iPhone 6 ကိုတောင် ဆယ်ခါပြန် အားအပြည့် သွင်းလို့ရမယ့် ဘက်ထရီတုံး
USD Made ဖြစ်တဲ့ Power Vault အမည်ရ ဘက်ထရီခြောက် (Portable Charger) ဟာ လက်တလော နာမည်ကြီးနေပါတယ်။ သူ့ရဲ့ Li-ion ဘက်ထရီက 18000 mAh ပမာဏ ရှိပါတယ်။
iPhone 6 က 1810 mAh သာ ရှိတာကြောင့် အဲ့ဒီဖုန်းကိုပဲ အားသွင်းရင်တော့ ဆယ်ခါ ဝန်းကျင်လောက် အားအပြည့် သွင်းနိုင်မှာ ဖြစ်ပါတယ်။ အရွယ်အစားကတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း Phablet တစ်လုံး အရွယ်အစားလောက် ရှိပါတယ်။ ယနေ့ မိုဘိုင်းနဲ့ အိုင်တီခေတ်ကြီးထဲမှာ လူတိုင်း ကြုံတွေ့ရတဲ့ ပြဿနာက ဖုန်း အား အလွယ်တကူ ကုန်ဆုံးခြင်း ဖြစ်ပါတယ်။ အသုံးပြုမှုကလည်း အကြိမ်အရေအတွက် များတော့ အားလည်း အကုန်မြန်ပါတယ်။ ဒါကြောင့်မို့ အမြဲ သုံးသူများ အနေနဲ့ Portable ဘက်ထရီများ ကို ဆောင်လာကြရပါတယ်။ ဒါတောင် ဘက်ထရီ အချို့က အရွယ်ကြီးသလောက် အား ခပ်များများ ပါမလာ ပါဘူး။
ပုံမှာ မြင်တွေ့နေရတဲ့ Power Vault ကတော့ အတော်လေး အားများပါတယ်။ ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၃၀ ရှိပြီး International shipping အတွက် ၃၅ ဒေါ်လာ နဲ့ ရောင်းမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီတော့ မြန်မာပြည်ကနေ မှာဝယ်ပေးမယ့်သူ ရှိရင် သူ့ဈေးက ၄ သောင်း ဝန်းကျင်အထိပဲ ပေါက်ဈေးရှိနိုင်ပါတယ်။
.
Ref: Pocketlint
အောင်ခမ်း (MMAS)
--------------------------------------
- (အရှေ့သို့) LG Gflex 2 နဲ့ အခြား Model မြင့် Lollipop ဖုန်းတွေကို Root မယ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောကျသို့) Google I/O မှာ ဘာတွေ မြင်တွေ့နိုင်မလဲ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