ချစ်လွန်းလို့ ကလေးဘဝကို နစ်မွန်းလိုက်သော မိဘများ
အမေများနေ့အပြီး .နောက်တရက်မှာ ဒီစာလေးရေးရတာ စိတ်မကောင်းပါဘူး။ .ခေါင်းထဲပေါ်လာ လို့ရေးလိုက် မိတာပါ။
မူလတန်းကျောင်း သားလေး တယောက် .ကျောင်းက အိမ်ပြန်ရောက်ပြီးမှိုင်နေတယ်။. အမေကစိုးရိမ်ပြီး. ဘာဖြစ်လို့လဲမေးတယ်။. သားက.ကျောင်းက အိမ်စာတွေပေး လိုက်တာ မလုပ်တတ်လို့. မနက်ဖြန်ကျောင်းတက်ရင် .ဆရာမက ဒဏ်ပေးမှာကြောက်နေတယ် လို့ပြန်ဖြေတယ်။. အမေက. သူ့သားကို သနားတော့ .တလမ်းထဲနေတဲ့ သူ့သားနဲ့တတန်း ထဲကောင်လေး တယောက်ဆီက. အိမ်စာလုပ်ပြီး သား စာအုပ်ကို သွားငှားတယ်။. အိမ်ပြန်ရောက်တော့. သူသားကို အိမ်စာလုပ်ပြီးသားတွေ. ကူးရေးလိုက် လို့ပြောတယ်။. ကလေးကလဲ. ဝမ်းသာအားရ ကူးရေးတော့တာပဲ။. အမေလဲ့. သူ့သားပျော်သွား တာကြည့်ပြီး.ဝမ်းသာ ပီတိဖြစ်နေတယ်။ .နောင်လဲ. သူ့သား စာမလုပ် တတ်ဖူးဆိုရင်. သူ့သားကူးရေးဖို့. သူ့သား သူငယ်ချင်းတွေဆီ လှည့်ပြီး. စာအုပ်တွေ ငှားတယ်။. သားကလဲ. အမြဲကူးရေးတော့ တာပါပဲ။
တနေ့. သူငယ်ချင်းနဲ့ချိန်းထားလို့. သူ့အိမ်ရောက်သွားတယ်။. အိမ်ရောက်တော့. သူငယ်ချင်း မိန်းမက သူ့ယောက်ျား လမ်းထိပ်ကို ခနလေးသွားနေတယ်။. ခနလေးထိုင်စောင့်ဖို့ မှာသွားတယ် ဆိုလို့ ထိုင်စောင့်နေလိုက်ပါတယ်။. သူ့မိန်းမက .ဧည့်ခံစကားပြောပါတယ်။. အဲဒီအချိန်မှာ. သူ့သား၉တန်းကျောင်းသားလေးကို. ဧည့်ခန်းမှာ ကျူရှင်ပြနေတာတွေ့ လို့ကြည့်နေမိတယ်။ .သူ့မိန်းမကပြောပြတယ်။. အခု.သားကို ကျူရှင်ပြနေတာ .ရန်ကုန်မှာနာမည် အကြီးဆုံး. အတော်ဆုံး ကျူရှင်ဆရာမို့.ဈေးကြီးပေးပြီး. အိမ်ခေါ်သင်နေတာတဲ့။. အဲဒီဆရာပြနေတာကို ကြည့်နေရင်းနဲ့ တကယ်တော်တဲ့ ဆရာပဲလို့ သတ်မှတ်မိပါတယ်။. သူက.ကျောင်းသားကို. သင်္ချာတပုဒ်တွက်ပြတယ်။. "ဟောဒီမှာကြည့်. အဖြေကို လိုချင်ရင် ဒါနဲ့ဒါမြှောက်လိုက်ရင်မရဘူးလား။ .ကျောင်းသားက. ဟုတ်ကဲ့တဲ့။ .ပြီးရင် .ဒါကို တခါပြန်စားလိုက်။. မဟုတ်ဖူးလား။ .ကျောင်းသားက .ဟုတ်ကဲ့ပါပဲ။ .နာရီဝက်အတွင်း. ဆရာက ပုစ္ဆာ၁၀ပုဒ်လောက် တွက်ပြသွားတယ်။ .ကျောင်းသားကလဲ. ပါးစပ်က "ဟုတ်ကဲ့"နဲ့ပဲပါးစပ်နဲ့ တွက်သွားတယ်။. လက်နဲ့တွက်တာ တခုမှမရှိဘူး။ .ပြီးရင်. ဆရာတွက်ပြီးသား ပုစ္ဆာတွေကို. ကူးရေးလိုက်တယ်။ .ဦနှောက်တချက်မှ သုံးစရာ မလိုဘူး။
