ အောင်ရိုက် ထားသည်။
ပုံ - (၈)
နောက် ခံ ( Background )။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHEEtXQcEt4smYZLe58PBPvmH5ec3mTQNNEqPRqchKC_4YkifUyqKRWT6OJH29weBDHt9z3nAKgdBHg-khqk9vADolf3lQEvdwmJzrazAE5wVfQn8TcmB8r-go6TpSVt5q3vz9lRIrDoA/s640/18.jpg)
မိမိ ရိုက်မည့် Subject ကိုသာ အာရုံ စိုက်မနေဘဲ နောက်ခံ ကိုလည်း သတိပြု ရန် လိုပါသည်။ မိမိ ပုံ၏ နောက်ခံ တွင် အနှောက် အယှက် များနေလျှင် ရှေ့ တွင် ရှိ Subject အပေါ် အာရုံ လျှော့ စေပါလိမ့်မည်။
နောက် ခံ ကို လုံးဝ ဖယ်ထုတ်၍တော့ မရ ပါ။ သို့ သော် ထိန်း ချုပ် နိုင်ပါသည်။ Subject ကို တတ်နိုင် သမျှ Frame အတွင်း ဖြည့် လိုက်ခြင်း ၊ နောက် ခံ ကို ၀ါး သွားစေ ခြင်း တို့ ဖြင့် ထိန်း ချုပ် နိုင်ပါသည်။
တစ်ခါ တစ်ရံ ကင်မရာ နေရာ ပြောင်း လိုက်ခြင်း ဖြင့် လည်း နောက်ခံ ပြသနာ ကို ဖြေရှင်း တန်သရွေ့ ဖြေ ရှင်း နိုင်ပါသည်။ Aperture ကို ကျယ်ကျယ် ဖွင့် ခြင်း ၊ Focal Length ကို ရှည် ရှည် ဆွဲ လိုက်ခြင်း ဖြင်လည်း နောက်ခံ ကို ၀ါး သွား စေနိုင်ပါသည်။
သို့ ရာ တွင် Background သည် မိမိ တင်ပြ မည့် ပုံ၏ Part of the story ဖြစ်နေပါလျှင်မူ Background ကို ဖေါ် ပြရန် လိုပါလိမ့် မည်။
အထက်ပါ ပုံ (၈ ) ၏ အားကောင်းသည့် အချက် များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbYUj22B8NES6CIUW4r2guISgjrs9coE6WlPMwPqleMKXawws2xsz3pudFMEnTQ9KAtrrB_VFVjeZLu_wTfi421CzE5gf4abdXR6lXwz1LivS0R61_iVUM6ChjlA9nlWVfCOD51YD-ucM/s400/19.jpg)
(၀၁) ဤ ပုံ ကို ရိုက်ရာ တွင် Long Focal Length ၊ Wide Aperture တို့ ဖြင့် ရိုက် ထားသည့် အတွက် မလိုလား အပ်သော နောက်ခံ အနှောက် အယှက် များ မရှိဘဲ ၀ါး နေသည်။
(၀၂) ပုံ ကို လည်း Frame အတွင်း ဖြည့် နိုင်သမျှ ဖြည့် ထားသည့် သည့် အတွက် မလို အပ်သည့် အရာ များ ဖယ် ထုတ် လိုက်ပြီး ဖြစ်နေသည်။
(၀၃) နောက်ခံ တွင် မလိုအပ် သည်များ မပါ ရလေအောင် ကင်မရာ အနေ အထား ( Position ) ကို သေခြာ စွာ စစ် ဆေး ကာ နေရာ ချ ထားသည်။
ပုံ -(၉)
အရောင်ဖြင့် ချယ်မှုန်းပါ ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkWE6kW95zzx5WZE2__S28H537_okXRHIZdr5TZhnvvh_ISe1bvxyuIdjHD-ODKIJk220esVC3TNfhCNly7MlbFkhyphenhyphenfM5FLS6nykRDhU2T9uvulGPXvox0s1O7rSrSTHb9oJjd-fvSg8/s640/20.jpg)
တောက်ပ သည့် အခြေခံ အရောင်သည် မျက်စေ့ ကို ဆွဲ ဆောင်သည်။ အထူးသဖြင့် တစ်ရောင် နှင့် တစ်ရောင် အထောက်အပံ့ ဖြစ်စေကာ Contrast ဖြစ် နေပါက ဆွဲဆောင်မှု ရှိလာသည်။ ဥပမာ အားဖြင့် တစ်ရောင် ထည်းသော နောက်ခံ ပေါ် တွင် တောက်ပ သည့် အရောင်များ ဖြန်းထားသည့် ပုံ မျိုး ကို ဆိုလိုသည်။ ထင်းကနဲ ဖြစ်စေသည့် ပုံ တစ်ပုံ ရ လာစေရေး အတွက် ပြင်းပြ သော အရောင် Contrast များသုံး ရမည် ဟု ဆိုလို ခြင်း မဟုတ်ပါ။
Single Hue တစ်ခု ထည်းသော ပုံ မျိုး၊ Soft Lit Landscape ကဲ့သို့ Limited Harmonious shade တို့သည်လည်း ပုံ ကောင်း တစ်ပုံ ဖြစ်လာစေနိုင်သည်။ အဓိက အားဖြင့် မလိုသော အရောင်များကို မပါစေဘဲ လိုသော အရောင်များကို ရွေးချယ် ဖွဲ့စည်းရန် ဖြစ်ပါသည်။
