Heat Stroke အဖြစ်များနေ ကာကွယ်မနှေး အထူးသတိပေး
ယနေ့ မြန်မာနိုင်ငံ တွင်းရှိ တစ်ချို့ ကျေးလက်ဒေသနှင့် မြို့ ပြများတွင် အပူချိန် အလွန်ပြင်းထန်း လာနေခြင်းကြောင့် နောက်ဆက်တွဲအဖြစ် လူအများ အပြားတွင် အပူ ရှပ်ရှြော့ဖစ်သည့် Heat stroke များ အဖြစ်များနေ ပါသည် ။
သက်ကြီး ရွယ်အိုများ လူလတ်ပိုင်းများ ကလေး သူငယ်များ အရွယ် မရွေးဖြစ်ပေါ်နေပါသည် အခုလို့ ရာသီဥတုပူပြင်းသော အချိန်တွင် ကျန်းမာရေး အတွက် အရေးကြီးသော အချိန်အခါလို့ လည်း သတ်မှတ်လို့ ရနိုင်ပါသည် ။
အဝလွန်သောသူများ အရက်သောက်သုံးသူများ နေ့ ခင်းပိုင်း နေပူထဲတွင် အလုပ် လုပ်နေသော သူများ အထူးသတိ ထားကြပါ ။ သက်ကြီး ရွယ်အိုများကို အရိပ်ကောင်းပြိး အေးသောနေရာတွင် သွားရောက်နေထိုင်ပါ သည်လို အပူရှိန်ပြင်းထန်သည့် ဥတုရာသီတွင် အရေးကြီးပါသည် ။
Heat stroke သည် လူ့ ခန္ဓာကိုယ်တွင် အပူဒဏ်ခံရသော ဖြစ်စဉ်ခံစားမှု့ တွင် အဆိုးဝါးဆုံးဖြစ်ပြီး လူ့ အသက်ပင် အန္တရာယ်ပြု့ နိုင်ပါသည် ။
အပူရှိန်မြင့်မားသည့် အရှိန်ကြောင့် လူခန္ဓာကိုယ့်ရေဓာတ်များ ဆုံးရှုံးခြင်းများလာလို့  အာခေါင်တွေခြောက်ကပ်လာမယ် ချွေးများစွာ ထွက်ပေါ်လာခြင်းကြောင့် ထပ်မံပြီးတော့ ဓာတ်ဆားတွေပါ ဆုံးရှုံးလာသည့်အတွက် လူ့ ခန္ဓာကိုယ်သည် မလှုပ်ချင်ဖြစ်ပြီး အင်အားများချည်းနဲ့ လာပါသည် သည်လို့ အချိန်တွင် လူခန္ဓာကိုယ်အရေပြားတွေက ခြောက်သွေ့ လာကာ ကိုယ့်အပူရှိန်မြင့်တက်လာပြီး သတိမေ့ခြင်း အဖြစ်ရောက်ရှိ လာနိုင်ပါသည် အလွန်ပင် အရေးကြီးသည် အခြေအနေလည်းဖြစ်ပါသည် ။ အချိန်မီကုသဖို လိုအပ်ပါသည် ။ အချိန်မီကုသခြင်း မပြု့ လုပ်လျှင် အပူရှိန်မြင့်မား အပူရှပ်ခြင်းကြောင့် ကိုယ့်တွင်းအင်္ဂါအစိတ်အပိုင်းများဖြစ်သော နှလုံး ၊ အသည်း ၊ ကျောက်ကပ်များ ပျက်ဆီးလာသည့်အပြင် ကြွက်သားများ နှင့် ဦးနှောဏ်ကိုပါ ပျက်ဆီးပြီး အသက်ပင် ဆုံးရှုံးနိုင်ပါသည်။ အရေးပေါ် အခြေအနေတွင် အချိန်မီ ကုသခြင်း မခံယူနိုင်ပါ နာရီပိုင်းအတွင်းတွင် ကမ္ဘာ ကမ္ဘာဟာ အဝေးသို့ရောက်နိုင်သည့်အတွက် အရေးကြီးသော အပူရှပ် ရှော့ဖြစ်ခြင်း Heat stroke ဖြစ်လို့ ပေါ့ပေါ့ဆဆ မနေသင့်ပါ ။ နီးစပ်ရာဆေးရုံးသို့ အချိန်နဲ့ အညီအမြန်ဆုံးသွားရောက်ကုသပါလို့ ထပ်လောင်းပြောကြားလိုပါသည် ။
ကြိုတင်ကာကွယ်မှု့ အနေဖြင့် အလွန်ပုပြင်းသည့် ရာသီဥတု အချိန်တွင် ပုံမှန်ထက် အရည်များ ဆုံးရှုံးခြင်းကြောင်း အဓိကတော့ ရေများများသောက်ပေးပါ ။ သောက်လည်းသောက်သုံးသင့်ပါတယ် ။
အရည်ဆိုတဲ့နေရာမှာ အရက်ကိုလုံးဝမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်စေလို့ပါ။
သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်စတဲ့ အရည်တွေကိုတော့ သောက်နိုင်ပါတယ်။ ဓာတ်ဆားဖျော်ရည်ကို အချိုးကျ အထုပ်ကြီး တစ်ထုပ်ကို ရေတစ်လီတာ ပုလင်းနဲ့ ဖျော်ပြီး ရက်ခြားသောက်ပေးပါ ချွေးထွက်များခဲ့ရင် တစ်နေ့ တစ်ကြိမ်သောက်သင့်ပါသည် ။
ပူပြီး အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးနဲ့ ဟင်းရွက်သုပ်တွေလို အစာတွေကို များများစားပေးပါလို့  အမျိုးသားကျန်းမာရေး အနေဖြင့် လေးလေးနက်နက် အသိပေး တင်ပြလိုက်ရပါသည် ။
အပူဒဏ်ဘေးမှ ကင်းဝေးပြီး အသက်ရာကျော် ရှည်ပါစေ ....
Mg Mandalay

https://www.facebook.com/mg.mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) မြောက်ကိုးရီးယားနိုင်ငံမှာ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့ ကျွန်ုပ်တို့ နေ့စဉ်လုပ်နေတဲ့ အရာ (၁၀) ခု စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်
- (အနောကျသို့) ပူပြင်းရာသီ အအေးကြိုက်က ဘေးတွေ့ တက်သည် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... မှတ်ပြီလား... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' ခုနစ်လက်မ မျက်နှာပြင် တပ်ဆင်ထားသည့် Samsung Galaxy Mega 7.0 စမတ်ဖုန်း လာမည်