ငါးခူ အုန်းနို့ဟင်း
အရသာရှိပြီ ခံတွင်းတွေ့စေမယ့် ငါးခူ အုန်းနို့ ဟင်းလျာပါ။ ဟင်းခတ် အမွှေးအကြိုင် များများနဲ့ ရောပြီ ချက်ထားတာမို့ အရသာရော၊ အနံ့ပါ ထူးခြားကောင်းမွန် ပါတယ်။ အုန်းနို့ကြောင့် အရသာက ချိုစိမ့်ပြီ ထမင်းမြိန်စေတဲ့ ဟင်းလျာတစ်ခုပါ။ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
ငါးခူ – ၃၀ ကျပ်သား(အကောင်ကြီး ၃ကောင်)
ကြက်သွန်နီ – ၁လုံး (ညက်အောင် ထောင်းပါ)
ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းပါ)
ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းပါ)
ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
ပျဉ်တော်သိမ်းရွက် – ၁၀ ရွက်
ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
မုန့်ညှင်းစေ့ – စားပွဲတင်ဇွန်း တ၀က်
ဇီယာစေ့ – လက်ဖက်ရည်ဇွန်း တ၀က်
စမုံစပါးစေ့ – လက်ဖက်ရည်ဇွန်း တ၀က် (ညက်အောင် ထောင်းပါ)
မဆလာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
အုန်းနို့ – စားပွဲတင်ဇွန်း ၃ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ငါးခူများကို ခေါင်းဖယ်ပြီ ၁လက်မအရွယ် အတုံးများ တုံးပေးပါ။
၂။ ထို့နောက် ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ပျဉ်တော်သိမ်းရွက် တို့ကို ဆီသပ်ပေးပါ။
၃။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ ဇီယာ၊ မုန့်ညှင်းစေ့၊ စမုံစပါးစေ့ တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။
၎။ ပြီမှ ခ၇မ်းချဉ်သီး၊ ငါးခူ၊ ရေခွက်(၁ခွက်)ထည့်ပြီ အဖုံးအုပ်ကာ တည်ထားပါ။
၅။ အရသာအတွက် ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပြီ ရောမွှေပါ။
၆။ ဆီပြန်ခါနီးလျှင် အုန်းနို့ထည့်၊ မဆလာ၊ နံနံပင်အုပ်ပေးပါ။
ရ။ အရသာရှိသော ငါးခူ အုန်းနို့ဟင်းလျာကို ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Credit; Wutyee Food House
--------------------------------------
- (အရှေ့သို့) ခေါင်းငုံ့၍ စမတ်ဖုန်း အသုံးပြုခြင်းကြောင့် ကျောရိုးထိခိုက်နိုင် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) နံရိုးပေါင်း ခေါက်ဆွဲ Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'