ငွေကြေး မပြေလည်မှုကြောင့် စိတ်ဖိစီးမှုက အမျိုးသမီးများတွင် နှလုံးကို ထိခိုက်စေနိုင်
သမန်းကျား၊ ရတနာပုံနေ့ စဉ်
စိတ်ဖိစီးမှုနှင့် နှလုံးရောဂါ ဆက်နွယ်နေသည်မှာ အများသိပင်ဖြစ်ပြီး စိတ်ဖိစီးမှု အမျိုးမျိုးရှိသည့် အလျောက် နှလုံးကို ထိခိုက်နိုင်ခြေလည်း မတူကွဲပြားရာဝယ် ငွေကြေးမပြေလည်မှုကြောင့်ဖြစ်ပွားသော စိတ်ဖိစီးမှုက အမျိုးသမီးများ၏ နှလုံးကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း အမေရိကန် သုတေသီများက ဆိုသည်။
စူးစမ်းလေ့လာမှုအတွက် မိမိကိုယ်ကို ဆန်းစစ်မှုခံယူရန် သဘောတူညီသည့် အမျိုးသမီး ၂၆၇ ဦး၊ ပျှမ်းမျှအသက် ၅၅ မှ ၆၀ အထိ အား ၉ နှစ်အချိန် အထိ စောင့်ကြည့်လေ့လာခဲ့ရာ ၄င်းတို့ တွင် မတူကွဲပြားသော စိတ်ဖိစီးမှုများရှိကြပြီး အနည်းဆုံး ၁ ကြိမ်ခန့်  နှလုံးရုတ်တရက် ရပ်တန့် သည်ကို ကြုံခဲ့ဖူးကြကြောင်း၊ နောက်ထပ် ပျှမ်းမျှအသက်တူ အမျိုး သမီး ၂၈၁ ဦးကိုမူ ဆေးလိပ်နှင့် အရက်သောက်သည့် အလေ့အကျင့်အလိုက် နှလုံးရပ်တန့် နိုင်ခြေကို ဆန်းစစ်လေ့ လာခဲ့ကြောင်း၊ အမျိုးသမီးများတွင် ဆေးလိပ်၊ အရက်၊ ဒဏ်ရာ၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ အိမ်ထောင်ဖက်ဖောက်ပြန် သည် နှင့် ကြုံတွေ့ ရခြင်း၊ ကလေး၊ မိသားစုဝင် တစ်ဦးဦး သေဆုံးခြင်း တို့ ကြောင့် စိတ်ဖိစီးမှုဖြစ်ပေါ်ပြီး နှလုံးကို ထိခိုက်စေသည်ထက် ငွေကြေးအဆင်မပြေမှုကြောင့် ဖြစ်ပွားသော စိတ်ဖိစီးမှုက နှလုံးကို ပိုမိုထိခိုက်စေသည်ကို တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငွေကြေးပြဿနာတွေက အမျိုးသမီးတွေရဲ့ နှလုံးကို ၂-ဆပိုပြီး ဒုက္ခပေးပါတယ်။ တစ်နှစ်ကို ဒေါ်လာ ၅၀၀၀၀ အောက် ၀င်ငွေရှိရင် နေလို့ စားလို့ မလောက်ပါဘူး။ နေ့ စဉ်နဲ့ အမျှ စိတ်ဖိစီးမှုဖြစ်နေမှာပါ။ ဘ၀မှာ အဆုံးစွန်သော နာကျင်မှုတွေကမှ နှလုံးကို ၆၅ ရာခိုင်နှူန်းပဲထိခိုက်စေနိုင်တဲ့အချိန်မှာ ငွေကြေးပြဿနာကြောင့် နှလုံးထိခိုက်နိုင်ခြေ က ၈၀ ရာခိုင်နှူန်းထက်မနဲ ရှိနေတာကို တွေ့ ရပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။
နှလုံးရောဂါ အခံရှိဖို့ ကို မလိုတာ။ ပကတိ ကျန်းမာနေပေမယ့်လည်း ငွေကြေးအခက်အခဲ သိပ်များလာရင် စိတ်ဖိစီးမှု က တစ်ခုကနေ နောက်တစ်ခုကို ကူးစက်ပေါင်းစပ် ကြီးထွားလာပြီး shock ရသလိုမျိုး နှလုံးခုန် ရုတ်တရက် ရပ်တန့်  သွားတာ ဖြစ်နိုင်ပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ဆယ်ကျော်သက် အရွယ်များကို မိဘများက ပြောပြထားသင့်သော နှလုံးသားရေးရာများ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်
- (အနောကျသို့) ညအချိန် အိပ်မက်ဆိုးမက်ကာ လန့် နိုးတတ်သော ကလေးများ အိပ်ပျော်စဉ် လမ်းလျှောက်နိုင်ခြေ မြင့်မား စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မြန်မာမယ် အွန်လိုင်းမဲ လိမ်ညာခံနေရမှု ဖြေရှင်းချက်မပေး၍ မြန်မာပရိသတ်များ အွန်လိုင်းမဲ မပေးကြရန် မေတ္တာရပ်ခံရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်