ဒီအဖြစ်အပျက်လေး၂ခုကို .ကြည့်လိုက်ရင် အမေ၂ယောက်စလုံးဟာ .သူတို့သားလေးတွေကို အရမ်းချစ်တယ်ဆိုတာ. သံသယဖြစ်စရာ မလိုပါဘူး။. ဒါပေမဲ့.သူတို့ရဲ့ အပြုအမူဟာ. ကလေးတွေရဲ့ ဘဝကိုနစ်မွန်းအောင် လုပ်လိုက်တယ် ဆိုတာသိကြမှာ မဟုတ်ဘူး။. ဘယ်လိုနစ်မွန်းအောင် လုပ်လိုက်တာလဲ။ .ကျောင်းမှာ .စာသင်ပေးတယ်ဆိုတာ .ကျောင်းသင်္ခန်းစာတွေကို. ဆရာ .ဆရာမကရှင်းပြတယ်။ .ပြီရင်လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတယ်။. သင်ပေးတဲ့ သင်္ခန်းစာ နားလည်မလည်သိချင်လို့ရယ်. ကလေးတွေကို စဉ်းစားတွက်ချက် တတ်အောင် ကျင့်ပေးတာပါ။. ဒါကို .မူလတန်းကျောင်းသားလေးက. သူ့ဖါသာသူမလုပ်ပဲ .သူများရေးထား. တွက်ထားတာကို အသင့်ကူးချတယ်။.- ၉တန်းကျောင်းသားကလဲ. သူ့ဉာဏ်မသုံးပဲဆရာပြောသမျှ. ဟုတ်ကဲ့ပဲ လုပ်တယ်။
ဒီကလေး၂ယောက်ကြီး လာကြပြီ။. လူ့လောကမှာ .အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီ။. မဖြေရှင်းတတ်တော့ဘူး။. ဘာကြောင့်လဲ။. တသက်လုံး ကိုယ့်ဦးနှောက်ကိုမသုံးခဲ့ပဲ. သူများဦနှောက်နဲ့ လုပ်ထားတာကို အသင့်ယူ စားနေခဲ့တာကိုး။ .ဦးနှောက် မသုံးခဲ့တော့. စဉ်းစားဆင်ခြင် ဉာဏ်ကင်းမဲ့နေတယ်။. သူများက. အဖြူဆိုလဲ ယုံလိုက်တာပဲ။. အမဲဆိုလဲ.မဲပစ်လိုက်တာပဲ။. သူ့ဘဝတလျှောက်မှာ. သူ့ခြေထောက်ပေါ် မားမားမတ်မတ် ရပ်တည်နိုင်ဖို့ အလွန်ခဲယဉ်းသွားပြီ။
သားသမီးကို ချစ်ရင် .ဦးနှောက်သုံးပြီး စဉ်းစားရမဲ့ အလုပ်မှာ. ဘယ်တော့မှ အလိုမလိုက်ပါနဲ့။. သူ့ဖါသာသူလုပ်ပါစေ။
ရေးသားသူ. သိန်းဖေ(ခေတ္တ-စင်္ကာပူ)

https://www.facebook.com/1568271350092989/photos/pcb.1573168852936572/1573168812936576/?type=1&theater
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) သီးအနှံတွင်ပါရှိသော သကြားဓါတ် တစ်မျိုးကြောင့် ပို၍ဆာလောင်စေနိုင် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) Android Phone တွေ System update ပေးတိုင်း လုပ်သင့်ပါသလား။ ??? Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)