သင့်ကလေး စာများများဖတ်အောင် လေ့ကျင်ပေးသော နည်းလမ်းများ
သင့်ကလေး များများစာဖတ်ဖို့ သင့်မှာ တာဝန် ရှိပါတယ်။ စာဖတ် ၀ါသနာဟာ မွေးရာပါ မဟုတ်ပါဘူး၊ ပျိုးထောင်ပေးလို့ရပါတယ်။ သားသမီးတွေကို တမင်တကာ၊ အတင်းအဓမ္မ စာဖတ်ခိုင်းခြင်းထက် မသိမသာလေး ၀ါသနာ ပါလာအောင် ပျိုးထောင်ပေးတဲ့ နည်းလမ်းဟာ ပိုမိုထိရောက်တတ်ပါတယ်။ အကြံပြုလိုတဲ့ နည်းလမ်းများကတော့ ...
မိသားစုခရီးထွက်ရင် သက်ဆိုင်တဲ့ စာအုပ်တစ် အုပ်ယူသွားပါ
ပုဂံသွားမယ် ဆိုရင်လည်း သမိုင်းနဲ့ဆိုင်တဲ့ စာအုပ်ဖြစ်ဖြစ်၊ ဘုရားပုထိုးနဲ့ဆိုင်တဲ့ စာအုပ်ဖြစ်ဖြစ် ယူသွားလို့ ရပါတယ်။
စာကြည့်တိုက် များများသွားပေးပါ။
ကလေးကိုခေါ်ပြီး စာကြည့်တိုက် များများ သွားသင့်ပါတယ်။ ကလေးတွေ ကိုယ်တိုင်စာကြည့်တိုက် သွားချင်တဲ့အထိ ကလေးကိုနည်းလမ်းရှာပြီး စွဲဆောင်သင့်ပါတယ်။ စာကြည့်တိုက်အချို့မှာ တစ်ခါတစ်လေ ကဗျာရွတ်ပြိုင်ပွဲတို့၊ စာစီစာကုံးပြိုင်ပွဲတို့ ကျင်းပတတ်ပါသေးတယ်။ ကလေးတွေကို ၀င်ပြိုင်စေခြင်းဖြင့် စာကြည့်တိုက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားသွားစေတတ်ပါတယ်။
ကလေးနဲ့စာအုပ်ပါ အကြောင်းအရာ များကိုဆွေးနွေးပါ။
ကလေးတိုင်းလိုလို မိဘကို အထင်ကြီးတတ်ကြပါတယ်။ အတုခိုးတတ်ကြပါတယ်။ စာဖတ်တဲ့ မိဘများဟာ စာဖတ်တဲ့သားသမီးများကို ပိုမိုလွယ်ကူစွာ ပျိုးထောင်လွယ်ကြပါတယ်။ ကလေးကို သင်ကြိုက်နှစ်သက်တဲ့ စာအုပ်အကြောင်းပြောပြပါ။ အဲဒီစာအုပ်က သင့်ကိုဘယ်လို အကျိုးပြုခဲ့တယ်ဆိုတာကို သက်သေနဲ့တကွရှင်းပြပါ။ တကယ်လို့ မိမိက စာဖတ်လုံးဝ ၀ါသနာမပါခဲ့တာတောင်မှ ကလေးဖတ်နေတဲ့ စာအုပ်ကိုလိုက်ဖတ်ပြီး ကလေးနဲ့ ဆွေးနွေးသင့်ပါတယ်။ အနည်းဆုံး ကလေးရဲ့အတွေးအခေါ် အယူအဆတွေကို စိတ်ရှည်ရှည်နဲ့ အမေးဖြေလုပ်ပြီး အသိအမှတ်ပြု ချီးမွမ်းပေးသင့်ပါတယ်။
ကလေးကို စာဖတ်ခ်ျိန်ရအောင် စီမံပေးပါ။
အခုခေတ် ကလေးတွေဟာ ကျောင်းပိတ် ခဲ့ရင်တောင်မှ သင်တန်းတွေ များလွန်းတတ်ပါတယ်။ ရေကူးသင်တန်၊ ပန်းချီသင်တန်း၊ စန္ဒာယားသင်တန်း၊ ကရာတေးသင်တန်း တက်စရာများလွန်းလို့ စာဖတ်ချိန် မရှိဖြစ်တတ်ပါတယ်။ အမြော် အမြင်ရှိတဲ့ မိဘများဟာ ကလေးတွေကို စာဖတ်ချိန်ရရှိအောင် စီမံပေးသင့်ပါတယ်။
