ဖေ့စ်ဘွတ်ခ်ကြော်ငြာ ၀န်ဆောင်မှု သုံးစွဲသူများကို လိမ်လည်မှုများ ရှိလာ
![]() |
intrigueme.ca |
အဆိုပါ ကြော်ငြာဝန်ဆောင်မှု လုပ်ငန်းများ မှာ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ များအား အသင်း ၀င်ကြေး ပေးဆောင်စေပြီး ၎င်းတို့ စာမျက်နှာ ရှိ ကြော်ငြာများကို Like, Commentနှင့် Share များ ပြုလုပ် ခြင်းဖြင့် ၀င်ငွေရရှိနိုင်သည်ဟု ကြော်ငြာ ထားခြင်းဖြစ်ကြောင်း အသင်းဝင် ပြုလုပ်ထားသူ များက ပြောသည်။
ဖေ့စ်ဘွတ်ခ်ကြော်ငြာ ၀န်ဆောင်မှု လုပ်ငန်းတစ်ခုတွင် အသင်းဝင်ထားသူ တစ်ဦးက ‘‘အသင်းဝင်ကြေး သုံးသောင်းပေးရတယ်။ မှတ်ပုံတင် နံပါတ်တွေလည်း ပေးရတယ်။ သူတို့ပေးမယ် ဆိုတဲ့ ငွေပမာဏ ဘယ်လောက်လဲ ဆိုတာလည်း မသိဘူး။ သူတို့ ကတော့ တင်ပေးတယ်ပြောတာ ပဲ။ ဒါပေမဲ့ ငွေက တက်မ လာဘူး။ မေးရင်တော့ Admin အပြောင်းအလဲဖြစ်လို့လို့ ပြောတယ်။ ရတော့လည်း တစ်ထောင်၊ နှစ်ထောင် နဲ့ သွားမထုတ်တော့ဘူး’’ဟု ပြော သည်။
အင်တာနက်စာမျက်နှာများ၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ တစ်ဆင့် ငွေကြေးလိမ်လည်မှု များမှာ နိုင်ငံ တကာတွင် တွေ့ကြုံရလေ့ ရှိပြီး သုံးစွဲသူများနှင့် ကြော်ငြာ လုပ်ငန်းရှင်များအနေဖြင့် သတိထားကာ ယုံကြည်ခိုင်မာသည့် အွန်လိုင်းမီဒီယာများ၊ ဈေးကွက်ကျွမ်းကျင်သူများထံ အလုပ်အပ် နှံသင့်ကြောင်း iMyanmaradsမှ ဦးနေမင်းသူက ဆိုသည်။
‘‘ဖေ့စ်ဘွတ်ခ်မှာ စာမျက်နှာတွေ တည်ထောင်ကြတာကတော့ ဖေ့စ်ဘွတ်ခ်ရဲ့ Terms and Conditionsနဲ့ မညီဘူး။ နောက်ပိုင်းမှာ အဲဒီစာမျက်နှာတွေ အပိတ်ခံရနိုင်တယ်။ အဲဒီကျရင် ကြော်ငြာလုပ်ငန်းရှင်တွေအ တွက်လည်းနစ်နာတယ်။ အဲဒီစာမျက်နှာကို အသင်းဝင် လုပ်ထားသူတွေ အတွက်ပါ ထိခိုက်နိုင်ပါတယ်။ အဲဒီတော့ တကယ်ခိုင်မာတဲ့ အွန်လိုင်း ကြော်ငြာ ၀န်ဆောင်မှုတွေကို သုံးသင့်တယ်။ ဖေ့စ်ဘွတ်ခ် သုံးစွဲသူတွေ အနေနဲ့လည်း တော်တော် ဆင်ခြင်သင့်တယ်’’ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ အွန်လိုင်းမှတစ် ဆင့် ငွေကြေးလိမ်လည်မှုများက အင်ဒိုနီးရှားနှင့် အိန္ဒိယတို့တွင် အများဆုံး တွေ့ရသည်ဟု ဆိုသည်။
ဖေ့စ်ဘွတ်ခ်စာမျက်နှာများ မှတစ်ဆင့် လိမ်လည်မှုများမှာ လအနည်းငယ်အတွင်း သိန်းချီ ချမ်းသာလာမည့် အခွင့်အရေးရှိ ကြောင်း၊ အင်တာနက်သုံးစွဲရင်း အပိုဝင်ငွေ ရရှိနိုင်မည်ဖြစ် ကြောင်း၊ ထိုသို့ ဖြစ်လာရန်အ သင်းဝင်ကြေးပေးဆောင်ကာ ၎င်း တို့စာမျက်နှာပေါ်ရှိ ကြော်ငြာများ ကို ဝေမျှရန်သာလိုအပ်ကြောင်း၊ ထို့အပြင် အဆိုပါဝန်ဆောင်မှုမှ ရရှိလာသည့်အမြတ်များကို လူမှု အဖွဲ့အစည်းများ၏ ပညာရေး ဖောင်ဒေး ရှင်းများသို့ လှူဒါန်း သွားမည်ဟု ကြေညာထား ကြောင်း သုံးစွဲသူများကပြော သည်။
ဖေ့စ်ဘွတ်ခ်သုံးစွဲသူများကို အင်တာနက်အသုံးပြုရင်း ၀င်ငွေ ရရှိနိုင်သည်ဟု ကြေညာထားသည့် စာမျက်နှာ များ၏ ၉၀ ရာခိုင်နှုန်းမှာ အတုအယောင် လိမ်လည်မှုများဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်သာ အစစ်အမှန် များဖြစ်ကြောင်း၊ ဖေ့စ်ဘွတ်ခ်ကို လူမှုဘ၀ဖျော်ဖြေရေး တစ်ခုအဖြစ် အသုံးပြုသင့် ကြောင်း၊ လိမ်လည်မှု များလျော့ကျ လာရန် အနုပညာရှင်များ နှင့် အဖွဲ့ အစည်းများက ပညာပေး အစီအစဉ်များ ဦးဆောင်ပြုလုပ် လျှင်ဖြစ်နိုင်ကြောင်း IdeaboxMyanmar ၏ ဒစ်ဂျစ်တယ် ဈေးကွက်အကြံပေး ကိုအောင်ခမ်း ကပြောသည်။
7Day Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) နေပူခံ လိမ်းဆေးတွင် ပါသော ဓာတု ပစ္စည်းကြောင့် အမျိုးသားများ မြုံသွားနိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မမြင်ရသော ဆေးဝါးများ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) သွေးစွန်းသော မူဆလင်လူမျိုးတွေရဲ့ Ashura ခေါ် ကလေးငယ်တွေရဲ့ နဖူးဓားလှီးပေးတဲ့ ရိုးရာဓလေ့ အစဉ်အလာ အကြောင်း စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မမြင်ရသော ဆေးဝါးများ Acer Aspire E1-510P-2671 Laptop Review