မြန်မာနိုင်ငံတွင် နေ့စဉ်လူ ၁၈ ဦးနီးပါး HIV ပိုး ကူးစက်ခံရ
ရန်ကုန်၊ နိုဝင်ဘာ ၂၈
HIV/AIDS ဖြစ်ပွားနှုန်း မြင့်မားနေဆဲ မြန်မာနိုင်ငံ တွင် ယခုနှစ်အတွင်း HIV ပိုး အသစ်ထပ်မံ ကူးစက် ခံရသူ နေ့စဉ် ၁၈ ဦးနီးပါးအထိ ရှိနေပြီး တစ်နိုင်ငံ လုံးတွင် အသစ်ထပ်မံ ကူးစက်ခံရသူ ၆,၅၇၀ ခန့် ရှိကြောင်း အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) ၏ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွှန့်ဦးက The Voice သို့ ပြောကြားသည်။
နိုင်ငံတစ်ဝန်း အသစ်ထပ်မံ ကူးစက်သူ ဦးရေသည် ၂၀၁၃ ခုနှစ်ကထက် လူဦးရေ ၅၀၀ ကျော် လျော့ကျ ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံရသူ အများစုသည် အမျိုးသမီးများ ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
အဆိုပါ ကိန်းဂဏန်းများသည် NAP ကခန့် မှန်းတွက်ချက်ထားသော စာရင်းများသာ ဖြစ်ပြီး ကူးစက်ခံရ သူဦးရေ အတိအကျကိုမူ မြန်မာနိုင်ငံတွင် မကောက်ယူနိုင်သေးကြောင်း ဒေါက်တာ ထွန်းညွှန့်ဦးက ဆိုသည်။ “HIV ပိုးကူးစက်ခံရတဲ့ လူနာ အရေအတွက်ကို ရနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် စိန်ခေါ်မှု တစ်ခုပါ” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် HIV/AIDS ဖြစ်ပွားမှုနှုန်း လျှော့ချရန် ရပ်ရွာ အခြေပြု အဖွဲ့အစည်းများက HIV ပိုးစစ်ဆေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ လုပ်ကိုင် ခဲ့သော်လည်း လက်တွေ့တွင် ရပ်ကွက် ကျေးရွာ များ၌ HIV/AIDS နှင့် ပတ်သက်၍ ကျန်းမာရေး ဗဟုသုတ နည်းပါးနေသေးကြောင်း ပြည်တွင်း ကျန်းမာရေး အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။
ယင်းအပြင် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က မြန်မာနိုင်ငံရှိ HIV/AIDS နှင့် နေထိုင်သူများ အရည်အသွေး ကောင်းမွန်သော ကုသမှုစနစ်များ ပိုမိုထောက်ပံ့ပေးရန် အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) ထံ တောင်းဆိုစာကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။
အမျိုးသမီးများ HIV ပိုး ကူးစက်နှုန်း မြင့်မားနေသေးသည့်အတွက် မိခင်မှကလေးကို HIV ပိုးကူး စက်နှုန်း လျှော့ချရန် မြို့နယ် ၂၆၀ ကျော်တွင် စီမံချက်ပြုလုပ်လျက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
HIV ပိုးသည် သွေး၊ မိခင်နို့ရည်တို့မှတစ်ဆင့် ကူးစက်သလို HIV ပိုးရှိသူ သုံးစွဲသော ဆေးထိုးအပ်နှင့် HIV ပိုးရှိသူနှင့် ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံရာမှ တစ်ဆင့်လည်း ကူးစက်နိုင်သည်။
The Voice Journal
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) MPT က e-top up ဝန်ဆောင်မှုကို စတင်ဆောင်ရွက် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ
- (အနောကျသို့) သင့်ရဲ့ Android ဖုန်းမှာ သုံးနေတဲ့ အင်တာနက် အမြန်နှုန်းကို တိုင်းတာပေးမယ့် apps (သို့မဟုတ်) Internet Speed Meter စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ခူယားကောင်နဲ့ ထိမိတဲ့အခါ ဘာတွေလုပ်သင့်လဲ