သမီးကိုပြောချင်တဲ့ စကားများ
သမီး...
သမီး….သမီး မူကြိုကျောင်း တက်ခဲ့တာကို မှတ်မိသေးရဲ့လား။
ဒါကြောင့်မို့လို့ ဘာမဆို သမီးကိုယ်တိုင် သေသေချာချာ စမ်းစစ်ပြီးမှ လက္ခံယုံကြည်တတ်တဲ့ အကျင့်ကလေးမွေးမြူထားရပါမယ်။ ကိုယ်ကိုကို ယုံကြည်စိတ်မွေးမြူထားရပါမယ်။ ဘ၀မှာ ကိုယ့်အတွေးအထင်သက်သက်ရယ်၊ သူများအတွေးအထင်သက်သက်ရယ်ကို လွတ်မြောက်နိုင်မယ်ဆိုရင် ဘ၀ခရီးတလျှောက်လုံးမှာ တွေ့ကြုံရမြဲ ဖြစ်တဲ့ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ၊ သောကတွေ အားလုံးဟာ ကိုယ်ထင်သလောက် မကြီးမားဘူးဆိုတာကို သမီးတွေ့ရပါလိမ့်မယ်။ အခက်အခဲအားလုံးဟာ လည်းထင်သလောက်မခက်ခဲဘူးဆိုတာ သမီးတွေ့ရပါလိမ့်မယ်။ လောကကြီးမှာ ခက်ခဲလို့ဆုံးရူံးရတဲ့လူဟာ ကြောက်လို့ဆုံးရူံးရတဲ့လူလောက်မများပါဘူး။ အဲဒီကြောက်တဲ့လူတန်းစားဆိုတာ သူများအတွေးအထင်တွေ ကို ကိုယ့်အတွေးအထင်နဲ့ ရောစပ်ပြီး ကိုယ့်ကိုကို ပြန်ခြောက်လှန့်တဲ့ လူတန်းစားမျိုးပါ။ သမီးအဲဒီလူတန်းစားထဲ လွတ်မြောက်နိုင်ပါစေ။
သမီး...နောက်ဆုံးပြောချင်တာကတော့ ဘာသာရေးကို ကိုင်းရိုင်းပါ။ ဒါပေမဲ့ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မူနဲ့ အနုပညာ မြတ်နိုးမူကိုလည်း လုံးဝအလေးထားပါ။
ဒီလိုပြောတာက သမီးကသိပ္ပံပညာရှင်နဲ့ အနုပညာရှင်ဖြစ်ရမယ်လို့ လုံးဝမဆိုလိုပါဘူး။ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မူဟာ ကျိုးကြောင်းဆက်နွယ် စဉ်းစားမူကို အထောက်အကူပြုစေပြီး ဘ၀ကိုမ “အ” အောင်အကူအညီပေးပါလိမ့်မယ်။ အနုပညာပိုင်းကိုတော့၊ ဘယ်အနုပညာပဲဖြစ်ဖြစ်ပေါ့လေ သမီးစိတ်ပါလက်ပါနဲ့ လိုက်စားမယ်ဆိုရင်၊ သမီးရဲ့ဘ၀ များစွာပိုမိုစိုပြေလာလိမ့်မယ်ဆိုတာကို ဆန္ဒပြုရင်း….....
သမီးရဲ့ဖေဖေ
Ref: Phoenix tv
သမီး... အခုဆိုရင် အလယ်တန်း အောင်မြင်ပြီးလို့ အထက်တန်းကို စတက်နေရပါပြီ၊ သမီးရဲ့ ဘ၀မှာ သိသင့်တာတွေလို့ ဖေဖေ ယူဆထားတဲ့ အမှန်တရားတွေကို ပြောပြပါမယ်။ ဖေဖေ ယူဆထားတဲ့ အမှန်တရား ဆိုတာက ဖေဖေ ဒီအသက် အရွယ်မှာ မှန်တယ်လို့ ထင်မြင်ထားပေမဲ့ လုံးဝမှန်တဲ့ အမှန်တရားတွေလို့ မဆိုလိုပါဘူး။ သမီးရဲ့ဘ၀ တစ်လျှောက်မှာ သမီးရဲ့ ဘ၀အတွေ့အကြုံကို အခြေခံပြီး ပြောင်းလဲပြုပြင်ပြီးမှ လက္ခံလို့ ရပါတယ်။
သမီး….သမီး မူကြိုကျောင်း တက်ခဲ့တာကို မှတ်မိသေးရဲ့လား။
