ဆေးထိုးရာတွင် မနာကျင်စေမည့် နည်းလမ်းသစ်
Health Updates Journal No. 166
Comfortably Numb ဟု အမည်ပေး ထားသည့် ဆေးထိုးစနစ် သည် အအေးခံသည့်စက်ပစ္စည်း တစ်မျိုးဖြစ်ပြီး ဆေးထိုးမည့်အရေပြား ကို ထုံကျဉ်စေရန် ပြုလုပ်ပေးသည်။
အမေရိကန်နိုင်ငံ Rice University မှ အင်ဂျင်နီယာကျောင်း သား သုံးဦးပါဝင်သည့် အဖွဲ့သည် ဆေးထိုးလျှင် မနာကျင်စေမည့် အထက်ပါ နည်းစနစ်ကို တီထွင်ခဲ့ကြ ကြောင်းသိရသည်။
အဆိုပါ ဆေးထိုးနည်းသည် ရေခဲဖတ်အဖြစ် လုပ်ဆောင်ပေးပြီး လူ့အရေပြားကို စက္ကန့်ပိုင်းအတွင်း အေးသွားစေမည့် ဓါတုဓါတ်ပြုမှုများ ပါဝင်သည်။
ဆေးထိုးပစ္စည်းတွင် သတ္တုပြား တပ်ဆင်ထားသည့် ဆလင်ဒါပါဝင် သည်။ တစ်ခါသုံးအခန်းငယ်အတွင်း ၌ အကန့်နှစ်ခုပါဝင်ပြီး အမိုနီယမ် နိုက် ထရိတ်နှင့် ရေတို့ထည့်သွင်းထား သည်။
စက်ပစ္စည်းစတင် အလုပ်လုပ် သည့်အခါ ၎င်းင်းတို့ရောစပ်သွားပြီး ဓါတ်ပြုမှုဖြစ်ပေါ်ကာ သတ္တုပြားကို အေးစေသောကြောင့် အရေပြားနှင့် ထိတွေ့လိုက်ပါက ရေခဲတမျှအေး စက်သွားပြီး နာကျင်မှုကို မခံစားနိုင် တော့လောက်အောင် ထုံကျဉ်သွားနိုင် သည်။
ဆေးထိုးပစ္စည်းကို တစ်ခါသုံး အဖြစ်ဖန်တီးထားပြီး ဆေးထိုးအပ် တွဲလျက်သား မပါသေးသောကြောင့် ဆေးထိုးအပ်ကိုပါ တစ်ပါတည်း ထည့်သွင်းနိုင်ရန် စမ်းသပ်လျှက်ရှိ ကြောင်း သုတေသနကျောင်းသား များက ဆိုသည်။
ဇော်ကို
Ref; MDI

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အိမ်သန့်ရှင်းအောင်နေထိုင်သည့် သက်ကြီးရွယ်အိုများ ကျန်းမာရေး ကောင်းမွန် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ကြက်ဥအကာ ပရိုတင်းနှင့် ပြုလုပ်ထားသည့် ပလတ်စတစ်များ ထုတ်လုပ်နိုင်တော့မည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'