ကြက်ဥ မဆလာ ဟင်းလျာ
ကြက်ဥ မဆလာ ဟင်းလျာပါ။ ကြက်ဥကို ဒယ်ထဲ အလုံးလိုက် ဖောက်ထည့်ပြီ ခရမ်းချဉ်သီး၊ မဆလာ၊ ဇီယာ၊ နံနံစေ့တို့နဲ့ ရောချက်ထားတာပါ။ မဆလာနံ့ သင်းသင်းလေးနဲ့ တကယ် အရသာ ထူးခြားကောင်းမွန်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်၇အောင်…
ပါဝင်ပစ္စည်းများ
ကြက်ဥ – ၄လုံး
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
ငရုတ်သီးစိမ်း – ၂တောင့် (ထပ်ခြမ်းခြမ်းပါ)
ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ဇီယာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
မကျည်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ပြီနောက် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ ဇီယာမှုန့်၊ နံနံစေ့မှုန့်၊ မဆလာ(တ၀က်) ထည့်ပြီ မိနစ်ဝက်ခန့်ေ၇ာမွှေပါ။
၃။ ပြီလျှင် ခရမ်းချဉ်သီး၊ ရေ ခွက်(၂ခွက်) ထည့်ပြီ ခရမ်းချဉ်သီးနွမ်း၊ ရေတ၀က်ကျန်သည်အထိ တည်ထားပါ။
၎။ ရေတ၀က်ကျန်လျှင် ဆား၊ ဟင်းခတ်မှုန့် ထည့်ပေးပြီ ကြက်ဥများကို အလုံးလိုက် ဖောက်ထည့်ပေးပါ။
မှတ်ချက် ။ ။ ကြက်ဥ ဖောက်တဲ့အခါ ဖြည်းဖြည်းခြင်း လောင်းထည့်ပါ။
၅။ ထို့နောက် အဖုံးအုပ်ပြီ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့် တည်ထားပေးပါ။
၆။ နောက်ဆုံးမှ နံနံပင်၊ မကျည်းရည်၊ မဆလာ(တ၀က်) အုပ်ပြီ အရသာရှိစွာ ကြက်ဥ ဟင်းလျာကို သုံးဆောင်နိုင်ပါပြီ…
Credit;Wutyee Food House
--------------------------------------