သတိထားရမည့် တရုတ်ဆေးဘဲဥ အတုများ
ဆေးဘဲဥမှာ ဓာတု အဆိပ်ဖြစ်စေတယ် ဆိုတဲ့ တွေ့ရှိ ချက်ကြောင့် တရုတ်နိုင်ငံမှာ ဆေးဘဲဥ လုပ်တဲ့ ကုမ္ပဏီပေါင်း ၃ဝ လောက်ဟာ ပိတ်သိမ်း ခံလိုက်ရ ပါတယ်။ ဒီအပြင် စုံစမ်း စစ်ဆေးမှုတွေလည်း လုပ်နေပါပြီ။
တရုတ်နိုင်ငံမှာက ဆေးဘဲဥဟာ အမည်နာမ အမျိုးမျိုးနဲ့ ခေတ်စားပါ တယ်။ နှစ်တရာ ဆေး ဘဲဥ၊ နှစ် တထောင် ဆေးဘဲဥ၊ နှစ်တသောင်း၊ တသန်း စတဲ့ အမည်နာမ အမျိုးမျိုးနဲ့ လူတွေကို စွဲဆောင် ရောင်းချနေ တာပါ။
အထူးသဖြင့် နှစ်ရှည်ခံအောင် စီမံထားတဲ့ ဆေးဘဲဥ ဟာ ယောက်ျားတွေအတွက် အားတိုးဆေးလို့ ယုံကြည်သူ အလွန်များပါတယ်။
အခု တွေ့ရှိချက်မှာ ကြေးနီ ဆာလဖိတ်ဆိုတဲ့ ဓာတ်ဟာ ဆေးဘဲဥတွေမှာ ပါဝင်နေပြီး ဒါဟာ လူကို ဒုက္ခပေးစေတဲ့ ဓာတု အဆိပ်သင့်စေတာကြောင့် အသုံးပြုမှုကို တားမြစ် လိုက်တာဖြစ်တယ်လို့ smithsonian.com သတင်း တပုဒ် မှာ ဖော်ပြထားပါတယ်။
ပုံမှန်အားဖြင့် ဆေးဘဲဥ လုပ်တာမှာ ဆိုဒါ၊ ဆား စတဲ့ ပစ္စည်းတွေနဲ့ ၂ လလောက် စိမ်ထားပြီး စီမံကြတာလို့ ဆိုပါတယ်။
အခုဟာ က ကြေးနီ ဆာလဖိတ်ဓာတု ပစ္စည်း ပါဝင်မှု ရှိတာတွေ့ရတယ်ဆို တာကြောင့် နှစ်စဉ် ဆေးဘဲဥ တန် ချိန် ၃ သိန်းလောက် ပုံမှန် ထုတ်လုပ်ဖြန့်ချိနေတဲ့ ကုမ္ပဏီတွေကို တားမြစ်ပိတ်ပင် လိုက်တာလို့ သိရပါတယ်။
တရုတ် အစိုးရ တာဝန်ရှိသူ တယောက်ကတော့ ဆေးဘဲဥကို အများကြီး မစားဘူး ဆိုရင်တော့ အန္တရာယ် မဖြစ်စေနိုင်ပါဘူးလို့ South China Morning Post ကို ပြောထားပါတယ်။
မြန်မာနိုင်ငံ မှာလည်း ဆေးဘဲဥ စားသုံးသူ များပြားလေတော့ သတိထားမိစေဖို့ ပြန်လည် ရေး သား ဖော်ပြပေး လိုက်တာပါ။
အိမ့်သံစဉ် ~ Irrawaddy
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ အကျင့်ဆိုးလေးများ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ငါးမျက်စိနာအတွက် မရိုးပင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း