မူကြိုကျောင်းတက်ခဲ့တုံးက သမီးသင်ယူခဲ့တဲ့ အမှန်တရားတွေကို သမီးတစ်သက်လုံး ထိမ်းသိမ်းထား သင့်ပါတယ်။ ဥပမာ.. ဘာမဆို စည်းကမ်းရှိရမယ်။ တန်းစီရမယ်။ ပစ္စည်းတွေကို သူနေရာနဲ့ သူထားရမယ်၊ အရင်လာတဲ့လူကို ဦးစားပေးရမယ်၊ တွေ့တဲ့ အသိတွေကို နူတ်ဆက်ရမယ်၊သူများအပေါ် မတရားမလုပ်ရဘူး စသည်တို့ပေါ့လေ.. အဲဒါတွေဟာ ဘ၀တစ်ခုလုံးအတွက် အမှန်တရားတွေပဲသမီး၊ ဒါပေမဲ့ အသက်အရွယ် တဖြည်းဖြည်း ကြီးပြင်းလာလို့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မူတွေကြောင့် အဲဒီမူကြိုက အသိတန်ဖိုးတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ပျောက် သွားတတ်ပါတယ်။ ဖေဖေသမီးကိုတော့ ဆက်ပြီးထိမ်းထားပါလို့ တိုက်တွန်းချင်ပါတယ်။
သမီး..... လူဆိုတာ ကိုယ့်ကိုကို အပြည့်အ၀ တာဝန်ယူရဲတဲ့စိတ် ရှိရပါမယ်။
အမှားတစ်ခုကို လုပ်မိတာပဲဖြစ်ဖြစ်၊ ဒဏ်ရာ ရသွားတာပဲဖြစ်ဖြစ်၊ ဘယ်သူ့မှ ကိုယ့်ကိုယ်စား ခံစားပေးမဲ့ လူမရှိပါဘူး၊ ခံစားပေးလို့လည်း မရပါဘူး။ ယုတ်စွအဆုံး ကိုယ့်ကိုအချစ်ဆုံးဖြစ်တဲ့ မိဘတွေတောင်မှ ကိုယ့်အစား ခံစားပေးလို့မရပါဘူး။ အဲတာ မြဲမြဲမှတ်ထားရမယ်သမီး။ လူဆိုတာ တခါတလေ လူတိုင်း အမှားလုပ်မိ တတ်ပါတယ်။ အမှားကို ၀န်ခံရဲခြင်းဟာ အမှား မလုပ်မိအောင်ရှောင် ရှားတတ်ခြင်းထက် အရေးကြီးပါတယ်။ အမှားကို ပြုပြင်တတ်ခြင်းဟာ အမှားကို ၀န်ခံတတ်ခြင်းထက် ပိုအရေးကြီး သွားပြန်ပါတယ်။ ဒါကြောင့်မို့လို့သမီး၊ ကိုယ့်ကိုကို တာဝန်ယူရဲတဲ့ သတ္တိမွေးရပါမယ်။ အဲဒီသတ္တိကတော့ ကိုယ်လုပ်မိတဲ့ အမှားကို ၀န်ခံရဲမယ်။ ပြီးရင်ပြုပြင်နိုင်စွမ်း ရှိရပါမယ်။
သမီး... လူဆိုတာ ကိုယ့်အတွေးအထင်နဲ့ကိုယ် ပြန်ခြောက်လန့်မိတတ်သလို၊ သူများ အတွေးအထင်တွေနဲ့လည်း ကျဆုံးတတ်ပါတယ်။

အင်တာနက်တို့ ၊ မိုလ်ဘိုင်းဖုန်းတို့၊ မီဒီယာပေါင်းစုံ ဂျာနယ်ပေါင်းစုံ ထွန်းကားတဲ့ခေတ်ဆိုပေမဲ့ အဲဒါတွေအားလုံးဟာ သမီးရဲ့ဆုံးဖြတ်ချက်ကို ကိုယ်စားမပြုလုပ်ပေးနိုင်ပါဘူး။ လူဆိုတာ အတွေ့အကြုံ ကို အခြေခံပြီး စဉ်းစားတတ်တာမို့၊ အဲဒါအမှန်တွေပဲလို့ ယုံကြည်တတ်ကြပါတယ်။ သမီးမှတ်မိအုံးမယ်ထင်ပါတယ်။ တခါက သမီးဖေဖေကိုမေးခဲ့ဖူးတယ်လေ၊ သမီးတို့ကျောင်းက ဒုတိယတန်းမှာသင်ရတဲ့ပုစ္စာလို့ သမီးကပြောတယ်။ ၅၂၇ ကို ၁၀၇ နူတ်လိုက်တာနဲ့၊ ၅၂၇ ကို ၁၀၀ အရင်နူတ်ပြီး ၇ ကိုထပ်ပေါင်းလိုက်တာနဲ့ တူတူပဲလားလို့ ဖေဖေကို မေးတော့ ဖေဖေက တူတူပဲလို့ ချက်ချင်းဖြေလိုက်တယ်လေ။ ပြန်စဉ်းစားကြည့်တော့ အမှားကြီးမှားနေတာကို တွေ့ရတယ်လေ။ ၅၂၇ - ၁၀၇ = ၄၂၀ ရပြီး၊ ၅၂၇-၁၀၀+၇ = ၄၃၄ ဖြစ်နေတာကို တွေ့ရတယ်လေ။ သမီးတို့ရဲ့ဘ၀တစ်လျှောက်လုံးမှာ မှန်သလိုလိုနဲ့ မှားနေတဲ့အရာတွေ အများကြီးရှိတယ်ဆိုတာ သက်သေပြလိုက်သလိုပဲ။ လူဆိုတာ ကိုယ့်အထင်နဲ့ကိုယ်မှားသွားတတ်သလို၊ သူများအထင်နဲ့လည်း ဒုက္ခဖြစ်သွားတတ်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ အစီအစဉ်တစ်ခုခုကို ကိုယ့်အရည်အချင်းကိုသိပ်မယုံကြည်လို့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှမသိတဲ့ သူငယ်ချင်းကို သွားပြီးအကြံအဥာဏ်တောင်းမိတာမျိုး လူငယ်တွေ ခဏခဏပြုလုပ်တတ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ဖြေဆိုဖို့က ၉၀% သေချာနေတယ်..