ဖေ့စ်ဘွတ် (Facebook) နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်တစ်ချို့
သင်ကဖေ့ဘွတ်ကို နေ့တိုင်းသုံးသူလား။ ဒီ အချက်တွေကတော့ ဖေ့ဘွတ်နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်အချို့တွေ ပဲဖြစ်ပါတယ်။
၁။ ဖေ့ဘွတ်က အပြာရောင်ဖြစ်နေတာ ဘာလို့လဲဆိုတော့ ဖေ့ဘွတ် တီထွင်သူ မာ့ဇ်ဇူဘတ်က ကာလာ ဘလိုင်း( အရောင် မှန်ကန်စွာ မခွဲနိုင်သူ) တစ်ယောက်ဖြစ်နေလို့ပါ။
၂။ သင်ဖေ့ဘွတ်မှာ log in လုပ်ပြီး ၀င်လိုက်တာနဲ့တပြိုင်နက် အင်တာနက်မှာ သင်ရှာကြည့်သမျှ၊ လုပ်သမျှ အားလုံးနီးပါးကို ဖေ့ဘွတ်က ခြေရာခံ မှတ်သားထားပါတယ်။
၃။ နေ့စဉ် ဖေ့ဘွတ် အကောင့်တွေကို ဟက်လုပ်ဖို့ ကြိုးပမ်းသူတွေဟာ ၆၀၀ ၀၀၀ အထက်မှာ ရှိပါတယ်။
၎။ လေ့လာမှု တစ်ခုအရ လူ သုံးယောက်မှာ တစ်ယောက်ဟာ ဖေ့ဘွတ် သုံးပြီးတဲ့အခါ သူတို့ရဲ့ နေထိုင်မှု ဘ၀အပေါ် စိတ်မကျေမနပ်မှု ပိုပြီး ခံစားရကြောင်းတွေ့ရပါတယ်။
၅။ အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ် လင်မယား ကွာရှင်းမှု မှတ်တမ်း အကြောင်းရင်းများရဲ့ သုံးပုံ ပုံ တစ်ပုံဟာ ဖေ့ဘွတ်သုံးခြင်းနဲ့ ဆက်နွယ်နေပါတယ်။
၆။ ဖေ့ဘွတ် ကုမ္ဗဏီဟာ အမေရိကန်နိုင်ငံမှ ဖေ့ဘွတ် သုံးစွဲသူတိုင်းစီမှ ပျမ်းမျှအားဖြင့် အမေရိကန် ဒေါ်လာ ၅. ၈၅ ရရှိနေပါတယ်။
၇။ အခုနှိပ်နေကြတဲ့ Like ကို မူလအစတုန်းက Awesome လို့ သုံးဖို့ စဉ်းစား ခဲ့ဖူးပါတယ်။
၈။ တစ်စက္ကန့်တိုင်းမှာ Likes သူပေါင်းဟာ ၁.၈ မီလီလျံ အထက်မှာ ရှိပါတယ်။
၉။ မိမိသေဆုံး သွားတဲ့အခါ မိမိရဲ့ ဖေ့ဘွတ်ကို လွှဲပြောင်း သုံးစွဲစီမံသူ ထားဖို့လုပ်နိုင် ပါတယ်။ (နိုင်ငံတိုင်းမှာတော့ မသုံးနိုင်သေးပါဘူး)
Ref:unbelievable-facts.com

Trend Myanmar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကလေးတွေ ပြောရဲဆိုရဲ ဖြစ်လာစေဖို့ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောက်သို့) Play Box စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို