အစိုးရအဖွဲ့ တစ်ဖွဲ့ က အသုံးပြုနေဖွယ်ရှိသော သူလျှို ကွန်ပျူတာဆော့ဖ်ဝဲ တွေ့ ရှိ

ရဲရင့်တည်

ကမ္ဘာ့ ထိပ်တန်း ကွန်ပျူတာ လုံခြုံရေး ကုမ္ပဏီ Symantec က ကွန်ပျူတာ စပိုင်ဆော့ဖ်ဝဲ လောက တွင် အဆန်းပြားဆုံး ဟု ပြောနိုင်သည့် စပိုင်ဆော့ဖ် ၀ဲ Regin ကို တွေ့ ရှိခဲ့ပြီး ၄င်းကိုရေးသား အသုံးပြုနေ သူမှာ အစိုးရအဖွဲ့ တစ်ဖွဲ့  ဖြစ်နိုင် ကာ ကမ္ဘာတ၀န်းရှိ ကွန်ပျူတာများကို လျှို့ ဝှက်ထောက် လှမ်းစောင့်ကြည်နေ သည်မှာ (၆)နှစ်ခန့်  ကြာမြင့်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Regin သည် ကွန်ပျူတာတစ်လုံးထဲသို့  ရောက်ရှိသွားလျင် Screenshot ဖမ်းယူခြင်း၊ Password ခိုးယူခြင်း၊ Delete လုပ်ထားပြီး ဖိုင်များကို ပြန်လည်ဖော်ထုတ်ခိုးယူခြင်းတို့ ကို ပြုလုပ်နိုင်ပြီး ရုရှား၊ ဆော်ဒီအာရေဗျ နှင့် အိုင်ယာလန် နိုင်ငံတို့ တွင် Regin ပျံ့ နှံ့ မှု အဆိုးဝါးဆုံးဖြစ်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

အစိုးရအဖွဲ့ အစည်းများ၊ ကုမ္ပဏီများ၊ ကျော်ဇောသော ပုဂ္ဂိုလ်များကို လျှို့ ဝှက်ထောက်လှမ်းစောင့် ကြည့်နေသော Regin သည် ဖွဲ့ စည်းပုံ အလွန်မြင့်မားနေသည့် အတွက် နိုင်ငံတစ်နိုင်ငံ၏ အစိုးရ အဖွဲ့  ကိုယ်တိုင် သိရှိခွင့်ပြုထားမှသာ အသုံးပြုနိုင်မည့် ဆိုက်ဘာ သူလျှိုဆော့ဖ်ဝဲ တစ်မျိုးဖြစ်သည့်အတွက် Regin ကို နောက်ကွယ်မှ နည်းပညာတိုးတက် သော နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့ ကိုယ်တိုင်က ကြိုးကိုင်နေသည် ဟု ယူဆရကြောင်း သိရသည်။

Regin ၏ ဖွဲ့ စည်းပုံရှုပ်ထွေး ဆန်းပြား အဆင့်မြင့်မားမှုကို ကြည့်ရှုခြင်းအားဖြင့် ဤဆော့ဖ်ဝဲရေးသား ရန် နှစ်၊လချီ ကြာအောင် ကြိုးပမ်းအားထုတ်ခဲ့ရဖွယ်ရှိပြီး ဆော့ဖ်ဝဲ၏ ခြေရာလက်ရာပေါ် မလာအောင်လည်း ကြီးစွာအားထုတ် ခဲ့ရဖွယ်ရှိကြောင်း၊ ဆော့ဖ်ဝဲရေးသား သူများ၏ စွမ်းရည်နှင့် ကျွမ်းကျင်မှုအရ အနောက်နိုင်ငံကြီးတစ်နိုင်ငံက ရေးသား ထားခြင်းဖြစ်နိုင်ကြောင်း Symantec ၏ လုံခြုံရေးအရာရှိ Sian John က ပြောသည်။

Symantec သည် ယခင်ကလည်း Stuxnet လျှို့ ဝှက်ဆော့ဖ်ဝဲကို ဖော်ထုတ်နိုင်ခဲ့သည်။ Stuxnet ကို အမေရိကန် ပြည်ထောင်စုနှင့် အစ္စရေးတို့ က ပူးပေါင်းရေးသားခဲ့ပြီး အီရန်၏ နျူကလီးယားအစီအစဉ်များကို လျှို့ ဝှက် ထောက်လှမ်းကြည့်ရှုပြီး စက်ပစ္စည်းများကို ဖျက်ဆီးပစ်နိုင်သည်အထိ အစွမ်းထက်သည်။ ယခုတွေ့  ရှိထားသော Regin သည်မှု သတင်းအချက် အလက်များကို လျှို့ ဝှက်စုဆောင်းနိုင်သည့် အဆင့်တွင်သာ ရှိကြောင်း သိရသည်။

Lashio News Diary
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...