သမီး၊ နားမလည်တဲ့လူကိုမှ သွားမေးမိ တာကိုး။ အကောင်အထည် မစခင်မှာပဲ ကျဆုံးသွားတဲ့သဘောပေါ့။
ဒါကြောင့်မို့လို့ ဘာမဆို သမီးကိုယ်တိုင် သေသေချာချာ စမ်းစစ်ပြီးမှ လက္ခံယုံကြည်တတ်တဲ့ အကျင့်ကလေးမွေးမြူထားရပါမယ်။ ကိုယ်ကိုကို ယုံကြည်စိတ်မွေးမြူထားရပါမယ်။ ဘ၀မှာ ကိုယ့်အတွေးအထင်သက်သက်ရယ်၊ သူများအတွေးအထင်သက်သက်ရယ်ကို လွတ်မြောက်နိုင်မယ်ဆိုရင် ဘ၀ခရီးတလျှောက်လုံးမှာ တွေ့ကြုံရမြဲ ဖြစ်တဲ့ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေ၊ သောကတွေ အားလုံးဟာ ကိုယ်ထင်သလောက် မကြီးမားဘူးဆိုတာကို သမီးတွေ့ရပါလိမ့်မယ်။ အခက်အခဲအားလုံးဟာ လည်းထင်သလောက်မခက်ခဲဘူးဆိုတာ သမီးတွေ့ရပါလိမ့်မယ်။ လောကကြီးမှာ ခက်ခဲလို့ဆုံးရူံးရတဲ့လူဟာ ကြောက်လို့ဆုံးရူံးရတဲ့လူလောက်မများပါဘူး။ အဲဒီကြောက်တဲ့လူတန်းစားဆိုတာ သူများအတွေးအထင်တွေ ကို ကိုယ့်အတွေးအထင်နဲ့ ရောစပ်ပြီး ကိုယ့်ကိုကို ပြန်ခြောက်လှန့်တဲ့ လူတန်းစားမျိုးပါ။ သမီးအဲဒီလူတန်းစားထဲ လွတ်မြောက်နိုင်ပါစေ။
သမီး...နောက်ဆုံးပြောချင်တာကတော့ ဘာသာရေးကို ကိုင်းရိုင်းပါ။ ဒါပေမဲ့ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မူနဲ့ အနုပညာ မြတ်နိုးမူကိုလည်း လုံးဝအလေးထားပါ။
ဒီလိုပြောတာက သမီးကသိပ္ပံပညာရှင်နဲ့ အနုပညာရှင်ဖြစ်ရမယ်လို့ လုံးဝမဆိုလိုပါဘူး။ သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မူဟာ ကျိုးကြောင်းဆက်နွယ် စဉ်းစားမူကို အထောက်အကူပြုစေပြီး ဘ၀ကိုမ “အ” အောင်အကူအညီပေးပါလိမ့်မယ်။ အနုပညာပိုင်းကိုတော့၊ ဘယ်အနုပညာပဲဖြစ်ဖြစ်ပေါ့လေ သမီးစိတ်ပါလက်ပါနဲ့ လိုက်စားမယ်ဆိုရင်၊ သမီးရဲ့ဘ၀ များစွာပိုမိုစိုပြေလာလိမ့်မယ်ဆိုတာကို ဆန္ဒပြုရင်း….....
သမီးရဲ့ဖေဖေ
Ref: Phoenix tv
Aung Ko Latt
https://www.facebook.com/permalink.php?story_fbid=1440097282957338&id=100008712392309&substory_index=0
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) အသက် (၁၀၀) ထိရှည်အောင် ဘယ်လိုနေမလဲ Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)
- (အနောကျသို့) လျှို့ဝှက် ဆန်းကြယ်မှုများနှင့် လူသားတို့ ခန္ဓာကိုယ် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review JAVA leaning Myanmar (PDF)