ကမ္ဘာကျော် လူကြီးတွေက တန်ဖိုးထားသော အရာ
ကမ္ဘာကျော် အသိပညာရှင်၊ အတတ်ပညာ ရှင်တွေဟာ အလွန် အလုပ်များ ကြပါတယ်။
သူတို့တွေဟာ ပတ်ဝန်းကျင်က သူတွေရဲ့ တောင့်တ မှုတွေကို အကောင်အထည် ဖော်ဖို့ရန် နေ့စဉ်နှင့် အမျှ ကြိုးစားနေ ကြပါတယ်။
အောင်မြင်ရန် အတွက် လိုအပ်ချက်တွေ ရှိပါလိမ့် မယ်။ သူများထက် စာဖတ်ရမယ်။ စဉ်းစားရမယ်။ အဲဒီအပြင် သည်းခံဖို့ရယ်၊ စိတ်ခံနိုင်ရည် ရှိဖို့လည်း လိုပြန်ပါတယ်။ သူတို့တွေအတွက် တစ်နေ့တစ်နေ့ဟာ သာမန် လူတွေထက် အဆပေါင်းများစွာ ကြိုးစားနေတယ် ဆိုတာကို သိထား ပါလိမ့်မယ်။
ဘာဖြစ်လို့ ဒီလောက် အလုပ်လုပ်နိုင်တာလဲ ဆိုတာကို သိချင်လာမှာပါ။ အဖြေကတော့ တရား ထိုင်ခြင်း ကြောင့်ပါ။
Steve Jobs, Bill Gates တို့တောင် တရားထိုင်တယ် ဆိုတာက လူသိများပါတယ်။
ဘာဖြစ်လို့ တရားထိုင်တာလဲ။
တရားထိုင်ခြင်းကြောင့် စိတ်အာရုံ စိုက်နိုင်မှု၊ မှတ်ဥာဏ်ကောင်းလာခြင်း၊ ဦးနှောက်အတွင်း ကြည်လင်နေ ခြင်း စသည်ဖြင့် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ တရားထိုင်တယ် ဆိုတာကို အချိန်တွေ၊ နေရာတွေ ရွေးနေဖို့ မလိုသလို၊ ထိုင်ပုံထိုင်နည်း ဆိုတာလည်း ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ထိုင်ပါ။ ၃မိနစ်ပဲဖြစ်ဖြစ်၊ ၁မိနစ်ပဲဖြစ်ဖြစ် အသက်ရှုတာကို ဝင်လေ၊ ထွက်လေကို မှန်မှန်လေး ရှုသွင်းရှုထွတ် လုပ်ပါ။ ပုံမှန် ဝင်လေထွက်လေကနေ စိတ်ထဲမှာ လေးပင်နေတဲ့ အရာတွေက ပျောက်သွားပြီး နေလို့ကောင်း လာပါလိမ့်မယ်။
တရားထိုင်တာဟာ စိတ်အားကောင်းအောင် လုပ်တာ တခုထဲ မဟုတ်ပဲ လူကြီးတွေကတော့ လူ့လောကကြီး ထဲမှာ နေထိုင်နေသရွေ့ ကိုယ့်ရဲ့ စိတ်ရောကိုယ်ပါ ကြံ့ခိုင်ဖို့ အတွက်ပါ။ ဘာကြောင့်လဲ ဆိုတာ ကိုယ့်ရဲ့ စွမ်းရည်၊ စွမ်းအားက ဖြစ်နိုင်ချေတွေကို ပတ်ဝန်းကျင်ရဲ့ အနှောက်အယှက်ကြောင့် ညစ်နွမ်းသွားစေနိုင် ပါတယ်။
ဒီအနှောက်အယှက်တွေကို အလဲထိုးနိုင်ဖို့ ကတော့ တရားထိုင်ခြင်းဖြင့် အနိုင်ယူလိုက်ပါ။
Chelmo Team
http://www.chelmo.tips
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) DSLR Camera ၀ယ်မယ်ဆိုရင်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) ကျောင်းဆရာတို့၏ ပီတိ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)