ဦးကျည်ပွေ့ ဘရူတို
အနောက် ဗာဂျီးနီးယား တက္ကသိုလ် သမိုင်းမှာတော့ အသက်အကြီးဆုံး ဘွဲ့ရတစ်ဦး ပေါ်ထွက်ခဲ့ပါပြီ။ အသက် ၉၄ နှစ်အရွယ် အန်သိုနီ ဘရူတိုဆိုတဲ့ အဘိုး တစ်ယောက်ဟာ မေလ ၁၀ ရက်နေ့က ဒစ်ပလိုမာဘွဲ့ တစ်ခုကို ရအောင် ယူသွားနိုင်ခဲ့ပြီလို့ AP သတင်းမှာ ဖတ်လိုက်ရတယ်။
အဘိုး ဘရူတိုဟာ အသက် ၇၅ နှစ်ကတည်းက မဆုတ်မနစ်ဇွဲနဲ့ ပညာကြိုးစား လာခဲ့တာ။ သူ ယခု ရမယ့်ဘွဲ့က Regents Bachelor of Arts ဘွဲ့လို့ သိရတယ်။
ဘရူတို တက္ကသိုလ် စတက်ခဲ့တာ ၁၉၃၉ ခုနှစ်ကတည်းကပါ။ အဲဒီခေတ်က ကျောင်းလခက ဒေါ်လာ ၅၀ ပဲရှိသေးတယ်။ ၁၉၄၂ မှာ သူကျောင်းထွက်ခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့အချိန်အထိ လေတပ်မှာ တာဝန် ထမ်းဆောင်နေရလို့ ကျောင်းထွက် လိုက်ရတာ။
သူ ၁၉၄၆ ခုနှစ်မှာ တက္ကသိုလ်ပြန်တက်တယ်။ ဒါပေမဲ့ ကျောင်းပြီးအောင် မတက်လိုက်ရပါဘူး။ ဇနီးသည် နေမကောင်းတာနဲ့ ပြုစုပေးနေရလို့ ကျောင်းထွက် ခဲ့ရပြန်တယ်။
သူဟာ စက်ပြင်အလုပ်နဲ့ အသက်မွေးရင်းက ဘွဲ့တစ်ခုကို မရ,ရအောင်ယူမယ်ဆိုပြီးဆုံးဖြတ်ခဲ့တာ။ သူ့ဘ၀မှာ ဘွဲ့တစ်ခုယူဖို့ပဲ အရေးကြီးတယ်လို့ သတ်မှတ်ပြီး အသက် ၇၅ နှစ်ကတည်းက ကြိုးစားလာလိုက်တာ ခုတော့ ဆန္ဒပြည့်ဝခဲ့ပါပြီ။ သူက ခေတ္တနားလိုက်ဦးမယ်၊ မာစတာဘွဲ့ယူဖို့ အားမွေးလိုက်ဦးမယ်လို့ ပြောသေးတယ်။
သူတို့နိုင်ငံမှာ ပညာရေးကို ဘယ်အချိန်ရောက်ရောက်၊ ဘယ်အရွယ်ဖြစ်ဖြစ် အဲဒီလိုအားပေးတယ်။ ဒီမှာကတော့ ကျောင်းထုတ်ခံလိုက်ရတဲ့ကျောင်းသားတစ်ယောက် ကျောင်းပြန်တက်ခွင့်ရဖို့ဆိုတာ ပါချုပ်ကို ခြေသလုံးဖက်ရ တော့မလိုဖြစ်နေတာနဲ့တော့ ကွာပါ့ဗျာ။
၁၃.၅.၂၀၁၅

https://www.facebook.com/tin.nyunt.338?fref=nf
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) နှစ်ခါသေမှာ စိုးရိမ်လို့ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) ကျောင်းကောင်းဆိုတာ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)