ဥာဏ်ရည်ထက်စေမယ့် ဦးနှောက်အားဖြည့် အစားအစာများ

ဦးနှောက်ဟာ လူ့ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်း လိုပဲ အာဟာရပြည့်ဝ မှသာ ထိရောက်စွာ အလုပ်လုပ်နိုင် မှာဖြစ်ပါတယ်။ အာရုံ စိုက်နိုင်စွမ်းနဲ့ မှတ်ဥာဏ် စွမ်းအား တက်စေဖို့ မှန်ကန်မျှတတဲ့ အာဟာရကို စားသောက်ရမှာ ဖြစ်ပါတယ်။ ဦးနှောက် စွမ်းအားကို တက်စေတဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ အထောက် အကူဖြစ်စေဖို့ စားသင့်တဲ့အစားအစာ (၇) မျိုးကို ဖော်ပြပေး လိုက်ပါတယ်။

နှံစားသီးနှံ - လူ့ခန္ဓာကိုယ်က စားသောက်တဲ့ ကယ်လိုရီအားလုံးရဲ့ ၂၀% ဟာ ဦးနှောက်က အသုံးပြုကြောင်း လေ့လာတွေ့ရှိ ထားကြပါတယ်။ အသေး စိပ်လေ့လာ ချက်အရ ဦးနှောက်ရဲ့ အရှေ့ခြမ်း ဟာ ကလူးကို့စ်ကျဆင်းတဲ့အခါ အလုပ်လုပ်နိုင်စွမ်းလည်း ကျဆင်းပြီး စိတ်ရှုပ်ထွေးမှုတွေ ဖြစ်လာတတ်တယ်လို့ဆိုပါတယ်။ ဆန်ညို၊ ဂျုံ၊ ကွေကာအုတ်နဲ့ ပေါင်မုန့်အညိုရောင် စတဲ့ နှံစားသီးနှံထွက် အစားအစာတွေဟာ ဂလူးကို့စ်ဓါတ်ကို ပြည့်ဝအောင် ဖြည့်တင်းပေးပြီး စိတ်ကို လန်းဆန်းတက်ကြွစေကာ အတွေးအမြင်တွေ ရှင်းလင်းကြည်လင်နေစေပါတယ်။

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် - ကိုက်လန်၊ ဟင်းနုနွယ်၊ ဂေါ်ဖီစိမ်း စတဲ့ အစိမ်းရင့်ရောင် အသီးအနှံ တွေဟာ ဗီတာမင်အီး၊ ဗီတာမင်ကေ ကြွယ်ဝပြီး ဖောလစ်အက်ဆစ်လို့ လူအများသိကြတဲ့ ဗီတာမင်ဘီ တစ်မျိုးလည်း ပါဝင်ပါတယ်။ ဦးနှောက် ဆဲလ်တွေကို သေစေနိုင်တဲ့ ဓါတ်တစ်မျိုးဖြစ်တဲ့ Homocysteine ဓါတ်ကို ဖောလစ်အက်ဆစ်က လျော့ကျစေတဲ့အတွက် ဦးနှောက် ဆဲလ်ထိခိုက်မှုကို ကာကွယ်ပေးကာ လေဖြတ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဗီတာမင် ကေ ကလည်း သင်ယူနိုင်မှုစွမ်းရည်ကို တိုးစေတဲ့ ဓါတ်တစ်ခုပါပဲ။

ငါး - ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက် အထိရောက်ဆုံးဖြစ်တဲ့ omega-3 fatty acid ကို ခန္ဓာကိုယ်မှ မထုတ်နိုင်တဲ့အတွက် အစားအသောက်ကနေ ရယူကြရပါတယ်။ ဆော်လမွန်ငါး၊ ထရောက်ငါး၊ မက်ကရယ်ငါး၊ တူနာငါး၊ ဆာဒင်းငါးနဲ့ တခြားရေချိုငါးတော်တော်များများမှာ ပါဝင်တတ်ပါတယ်။ Omega-3 fatty acid ဟာ ဦးနှောက်ရဲ့ အဓိကပါဝင်ပစ္စည်း တစ်ခုဖြစ်ပြီး ထိုအက်ဆစ်ချို့တဲ့ပါက အယ်လ်ဇိုင်းမား ရောဂါဖြစ်ပွားနိုင်ခြေများတယ်လို့ သိရပါတယ်။ အယ်လဇိုင်းမားရောဂါဟာ မှတ်ဥာဏ်တွေပျက်စီးပြီး အတိတ်မေ့သူငယ်ပြန်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

