ကြက်ဥအကာ ပရိုတင်းနှင့် ပြုလုပ်ထားသည့် ပလတ်စတစ်များ ထုတ်လုပ်နိုင်တော့မည်
Health Updates Journal No. 166
ရေနံထွက် ပစ္စည်းများဖြင့် ပြု လုပ်ထားသည့် ပလတ်စတစ်များကို အစားထိုးနိုင်မည့် ပလတ်စတစ် တစ်မျိုးကို ကြက်ဥအကာ ပရိုတင်းဖြင့် ထုတ်လုပ်နိုင်တော့ မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပလတ်စတစ် သည် ဘက်တီးရီးယား ဆန့်ကျင်အာနိ သင်များ ရှိနေကြောင်း သိရသည်။
Albumin ပရိုတင်းနှင့် နို့ရည်ကြည်တို့မှ ရရှိသော ပရိုတင်း သည် ဘက်တီးရီးယား ဆန့်ကျင် အာနိသင် ရှိသောကြောင့် ဆေးကုသ မှုနယ်ပယ်တွင် အသုံးပြုနိုင်မည်ဖြစ် ပြီး အနာသန့်စင်ဆေးများ၊ ချုပ်ကြိုး များ၊ ပိုက်များ၊ ဆေးထည့်အိတ်များ၊ ဆေးဝါးသယ်ပို့ စနစ်များ စသည်တို့ တွင် ထည့်သွင်းနိုင်မည်ဖြစ်သည်။
အမေရိကန်နိုင်ငံရှိ့ University of Georgia College of Family and Consumer Sciences မှ သုတေသီများက အဆိုပါ ပလတ်စတစ်ကို တီထွင်ခဲ့ခြင်းဖြစ်ပြီး albumin ပရိုတင်း၊ နို့ရည်ကြည်နှင့် ပဲပရိုတင်းတို့ကို အခြေခံ၍ စမ်းသပ် ခဲ့ခြင်းဖြစ်သည်။
Albumin သည် ကြက်ဥ အကာတွင်ပါဝင်သည့် ပရိုတင်း တစ်မျိုးဖြစ်ပြီး ပလတ်စတစ်အဖြစ် ဖန်တီးနိုင်သည့် glycerol ဒြပ်ပေါင်း နှင့် ရောစပ်လိုက်ပါက ဘက်တီးရီး ယားများကို ဆန့်ကျင်နိုင်သည့် အာနိသင်ရှိသည်ကို တွေ့ရသည်။
Albumin အခြေခံ ဇီဝပလတ်စတစ် ပစ္စည်းများကို ထပ်မံ ဖန်တီး၍ ဆေးပညာနယ်ပယ်၊ အစား အသောက်ထုပ်ပိုးမှု နယ်ပယ်တို့တွင် အသုံးချနိုင်ရန် လေ့လာမှုများ ဆက် လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သုတေသီများက ဆိုသည်။
သုတေသနကို Journal of Applied Polymer Science ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
ဇော်ကို
Ref; MDI

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဆေးထိုးရာတွင် မနာကျင်စေမည့် နည်းလမ်းသစ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ပန်းဂေါ်ဖီ အစိမ်းရင့်အပွင့်များနှင့် ကင်ဆာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'