အော်ရီဒူး ပြည်ပခေါ်ဆိုခ လျော့ချ
ကာတာပိုင် အော်ရီဒူး ကုမ္ပဏီဟာ သူရဲ့ ပြည်ပ ဖုန်းခေါ်ဆိုမှု ၀န်ဆောင်ခကို နဂို ၁ မိနစ် ကျပ် ၇၅၀ သတ်မှတ် ထားရာကနေ နိုဝင်ဘာ ၁၅ ရက်နေ့က စ နိုင်ငံ ၄၆ နိုင်ငံ အတွက် ၁ မိနစ် ကျပ် ၁၀၀ ကနေ ကျပ် ၆၀၀ အတွင်း လျော့ချလိုက်ပြီလို့ ကြေညာ ပါတယ်။
ကြေညာချက်အရ အမေရိကန် ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံကို ခေါ်ရင် ၁ မိနစ် ကျပ် ၁၀၀ ပဲ ကျသင့်မှာ ဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှားစတဲ့ အာဆီယံနိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ခေါ်ရင် ၁ မိနစ် ကျပ် ၂၀၀ ပဲ ကျသင့်တော့ မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူနဲ့ အမေရိကန်လိုနိုင်ငံ တွေမှာ သွားရောက် အလုပ် လုပ်ကိုင်သူ၊ ရွှေ့ပြောင်းနေထိုင်သူ ဦးရေ များပြားတာကြောင့် နောက်ပိုင်း အော်ရီဒူးဆင်းကတ်တွေ အသုံးပြုသူ များလာနိုင်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပြကြပါတယ်။
DVB News
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+