ခေတ်သစ် ကျွန်စနစ်အောက် ရောက်ရှိနေသူ ၃၆ သန်းခန့် ရှိနေ

သမန်းကျား။

အေဗရာ ဟင်လင်ကွန်းရဲ့ ကြိုးပမ်း မှုကြောင့် အမေရိကန် ပြည်ထောင်စုမှာ ကျွန်စနစ် ပျောက် ကွယ် သွားခဲ့ တဲ့ နောက်ပိုင်း ဒီကမ္ဘာကြီးပေါ် မှာ ငွေဝယ် ကျွန်စနစ်၊ သားစဉ်မြေးဆက် ကျွန်စနစ် ဆိုတာ ပျောက်ကွယ် သွားခဲ့ပေမယ့် မျက်စေ့ရှေ့  တင်ပျောက်နေတဲ့ ခေတ်သစ် ကျွန်စနစ်အောက်မှာ လူပေါင်း ၃၆ သန်းလောက် ရောက်ရှိနေ ပါတယ်။

Walk Free Foundation ရဲ့ ဒုတိယ အကြိမ်မြောက်နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြပါရှိတဲ့ ကမ္ဘာ့ တ၀န်း ကျွန်ပြုခံရသူဦးရေပြ ညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှာ ခေတ်သစ်ကျွန်စနစ် ရှိနေ ဆဲဖြစ်ပါတယ်။ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့  ရုရှားနိုင်ငံ (၅)နိုင်ငံတို့ မှာ အခြေအနေ ဆိုးဝါးနေပြီး (၅)နိုင်ငံ ပေါင်းလိုက်ရင် ကျွန်ပြုခံရသူဦးရေ ၂၂ သန်း ရှိနေပါတယ်။ အိန္ဒိယကတော့ အဆိုးဆုံး ပါပဲ။ လူပေါင်း ၁၄ ဒသမ ၂၉ သန်းဟာ ကျွန်ပြုခံနေရဆဲပါ။

ဒါဖြစ်ရင် ခေတ်သစ် ကျွန်စနစ်ဆိုတာ ဘာကိုခေါ်တာပါလိမ့်။ လူကုန်ကူးမှု၊ အဓမ္မအလုပ်လုပ်ကိုင်စေမှု၊ အကြွေး ပြန်မဆပ်နိုင်သဖြင့် အလုပ်ဖြင့်ပြန်လည်ပေးဆပ်ရမှု၊ အဓမ္မလက်ထပ်စေမှု၊ လိင်ဖြော်ဖြေရေး လုပ်စေမှု တို့ ကို ခေတ်သစ် ကျွန်စနစ်လို့  ခေါ်တာပါ။

ခေတ်သစ် ကျွန်စနစ်ကျယ်ပြန့် လာခြင်း။ ၂၀၁၃ ခုနှစ်ကိန်းဂဏန်းတွေနဲ့  နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၄ ခုနှစ်မှာ ခေတ်သစ်ကျွန်စနစ်ဟာ ၂၀ ရာခိုင်နှုန်း တိုးလာပါတယ်။ နိုင်ငံတကာမှာ လူကုန်ကူးမှုပိုများလာပြီး ကျား၊မ မရွေး လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ အတင်းအကြပ် သွပ်သွင်း ခံရပါတယ်။ သတို့ သမီး အဖြစ် ရောင်းစား ခံရသူတွေ ရှိနေသလို ကလေးလုပ်သားကိစ္စ၊ လုပ်အားခမရှင်းပေးတဲ့ ကိစ္စ၊ ငွေပြန် မဆပ်နိုင်လို့  အလုပ်လုပ်ပြီးပြန်ဆပ်ရတဲ့ ကိစ္စ တွေဟာ များသည်ထက် များလာပါတယ်။