အထက်ပါ ပုံ (၉) ၏ အားကောင်းသည့် အချက် များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNrqW1qkFsFuBxX9XejSw72nqqwEGE26YCI56tioCizBS_FUXEc40R617B_7DAr5_1-1lCKuUnRIWOxaZy0FpgZ8Ro9ju-XsaH9lt9yrPihVj8iEVerFrcpLbWFpA-FIDnN3rRLTuQoEg/s400/21.jpg)
(၀၁) အပြာရောင် ၊ လိမ်မော်ရောင် နှင့် အ၀ါ ရောင်တို့ သည် အခြင်းခြင်း အထောက် အပံ့ ဖြစ်စေသော Complementary Colour များ ဖြစ်ကြသည်။ သို့ ဖြင့် ပေါ်လွင် သည် Contrast ကို ရလာသည်။
(၀၂) ပုံ တစ်ပုံ အတွင်း ရောင်များကို ထိမ်းချုပ် ရာ တွင် Framing သည် အလွန် အရေး ကြီးသည်။
(၀၃) ပုံ ၏ Composition တွင် လိမ်မော်ရောင် ကို အလယ် တွင် မထားသည့် အတွက် လိမ်မော်ရောင် သည် ပေါ်လွင် လွမ်းမိုးသည့် အရောင် ဖြစ်လာ သည်။
ပုံ - (၁၀ )
ဥပဒေသ များကို ချိုးဖေါက်ခြင်း ( Breaking the Rules )။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm9OYo3G9_VbJcD_dbSymVgXJWM7bm3EaNpK_W2UGPb9s023TXC3tdBuCyd92TxDCt39M8_Tyv8dPzq9C_RtQ8-rXLSAx0fkKbs38UzpOKiQ6WjtMt0n-PJ8CeX7n5UEJgSYAwQrYtNOU/s640/22.jpg)
Photo composition သည် အမြင် ဆိုင်ရာ ဘာသာ စကား ဟု ဆိုရပါမည်။ သင် ၏ ပုံ နှင့် သင် ပြော လိုသော Message ကို ပြော နိုင်ပါသည်။ တစ်ခါ တစ်ရံ စာ ရေးရာ တွင် သဒ္ဒါ မ မှန် ဘဲ အဆင်ပြေ သလို ရေးသကဲ့ သို့ ဓါတ်ပံ့ ဖွဲ့ စည်း မှု တွင်လည်း သမားရိုးကျ Composition ဆိုင်ရာ နည်း စနစ် များကို ချိုးဖေါက် ရသည် များလည်း ရှိ ပါသည်။
သို့ ရာ တွင် လုပ်ခြင်ရာ လုပ် ၍လည်း မဖြစ် ၊ မတော် တဆ ဖြစ်လာ သည့် နည်း မျိုး လည်း မဟုတ် ပါ။ Composotion ဆိုင်ရာ နည်း စနစ် များကို ချိုးဖေါက် မည့်သူ သည် အဆိုပါ နည်း စနစ်များကို ကြေညက် စွာ နာလည်နေရန် လို ပါသည်။ Composotion ဆိုင်ရာ နည်း စနစ် များကို သေခြာစွာ တွက်ဆပြီးမှ ချိုးဖေါက် ထားသည့် ပုံ သည် များစွာစိတ်ဝင်စား ဘွယ်ရာ ကောင်းသည်ကိုတွေ့ နိုင်ပါသည်။
အထက်ပါ ပုံ (၁၀) ၏ အားကောင်းသည့် အချက် များ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiLvKYKa30RpQbvrfXdUqvhZZ2wTjz9r0RHp8Ltl6BM22AiseGX07MLDdoM_3gUWqqiMXAhDGWXSUugn-kIGXfuiRuQqbXmHQDZeo1hRWRfwmMhn_2lxBoWQq9vjdGQTcaEj8fO6NXqCc/s400/23.jpg)
(၀၁) ပုံအတွင်း ရှိအမျိုးသမီး ကြီး ကြည့်နေသည်မှာ ပုံ အပြင်ဘက်သို့ ဖြစ်နေ သည်။ သာမန် Composition အနေ အားဖြင့် သူ ကြည့်နေသည့် နေရာ အတွက် နေရာ ပေးထားရန် လိုသည်။ ယခု ပုံ တွင် နေရာ မရှိ။ ဤ သည်မှာ သာမန် ဖွဲ့ စည်မှု ဆိုင်ရာ နည်း မှ ဖေါက် ထွက် လိုက်ခြင်း ဖြစ်သည်။
(၀၂) သို့ ရာ တွင် နောက်မှ အမျိုး သာ တစ်ဦးက အဆိုပါ အမျိုး သမီး ကြီးကို ကြည့်နေသည်မှာ အဆိုပါ Subject နှစ်ခုကို ခိုင်မာစွာစည်း နှောက် လိုက်ခြင်း ဖြစ်သည်။
(၀၃) အမျိုး သမီး ကြီး ၏ အလယ်တွင် မဟုတ်သော Off Center အနေအထား သည် များစွာ ကောင်းမွန်ကာ နောက်ရှိ အမျိုးသားပုံ နှင့် Balance ဖြစ်နေ စေသည်။
အထင်ပါ ဖေါ်ပြ ချက် များသည် ဆောင်းပါးရှင် Jeff Meyer က ပုံ အလိုက် Composition ဆိုင်ရာ များကို ထောက်ပြ သုံးသပ် ထားခြင်း ဖြစ်ပါသည်။ Photo Clinic မဟုတ်စေကာမူ အဆိုပါ သဘော ဆောင်သည့် ဆောင်းပါးဖြစ် အဖြင့် ဓါတ်ပုံ Composition ဆိုင်ရာဆောင်းပါးများတွင် တစ်မူ ထူးခြားသည့်အတွက် ဘာသာပြန် ကာ ပြန် လည် မျှဝေ ခြင်း ဖြစ်ကြောင်း ဖေါ်ပြ အပ်ပါသည်။

Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+