ကလေးကြိုက်နှစ်သက်ရာဖတ်ပါစေ
ကလေးတွေ စာဖတ်တာ ၀န်ထုတ်ဝန်ပိုး မဖြစ်ဖို့လိုအပ်သလို အနားယူချိန် ထိခိုက်တာမျိုးလည်း မဖြစ်စေသင့်ပါဘူး၊ ကလေးတွေနှစ်သက်တဲ့ စာမျိုးကို သူတို့သဘောနဲ့ သူတို့ရွေးချယ်ပါစေ။ ဟိုစာဖတ်ပါ၊ ဒီစာဖတ်ပါလို့ သွားမပြောမိအောင် မိဘများကိုယ့်ကိုကို ထိန်းသိမ်းသင့်ပါတယ်။ ကလေးတွေဟာ စိတ်ဝင်စားစရာတွေများပြီး ဖတ်ချင်စရာ၊ စူးစမ်းလိုတဲ့အရာ များနေတတ်ပါတယ်။ ကလေးစာဖတ်နေရင် ပျော်ဖို့လိုပါတယ်။ ပျော်အောင်ဖန်တီးပေးနိုင်ရင် စာဖတ်ဝါသနာ တဖြေးဖြေးစွဲသွားမှာပါ။
ကလေးတွေကို အချက်အလက်စုဆောင်းခိုင်းပါ
ဥပမာ၊ နောက်လကျရင် မိသားစုက ရန်ကုန်၊ ဘန်ကောက် သွားလည်မယ်ဆိုပါစို့၊ မိဘလုပ်တဲ့သူက စာကြည့်တိုက်ကနေ သက်ဆိုင်တဲ့စာအုပ်တွေ အများကြီး အိမ်ကိုသယ်လာပြီး သားသမီးတွေနဲ့ သွားလည်ရမယ့်နေရာ၊ ဆောင်ရန်ရှောင်ရန်၊ စိတ်ဝင်စားစရာကောင်းတဲ့နေရာ၊ ရာသီဥတုအခြေအနေ၊ ဆေးသွားစစ်မယ်ဆိုရင်လည်း ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်း၊ ဘာကြောင့်အဲဒီနေရာကိုရွေးချယ်ရတယ်၊ စသည်ဖြင့် သားသမီးတွေနဲ့ အကျယ်တ၀င့် စာအုပ်မှာရှာဖွေခိုင်းပြီး ဆွေးနွေးလို့ရပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေကို မြေပုံဖတ်ခိုင်း၊ ခရီးစဉ်ဆွဲခိုင်း၊ ကိုယ်တိုင်စီမံခံခွဲခိုင်းနိုင်ရင်တော့ ပိုအားရတာပေါ့။
အသံကျယ်ကျယ်ဖြင့်စာဖတ်ပေးပါ။
ငယ်ရွယ်တဲ့သားသမီးများ ရှိတဲ့မိဘများအဖို့ စိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေဝေေ၀ဆာဆာပါတဲ့ ပုံပြင်စာအုပ်လေးတွေကို ရှာဖွေပြီး မိမိကလေးကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြသင့်ပါတယ်။ ကလေးတွေက ပုံပြင်နားထောင်သလိုအရသာတွေ့သွားတတ်ပါတယ်။ ကလေးတဖြေးဖြေးကြီးလာရင် သူ့ကိုယ်သူဖတ်တတ်ချင်လာတတ်ပါတယ်။ အဲဒီအခါကျရင် စာဖတ်ဝါသနာရော ကျောင်းစာအတွက်ပါများစွာ အထောက်အကူဖြစ်သွားစေပါတယ်။
Ref: Wechat