ဘလူးဘယ်ရီသီးနဲ့ ထောပတ်သီး - ဘလူးဘယ်ရီသီးမှာ ဗီတာမင်အီး၊ ဗီတာမင်ဒီပါဝင်ပြီး အိုမင်းလာတဲ့အခါ ဖြစ်တတ်တဲ့ မေ့တတ်လွန်းခြင်းနဲ့ အာရုံမစူးစိုက်နိုင်ခြင်းတို့ကို လျော့ပါးသက်သာစေပါတယ်။ ဘလူးဘယ်ရီကို များများစားခြင်းဟာ သင်ယူမှုစွမ်းရည်ကို တိုးတက်စေပြီး ခန္ဓာကိုယ်ရဲ့ လှုပ်ရှားနိုင်မှုစွမ်းရည်ကို တိုးတက်စေပါတယ်။ ဘလူးဘယ်ရီကို လတ်လတ်ဆတ်ဆတ်ဖြစ်စေ၊ ရေခဲရိုက်ပြီးအေးခဲ၍ဖြစ်စေ၊ အခြောက်ခံ၍ဖြစ်စေ နေ့စဉ်စားပေး နိုင်ရင် အကောင်းဆုံးပါပဲ။

ထောပတ်သီးဟာလည်း ဘလူးဘယ်ရီသီးလိုပဲ ဦးနှောက်ကိုအားဖြည့်စေတဲ့ ဗီတာမင်အီး နဲ့ ဗီတာမင်စီပါဝင်ပြီး အန်တီအောက်ဆီးဒင့်လည်း ကြွယ်ဝတာကြောင့် ဘလူးဘယ်ရီအစား ထောပတ်သီးကို စားရင်လည်း အာနိသင် တူတယ်လို့ပညာရှင်များက ဆိုပါတယ်။ ထောပတ်သီးဟာ အဆီအနှစ်များတဲ့အသီးဖြစ်ပေမဲ့ ထောပတ်သီးမှာပါတဲ့ အဆီက မပြည့်ဝဆီဖြစ်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်ပြီး သွေးလည်ပတ်နှုန်းကောင်းစေပါတယ်။ သွေးလည်ပတ်နှုန်းကောင်းမှသာ ဦးနှောက်ကို သွေးပုံမှန်စီးဆင်းလည်ပတ်ပြီး အားပြည့်စေမှာဖြစ်ပါတယ်။

အခွံမာသီးနဲ့ အစေ့အဆန်များ - သစ်ချစေ့၊ သစ်အယ်စေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊မြေပဲ၊ နေကြာစေ့၊ နှမ်းစေ့၊ ဖရုံစေ့ တို့ဟာ ဗီတာမင်အီးကြွယ်ဝပြီး အသက်အရွယ်ကြောင့် မှတ်ဥာဏ်လျော့ပါးလာတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မြေပဲထောပတ်နဲ့ ဗာဒံစေ့ထောပတ် စတဲ့ သွားရည်စာများဟာလည်း ဦးနှောက်စွမ်းအားထက်အစားအစာများဖြစ်ပါတယ်။

ရေနွေးကြမ်း - လက်ဖက်ခြောက်မှာ ကဖင်းဓါတ်နဲ့ အန်တီအောက်ဆီးဒင့်ပါဝင်တာကြောင့် တစ်နေ့ကို ရေနွေးကြမ်းနှစ်ခွက် သောက်သုံးခြင်းဟာ မှတ်ဥာဏ်ကောင်းလာခြင်း၊ အာရုံစိုက်နိုင်စွမ်း တိုးတက်လာခြင်းနဲ့ စိတ်လန်းဆန်းတက်ကြွခြင်းစတဲ့ ဦးနှောက်စွမ်းအားများကို တိုးတက်စေပါတယ်။ လတ်လတ်ဆတ်ဆတ်လက်ဖက် ခြောက်ခတ်ထားခါစ ရေနွေးကြမ်းကိုပဲ သောက်သုံးသင့်ပါတယ်။

နေ့စဉ်အစားအသောက်တွေကနေ အာဟာရတွေရရှိနိုင်ပေမဲ့ တခါတလေမှာ မျှတအောင်မစားနိုင်တဲ့အတွက် အာဟာရအားဖြည့်ဆေးတွေကိုလည်း ရံဖန်ရံခါမှီဝဲသင့်ပါတယ်။ ဗီတာမင် B6 ၊ ဗီတာမင် B12 ၊ ဖောလစ်အက်ဆစ်၊ Omega3 Fatty Acid စတဲ့ အားဖြည့်ဆေးတွေကို သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကိုရော ဦးနှောက်စွမ်းအားကိုပါ အားပြည့်စေတဲ့အပြင် ဦးနှောက်ဆိုင်ရာရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးတာကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

Yangon Life
http://yangonlife.com.mm/mm/article/13803
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...