ညအချိန် အိပ်မက်ဆိုးမက်ကာ လန့် နိုးတတ်သော ကလေးများ အိပ်ပျော်စဉ် လမ်းလျှောက်နိုင်ခြေ မြင့်မား
သမန်းကျား၊ ရတနာပုံနေ့ စဉ်
ကလေး သူငယ် အသက်ရွယ်တွင် ညအိပ်နေစဉ် အိပ်မက်ဆိုးများမက်ကာာ လန့် နိုးတတ်သူများသည် ယင်းအကျိုး ဆက် ကို ဆယ်ကျော်သက် အရွယ်ရောက်လာ သည်အထိ ခံစားရလေ့ရှိပြီး အိပ်နေရင်း လမ်းထလျှောက်တတ်သူ များနိုင်ကြောင်း ကနေဒါ သုတေသီများက ဆိုသည်။
သုတေသီများက ကွီဘက်မြို့ မှ ကလေးပေါင်း ၂၀၀၀ ကျော်အား အသက် ၅ နှစ်မှ ၁၃ နှစ်အထိ စောင့်ကြည့် လေ့လာခဲ့ရာ ကလေး ထက်ဝက်ခန့် မှာ ညအချိန်ကြောက်ရွံ့ ထိတ်လန့် တတ်ကြပြီး အများစုမှာ အိပ်ပျော်နေရာမှ ငိုပြီးနိုးလာခြင်း၊ အော်ဟစ်ထိတ်လန့် ကာနိုးလာခြင်း၊ ဇောချွေးပြန်ခြင်းတို့ ကို ခံစားရကာ ၄င်းတို့ အနက် ၃၀ ရာခိုင် နှူန်းခန့် မှာ အသက် ၂ နှစ်မှ ၁၃ နှစ်အတွင်း အိပ်နေရင်း လမ်းထလျှောက်တတ်ကြသည်ကို တွေ့ ရှိခဲ့ကြသည်။
ကလေးတွေက ညဆို ကြောက်တတ်တာ များပါတယ်။ အချို့ ကလည်း အဆက်မပြတ် ငိုတတ်ကြပြီး အချို့  က လည်း အိပ်မက်ဆိုးတွေမက်ပြီး လန့် နိုးလာတဲ့အတိုင်း အော်ဟစ်ပြီး နိုးလာ တတ်ကြပါတယ်။ သူတို့ တွေပဲ အိပ်နေ ရင်းလည်း လမ်းထလျှောက်တတ်ကြပြန်ပါတယ်။ အသက် ၁၀ နှစ်အရွယ်တွေ ပိုများပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။
အသက် ၁၀ နှစ်မတိုင်မှီ အသက် ၄ နှစ်ခန့် တွင်ပင် ညအချိန်၌ ထိတ်လန့် ကြောက်ရွံ့ နေတတ်ကြသော ကလေးငယ်များသည် အိပ်နေရင်း လမ်းထလျှောက်နိုင်ခြေ ၃၄ ရာခိုင်နှူန်းရှိရာဝယ် အသက် ၁၀ နှစ်ခန့် မှ ည ကြောက်စိတ်ရှိသည့် လက္ခဏာပေါ်လာသော ကလေးငယ်များသည် အိပ်နေရင်း လမ်းထလျှောက်နိုင်ခြေ ၂၂ ရာခိုင် နှူန်းသာရှိကာ ညကြောက်စိတ်မရှိသော ကလေးများတွင်မူ အိပ်နေရင်း လမ်းထလျှောက်နိုင်ခြေ အလွန်းနဲပါးကြောင်း တွေ့ ရှိခဲ့ကြသည်။
ထို့ အပြင် ညကြောက်စိတ်နှင့် အိပ်နေရင်း လမ်းထလျှောက်သော အကျင့်များသည် မျိုးရိုးလိုက်ဖွယ်ရှိကြောင်း၊ မိဘ သည် ငယ်စဉ်က ညမအိပ်နိုင်ဘဲ အော်ဟစ်ငိုယိုနေ တတ်ခဲ့လျင် သား၊ သမီးများတွင်လည်း ယင်းအကျင့်မျိုး စွဲပါလာ လေ့ ရှိကြောင်း၊ သို့ ရာတွင် ကလေးငယ်များ ညကြောက် စိတ်အဘယ်ကြောင့် ရှိရသည်ကိုမူ ထင်ရှားပေါ်လွင်သော အဖြေတစ်ခုကို ရှာမတွေ့ သေးကြောင်း သိရသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ငွေကြေး မပြေလည်မှုကြောင့် စိတ်ဖိစီးမှုက အမျိုးသမီးများတွင် နှလုံးကို ထိခိုက်စေနိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) မီးဖိုချောင် သန့်သန့်ကို နှစ်သက်သော အိမ်ရှင်မများအတွက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'