ဆိုပါစို့၊ ငပလီသွားရင် ပင်လယ် (သို့) ပင်လယ် ကမ်းခြေနဲ့ဆိုင်တဲ့ စာအုပ်မျိုး၊ ရေကူးတာနဲ့ သက်ဆိုင်တဲ့ စာအုပ်မျိုး။ ပင်လယ်စာအချက် အပြုတ်နဲ့ သက်ဆိုင်တဲ့ စာအုပ်မျိုး၊ နောက်ဆုံး ငါးဖမ်းတဲ့ စာအုတ်မျိုးကအစ ရွေးယူသွားလို့ရပါတယ်။ အားလပ်တဲ့အချိန်ကျရင် ကလေးတွေနဲ့ ဆွေးနွေးလို့ရတာပေါ့၊ တွေ့ရတဲ့ အခြေအနေနဲ့ စာအုတ်ထဲကပါတဲ့ အကြောင်းအရာတွေနဲ့ အမေးဖြေလုပ် လို့ရပါတယ်။ ကလေးတွေကို စာတွေ့လေ့လာခြင်းနဲ့ လက်တွေ့လေ့လာခြင်း ပူးပေါင်း အသုံးပြုလာအောင် မသိမသာလေ့ကျင့်တဲ့ သဘောပါ။
ပုဂံသွားမယ် ဆိုရင်လည်း သမိုင်းနဲ့ဆိုင်တဲ့ စာအုပ်ဖြစ်ဖြစ်၊ ဘုရားပုထိုးနဲ့ဆိုင်တဲ့ စာအုပ်ဖြစ်ဖြစ် ယူသွားလို့ ရပါတယ်။
စာကြည့်တိုက် များများသွားပေးပါ။
ကလေးကိုခေါ်ပြီး စာကြည့်တိုက် များများ သွားသင့်ပါတယ်။ ကလေးတွေ ကိုယ်တိုင်စာကြည့်တိုက် သွားချင်တဲ့အထိ ကလေးကိုနည်းလမ်းရှာပြီး စွဲဆောင်သင့်ပါတယ်။ စာကြည့်တိုက်အချို့မှာ တစ်ခါတစ်လေ ကဗျာရွတ်ပြိုင်ပွဲတို့၊ စာစီစာကုံးပြိုင်ပွဲတို့ ကျင်းပတတ်ပါသေးတယ်။ ကလေးတွေကို ၀င်ပြိုင်စေခြင်းဖြင့် စာကြည့်တိုက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ခံစားသွားစေတတ်ပါတယ်။
ကလေးနဲ့စာအုပ်ပါ အကြောင်းအရာ များကိုဆွေးနွေးပါ။
ကလေးတိုင်းလိုလို မိဘကို အထင်ကြီးတတ်ကြပါတယ်။ အတုခိုးတတ်ကြပါတယ်။ စာဖတ်တဲ့ မိဘများဟာ စာဖတ်တဲ့သားသမီးများကို ပိုမိုလွယ်ကူစွာ ပျိုးထောင်လွယ်ကြပါတယ်။ ကလေးကို သင်ကြိုက်နှစ်သက်တဲ့ စာအုပ်အကြောင်းပြောပြပါ။ အဲဒီစာအုပ်က သင့်ကိုဘယ်လို အကျိုးပြုခဲ့တယ်ဆိုတာကို သက်သေနဲ့တကွရှင်းပြပါ။ တကယ်လို့ မိမိက စာဖတ်လုံးဝ ၀ါသနာမပါခဲ့တာတောင်မှ ကလေးဖတ်နေတဲ့ စာအုပ်ကိုလိုက်ဖတ်ပြီး ကလေးနဲ့ ဆွေးနွေးသင့်ပါတယ်။ အနည်းဆုံး ကလေးရဲ့အတွေးအခေါ် အယူအဆတွေကို စိတ်ရှည်ရှည်နဲ့ အမေးဖြေလုပ်ပြီး အသိအမှတ်ပြု ချီးမွမ်းပေးသင့်ပါတယ်။
ကလေးကို စာဖတ်ခ်ျိန်ရအောင် စီမံပေးပါ။
အခုခေတ် ကလေးတွေဟာ ကျောင်းပိတ် ခဲ့ရင်တောင်မှ သင်တန်းတွေ များလွန်းတတ်ပါတယ်။ ရေကူးသင်တန်၊ ပန်းချီသင်တန်း၊ စန္ဒာယားသင်တန်း၊ ကရာတေးသင်တန်း တက်စရာများလွန်းလို့ စာဖတ်ချိန် မရှိဖြစ်တတ်ပါတယ်။ အမြော် အမြင်ရှိတဲ့ မိဘများဟာ ကလေးတွေကို စာဖတ်ချိန်ရရှိအောင် စီမံပေးသင့်ပါတယ်။