ဒီကမ္ဘာပေါ်မှာ ကျွန်စနစ်ဆိုတာ ပျောက်ကွယ်သွားပြီလို့  လူတွေကထင်နေကြပါတယ်။ အချို့ ကလည်း စစ်မက် ဖြစ်ပွားပြီး တိုင်းပြည်စီးပွားရေး ကျဆင်းနေတဲ့ နိုင်ငံတွေမှာပဲ မိန်းကလေးတွေက လိင်ဖျော်ဖြေရေး လုပ်ငန်းထဲကို ရောက်ကုန်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် မြေပြင်တိုင်းထွာချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံလုံးမှာ ဆိုးဝါးလှတဲ့ ခေတ်သစ် ကျွန်စနစ်ကြီးဟာ ပိုပိုပြီးထွန်းကား လာနေပါတယ်။ လူလူခြင်း အမြတ်ထုတ်တဲ့ ကိစ္စကို အမြစ်ပြတ်သုတ်သင်နိုင်ဖို့  အစိုးရအဖွဲ့ တွေ၊ ကုမ္ပဏီတွေနဲ့  ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်မှပဲ ဒီခေတ်သစ် ကျွန်စနစ်ကြီးကို ဟန့် တားနိုင်မှာပါ။

နိုင်ငံတကာတွင် ကျွန်ပြုခံရသူ ဦးရေတိုးလာခြင်း။ လူဦးရေ ထူထပ်တဲ့နိုင်ငံတွေမှာ ခေတ်သစ်ကျွန်စနစ် ပိုပြီး ထွန်းကားပါတယ်။ ကျွန်ပြုခံရသူတွေကို လေ့လာကြည့်မယ်ဆိုရင် နှစ်မျိုးနှစ်စားတွေ့ ရမှာပါ။ တိုင်းတပါး ကနေ ရောက်လာပြီး ကျွန်ပြုခံရသူတွေနဲ့  မိမိနေထိုင်ရာနိုင်ငံထဲတင် ကျွန်ပြုခံနေရသူတွေပါ။ အနောက် အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မော်ရီတားနီးယားမှာ နိုင်ငံ့လူဦးရေရဲ့  ၄ ရာခိုင်နှုန်းက စာချုပ်စာတမ်းတွေရဲ့  အချုပ်အနှောင် အောက်မှာ ကျွန်ပြုခံနေရပြီး ဥဇဘက်ကစ္စတန်မှာ ၃ ဒသမ ၉၇ ရာခိုင်နှုန်း၊ ဟေတီမှာ ၂ ဒသမ ၃ ရာခိုင်နှုန်း၊ ကာတာမှာ ၁ ဒသမ ၃၅ ရာခိုင်နှုန်း အသီးသီး ကျွန်ပြုခံနေရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမယ့် ကာတာနိုင်ငံဟာ သူ့ အလုပ်သမား ဥပဒေနဲ့ ပါတ် သက်ပြီး မေးခွန်းတွေ အများကြီး အထုတ်ခံနေရပါတယ်။ ကာတာမှာ နိုင်ငံခြား အလုပ်သမားတွေကို လွတ်လပ်စွာအလုပ် ပြောင်းရွေ့ ခွင့် မပေးပါဘူး။ ဒီတော့ တိုင်းတစ်ပါးကနေ ကာတာမှာ အလုပ်လာ လုပ်မိသူတွေဟာ ကိုယ်စ၀င်လိုက်တဲ့ အလုပ်မှာပဲ ခြေချုပ်မိသွားပြီး ဒီထက် တိုးတက်စေနိုင်မယ့် အလုပ်မျိုး ကို ပြောင်းခွင့် မရကြတဲ့အတွက် ခေတ်သစ် ကျွန်စနစ်အောက်မှာ အကျုံးဝင်သွားပါတယ်။ ဒါကြောင့်လည်း ကာတာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခေတ်သစ်ကျွန်စနစ် အထွန်းကား ဆုံးနိုင်ငံတွေထဲမှာ အဆင့်(၄)နေရာမှာ ရှိနေတာပါ။ ၂၀၂၂ ကမ္ဘာ့ဖလားကို ဘယ်လိုမဆို ကျင်းပချင်တဲ့ ကာတာနိုင်ငံကတော့ နိုင်ငံခြား အလုပ် သမားတွေရဲ့  ရွှေ့ ပြောင်းခွင့်ကို ကန့် သတ်တဲ့ဥပဒေကို ၂၀၁၅ ခုနှစ် အစော ပိုင်းမှာ ဖြေလျော့ပေးမယ်လို့  ကတိက၀တ်ပြု ထားပါတယ်။

ဒုက္ခသည်များ ကျွန်ပြုခံရခြင်းမှ အကာအကွယ် ကင်းမဲ့နေ။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကျွန်ပြုခံရသူတွေကို ကြည့်မယ်ဆိုရင် အားမတန်လို့  မာန်လျော့ကြရတာ များပါတယ်။ ဒီထဲမှာ စစ်ဘေး ဒုက္ခသည်တွေဟာ အကာအကွယ် အကင်းမဲ့ဆုံး သူတွေဖြစ်ပါတယ်။

