လေးဖက်နာနှင့် အဆစ်မြစ်နာအတွက် သဘာဝဆေးနည်း

လေးဖက်နာ၊ အဆစ်မြစ်နာ၊ အကြောတက်၊ ခြေလက် ကိုက်ခဲ၊ ဇက်ကျောတက် ရောဂါများ အတွက် လက်တွေ့ ပျောက်ကင်းစေမည့် သဘာဝ ဆေး နည်းလေးကို မျှဝေပေး လိုက်ပါတယ်။

၁။ တောရှောက်သီး ခေါ် ရှောက်ခါးသီး (၄) လုံးခန့်ကို အခွံနဲ့အတူ ပါးပါးလှီးပါ။

၂။ နနွင်း (၁၀)သားခန့် ထည့်ပါ။

၃။ ၄င်း(၂)မျိုးကို အတူရောပြီး တောအရက် ဦးရည်နှင့်အတူ ပုလင်းထဲ ထည့်ကာ အခိုး လုံနေအောင် အဖုံးကို သေချာစွာ ပိတ်ထားပါ။ (ပုလင်းကို ငှက်ပျောဖူး ကဲ့သို့သောပုလင်းဆိုလျှင် ပိုကောင်းပါသည်)

၎။ စိမ်ထားသော ဆေးကို (၅)ရက်ခန့် ထားပြီးလျှင် ၄င်းအရည်ဖြင့် အဆစ်မြစ်နာ၊ အကိုက်အခဲဖြစ် သည့်နေရာများကို စပြီးလိမ်းပေးနိုင်ပါပြီ။ တစ်လခန့်အထိ စိမ်ထားပြီး လိမ်းနိုင်ပါသည်။

ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို) မျှဝေပါသည်။
ကိုးကား။ ။ မြန်မာ့ဆေးကျမ်း၊ ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...