ကလေးကြိုက်နှစ်သက်ရာဖတ်ပါစေ
ကလေးတွေ စာဖတ်တာ ၀န်ထုတ်ဝန်ပိုး မဖြစ်ဖို့လိုအပ်သလို အနားယူချိန် ထိခိုက်တာမျိုးလည်း မဖြစ်စေသင့်ပါဘူး၊ ကလေးတွေနှစ်သက်တဲ့ စာမျိုးကို သူတို့သဘောနဲ့ သူတို့ရွေးချယ်ပါစေ။ ဟိုစာဖတ်ပါ၊ ဒီစာဖတ်ပါလို့ သွားမပြောမိအောင် မိဘများကိုယ့်ကိုကို ထိန်းသိမ်းသင့်ပါတယ်။ ကလေးတွေဟာ စိတ်ဝင်စားစရာတွေများပြီး ဖတ်ချင်စရာ၊ စူးစမ်းလိုတဲ့အရာ များနေတတ်ပါတယ်။ ကလေးစာဖတ်နေရင် ပျော်ဖို့လိုပါတယ်။ ပျော်အောင်ဖန်တီးပေးနိုင်ရင် စာဖတ်ဝါသနာ တဖြေးဖြေးစွဲသွားမှာပါ။
ကလေးတွေကို အချက်အလက်စုဆောင်းခိုင်းပါ
ဥပမာ၊ နောက်လကျရင် မိသားစုက ရန်ကုန်၊ ဘန်ကောက် သွားလည်မယ်ဆိုပါစို့၊ မိဘလုပ်တဲ့သူက စာကြည့်တိုက်ကနေ သက်ဆိုင်တဲ့စာအုပ်တွေ အများကြီး အိမ်ကိုသယ်လာပြီး သားသမီးတွေနဲ့ သွားလည်ရမယ့်နေရာ၊ ဆောင်ရန်ရှောင်ရန်၊ စိတ်ဝင်စားစရာကောင်းတဲ့နေရာ၊ ရာသီဥတုအခြေအနေ၊ ဆေးသွားစစ်မယ်ဆိုရင်လည်း ဘယ်ဆေးရုံ၊ ဘယ်ဆေးခန်း၊ ဘာကြောင့်အဲဒီနေရာကိုရွေးချယ်ရတယ်၊ စသည်ဖြင့် သားသမီးတွေနဲ့ အကျယ်တ၀င့် စာအုပ်မှာရှာဖွေခိုင်းပြီး ဆွေးနွေးလို့ရပါတယ်။
ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေကို မြေပုံဖတ်ခိုင်း၊ ခရီးစဉ်ဆွဲခိုင်း၊ ကိုယ်တိုင်စီမံခံခွဲခိုင်းနိုင်ရင်တော့ ပိုအားရတာပေါ့။
အသံကျယ်ကျယ်ဖြင့်စာဖတ်ပေးပါ။
ငယ်ရွယ်တဲ့သားသမီးများ ရှိတဲ့မိဘများအဖို့ စိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေဝေေ၀ဆာဆာပါတဲ့ ပုံပြင်စာအုပ်လေးတွေကို ရှာဖွေပြီး မိမိကလေးကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြသင့်ပါတယ်။ ကလေးတွေက ပုံပြင်နားထောင်သလိုအရသာတွေ့သွားတတ်ပါတယ်။ ကလေးတဖြေးဖြေးကြီးလာရင် သူ့ကိုယ်သူဖတ်တတ်ချင်လာတတ်ပါတယ်။ အဲဒီအခါကျရင် စာဖတ်ဝါသနာရော ကျောင်းစာအတွက်ပါများစွာ အထောက်အကူဖြစ်သွားစေပါတယ်။
Ref: Wechat
Aung Ko Latt
https://www.facebook.com/profile.php?id=100008712392309&fref=photo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+