ပုဇွန်ဆိတ်ငပိချက် (အိုးကြီးချက်)

မြန်မာတို့ရဲ့ အလှူပွဲများမှာ ထမင်း၊ ဟင်းနဲ့ ဧည့်ခံကျွေးမွေးတော့မယ် ဆိုရင် တို့စရာ၊ ငပိထောင်း၊ ငပိရည်၊ ငပိချက်စသည်ဖြင့် ပါရတာများပါတယ်။ ဒါမှလဲ ထမင်းမြိန် ပေတာကိုး။ ကျွန်မတို့တွေ ဘယ်နေရာ ဘယ်နိုင်ငံရောက်ရောက် ငပိရည်၊ ငပိချက်၊ ငပိ ထောင်း အနံ့လေးများ ရရင် ဗိုက်ထဲက အလိုလို ဆာလာသလိုမျိုးပေါ့။ ဘယ်သူက ဘယ်လို ပဲ နံတယ်ပြောပြော ကိုယ်တွေအတွက်တော့ မွှေးလို့နေပါတယ်။ သူတို့အဖြူတွေမှာလည်း ကျွန်မတို့လို အနံ့ဆိုးတဲ့ အရာကို စွဲလန်းနေတာ ရှိပါတယ်။ အဲဒါကတော့ ချိစ်ပါ။ ချိစ်ဟာလည်း အနံ့ဆိုးတတ်ပါတယ်။ ဒါကို သူတို့ဘာကြောင့် စွဲစွဲလန်းလန်း ကြိုက်ကြပါသလဲ။ သူ့ အကြိုက် သူ့ဒေသ သူတို့အစားအစာမို့ပါ။
ဒီတစ်ခါတော့ ကျွန်မက အလှူမှာထည့် ဧည့်ခံနိုင်စေရန် မြန်မာတို့အကြိုက် ပုဇွန်ဆိတ်ငပိချက်လေးကို ရေးပေးချင်ပါတယ်။ တော်တော်ကို စပ်စပ်ချက်ပါမယ်။ ရှူးရှဲ ပေါ့နော်။ ဒီနည်းလေးကို ဒေါ်စောရီမြေးတစ်ယောက်ဖြစ်တဲ့ ကျွန်မအစ်ကိုဝမ်းကွဲ ကိုကြီး ထွန်းက ပေးပါတယ်။
ပါဝင်ပစ္စည်းများ
ပုဇွန်ဆိတ်သေး ၁ ကီလို
အသားမှုန့်
မိုးမျှော် ငရုတ်သီးခြောက် ၂ဝကျပ်သား
(ရှမ်းငရုတ်သီး)
ရေချိုငပိ ၇ ကျပ်သား
ကြက်သွန်နီ ၁ဝ သား
ကြက်သွန်ဖြူ ၂ ကျပ်သား
ငရုတ်သီးစိမ်း အတောင့် ၂ဝ ခန့်
ပင်စိမ်းများများ
ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ငရုတ်သီးခြောက်တွေကို ညက်နေအောင် ရောထောင်းပေးထားပါ။
ပုဇွန်ဆိတ်လေးများကို ရေစင်စင်ဆေးထားပေးပါ။
ငပိကိုတော့ ခဏမျှ ကျိုထားပေးပါ။
ငပိကို ကြာကြာကျိုရင် ခါးတတ်ပါတယ်။ ဒါကြောင့် ခဏသာ တပွက်ဆူကျိုပေး ပါ။
ဆီများများနဲ့ ထောင်းထားသော ငရုတ်သီးထောင်းကို ဆီသတ်ပါ။
ခြောက်လာ ပြီး ညှော်ခါနီးလာရင် ပုဇွန်ရေဆေး ထားတာကို ထည့်ပါ။ ကျက်ပြီးသား ငပိရည်ကျိုကိုပါ ရောထည့်ပေးပါ။ အသားမှုန့် အနည်းငယ်ထည့်ပါ။
ပွက်လာပြီဆိုရင် ပင်စိမ်း (သို့) နံနံပင်များများ ရောပေးပါ။ ဒီနေရာမှာ ရပ်လိုက် ပြီး ရေကျဲကျဲနဲ့ စားလို့ရသလို ခပ်ခြောက်ခြောက်စားချင်ရင်တော့ အရွက်မခပ်ခင် ခန်းလာ သည်အထိ တည်ပေးနိုင်ပါတယ်။
မှတ်ချက် ။ ။ ငပိပါပြီးသားမို့ ဆားကို ကျွန်မကတော့ မထည့်ပါ။ အငံကဲတာ ကြိုက်သူများ သုံးနိုင်ပါတယ်။
Credit;Danuphyu Daw Saw Yee (London)
--------------------------------------
- (အရှေ့သို့) ငါးစီဖောင်း ပဲငပိဟင်း Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) မိန်းကလေးတွေ စိတ်တိုရင် ဘယ်လိုပြောတတ်သလဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း