အိုးအိမ်စွန့် ခွာ ထွက်ပြေး လာရပြီးတဲ့နောက် ပြန်စရာအိမ်မရှိ၊ အားကိုးစရာ ဆွေမရှိ၊မျိုးမရှိ ဖြစ်နေသူတွေ ဟာ မတရားမှန်း သိသိကြီးနဲ့  ခေါင်းငုံ့ ခံနေကြရတာ များပါတယ်။ ဒါကြောင့် ဆီးရီးယားလို ပြည်တွင်း စစ် မီးကြောင့် စီးပွားရေး၊လူမှုရေးနဲ့ ပတ်ဝန်းကျင် အရေးတွေမှာ ပြဿနာမျိုးစုံဖြစ်နေတဲ့ နိုင်ငံတွေမှာ အရွယ်မရွေး ကျွန်ပြုခံနေ ရခြင်းဖြစ်ပါတယ်။

ဒီလိုလူလူခြင်းခေါင်းပုံဖြတ် အမြတ်ထုတ်တဲ့ ခေတ်သစ် ကျွန်စနစ်ရဲ့ အရှင်သခင်တွေရဲ့ ဝင်ငွေကတော့ မနည်းလှ ပါဘူး။ ဥပဒေပြင်ပစီးပွားရှာရာမှာ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက် ကားရေးပြီး ရင် ခေတ်သစ် ကျွန်စနစ်က ၀င်ငွေအများဆုံး ရှာပေးတယ်လို့  အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့  (ILO) က ခန့် မှန်း ထားပါတယ်။

အမှောင်ထုနဲနေသေးသောနိုင်ငံများ။ နိုင်ငံပေါင်း ၁၆၇ နိုင်ငံမှာ ခေတ်သစ်ကျွန်စနစ်ရဲ့ အမှောင်ထု လွှမ်းမိုးမှု အနည်း ဆုံးနိုင်ငံတွေကတော့ အိုက်စလန်နဲ့  လူဇင်ဘတ် တို့ ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ ကျွန်ပြုခံရသူဦးရေဟာ ၁၀၀ အောက်ပဲ ရှိပါတယ်။

ခေတ်သစ်ကျွန်စနစ်ကို ပြင်းပြင်းထန်ထန် တိုက်ဖျက်နေတဲ့ နယ်သာလန်၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ လိုနိုင်ငံတွေရှိပေမယ့် သိသိနဲ့ မမြင်ချင်၊ မသိချင်ယောင်ဆောင်နေတဲ့ နိုင်ငံကြီးတွေ ရှိပါတယ်။

အဲဒီထဲမှာ ဟောင်ကောင်၊ စင်္ကာပူ၊ ဘရူနိုင်း၊ ကာတာ နဲ့  ကူဝိတ်နိုင်ငံတို့ ကို Walk Free Foundation က အကြီးအကျယ် အပြစ်တင် ထားပါတယ်။

ကမ္ဘာ့လူ့ အခွင့်အရေး အဖွဲ့ ကြီးဖြစ်တဲ့ Walk Free Foundation ကို သြစတြေးလျနိုင်ငံ လူသားချင်း စာနာထောက် ထားသူများအဖွဲ့ ကနေ တည်ထောင် ထားတာဖြစ်ပြီး နောက်မျိုးဆက်တွေမှာ ခေတ်သစ် ကျွန်စနစ်ဆိုတာ ပါမသွား အောင် တစ်ခါတည်းအမြစ်ပြတ် သုတ်သင် ရှင်းလင်းဖို့  ကြိုးပမ်းဆောင် ရွက်နေတဲ့ အဖွဲ့ ကြီးဖြစ်ပါတယ်။

ကမ္ဘာ့မြို့ ကြီးပြကြီးတွေရဲ့  ရောင်စုံမီးရောင်တွေ အောက်မှာ အစတေးခံနေရတဲ့ ဘ၀ပေါင်း ဘီလီယံနဲ့  ချီရှိနေသေး တယ်ဆိုတာကို လေ့လာရေးသား တင်ပြလိုက် ရပါတယ်။

Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...