ကမ္ဘာ့လျှာအရှည်ဆုံး ဆယ်ကျော်သက် အမျိုးသမီး

ကမ္ဘာ့ လျှာအရှည်အဆုံး လူသားဟာ အသက် ၁၈ နှစ်အရွယ် သာရှိသေးတဲ့ ဆယ်ကျော်သက် အမျိုးသမီး တစ်ယောက် ဖြစ်နေတာကို တရားဝင်ဖြစ် မှတ်တမ်းတင်နိုင်အောင် ကြိုးစားနေကြပါတယ်။ လျှာရှည်တယ်ဆိုတာ စကားများတာကို ပြောတာမဟုတ်ပါဘူး။
စကားပြောတဲ့ လျှာရဲ့အလျှားအရှည် ကိုပြောတာဖြစ်ပါတယ်။ နစ်စတိုဘာလ်ဆိုတဲ့ အမျိုးသမီးငယ်လေးရဲ့ လျှာဟာ ၃.၉ လက်မအထိ ရှည်လျှားတာကြောင့် လောလောဆယ်မှာ ကမ္ဘာ့အရှည်ဆုံး လျှာပိုင်ရှင်ဖြစ်နေပါတယ်။ သူမရဲ့ရှည်လျှားတဲ့ လျှာတွေကိုအသုံးပြုပြီး အထူးအဆန်း လုပ်ပြတဲ့ ဗီဒီယိုဖိုင်တွေကို youtube ပေါ်မှာ တင်ရာကတဆင့် နစ်ဟာ ပရိသတ်အတော်များလာခဲ့ပြီဖြစ်ပါတယ်။ ၄ လက်မနီးပါးရှည်လျှားတဲ့ သူမရဲ့လျှာဟာ ကိုယ့်မေးစေ့ကို ကိုယ်ပြန်ထိလို့ရပါတယ်။ ဒါတင်မက သေးပါဘူး။ နှာခေါင်း၊ တံတောင်ဆစ်နဲ့ ကိုယ့်မျက်လုံးကိုတောင် လျှာနဲ့ ပြန်ထိနိုင်လောက်အောင် ရှည်လျှားပါတယ်။
သူမအမေပြောတာကတော့ သူမလျှာရှည်တာဟာ မျိုးရိုးလိုက်သွားတာဖြစ်ပြီး သူမအဘိုး၊ အဘွားတွေလည်း သာမန်လူတွေထက် ရှည်လျှားတဲ့လျှာတွေကို ပိုင်ဆိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။
Ref - wittyfeed
Planet Myanmar News
http://www.planet.com.mm/detail/27784/World
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) သင့္ကေလး စာများများဖတ်အောင် လေ့ကျင်ပေးသော နည်းလမ်းများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) တခြားနိုင်ငံတွေထက်သာတဲ့ စင်္ကာပူရဲ့အားသာချက် ၉ ချက် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း