အသက် ၅၅ နှစ်နှင့် ၇၄ နှစ်ကြား အမျိုးသားများတွင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ပိုမိုများပြားဟုဆို
Written by ကေတီအမ်
အသက် ၅၅ နှစ်နှင့် ၇၄ နှစ်ကြား အမျိုးသားများတွင် ကင်ဆာ ရောဂါဖြစ်နိုင်ခြေ ပိုမို များပြားသည့် အတွက် ကြိုတင် သတိပြု စစ်ဆေးမှုများ လုပ်ဆောင်သင့် သည်ဟု သိရသည်။
အမျိုးသားများတွင် အဆုတ် ကင်ဆာရောဂါ အပါအဝင် အဖြစ်အများဆုံး ကင်ဆာ ရောဂါများမှာ အသည်း ကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စသည်တို့ဖြစ်ကြပြီး ယင်းတို့အနက် အဆုတ်ကင်ဆာ သည် အဖြစ်အများဆုံးနှင့် အသက်ဆုံးရှုံးမှုနှုန်း အများဆုံး ရောဂါ တစ်မျိုးဖြစ်သည်။
သို့ဖြစ်ရာ မိသားစုအတွင်း အဆုတ်ကင်ဆာရောဂါရှိသူ၊ ဆေးလိပ်ကိုနှစ်ပေါင်းများစွာ သောက်သုံးခဲ့သူ များအနေဖြင့် စစ်ဆေးမှုများကြိုတင်ပြုလုပ်ထားသင့်ကြောင်း၊ အဆုတ် ကင်ဆာရောဂါသည် အမျိုးသား များတွင် အဖြစ်အများဆုံးနှင့် အသက်ဆုံးရှုံးမှု အများဆုံးရောဂါဖြစ်ကြောင်း ဓာတ်မှန်အထူးကုဆရာဝန် ကြီးပါမောက္ခ ဒေါက်တာခင်လှ ကပြောကြားခဲ့သည်။
အဆုတ်ကင်ဆာဖြစ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ဆေးလိပ်၊ ဆေးရွက်ကြီးများကို စား သုံးခြင်း၊ သောက်သုံးခြင်း၊ ဆေးလိပ်ကို ကိုယ်တိုင် မသောက်သော်လည်း ဆေးလိပ်၏ အခိုး အငွေ့ကြောင့်ဖြစ်သည့် အပြင် အခြားသော လုပ်ငန်းခွင်များနှင့် ပတ်သက်၍ ဘိလပ်မြေစက်ရုံ၊ ဘက်ထရီ စက်ရုံ၊ အာဆင်း နစ်စက်ရုံ စသည်တို့နှင့်ဆက်စပ်၍ လုပ်ကိုင်နေရသော ပုဂ္ဂိုလ်များသည်လည်း အဆုတ် ကင်ဆာဖြစ်နိုင် ကြောင်းသိရသည်။
“အဓိကကတော့ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တာပေါ့။ ဒါကြောင့်အမျိုးသားတွေက အမျိုးသမီး တွေ ထက်ကို ပိုပြီးအဖြစ်များတယ်” ဟု ဒေါက်တာခင်လှကဆိုသည်။
“လူတွေက အရက်သောက်တာနဲ့ ဆေးလိပ်သောက်တာဆို အရက်ကိုပဲပိုပြီး တားမြစ်ချင်ကြ တယ်။ ရောဂါ ကနှစ်ခုစလုံးကြောင့်ဖြစ်နိုင်တယ် ဆိုပေမယ့် ဆေးလိပ်သောက် တာကိုတော့ သာမန်လိုပဲတွေးကြ တယ်။ တကယ်ကြုံလာမှသာ တားရကောင်းမှန်းသိလာတာ။ ကျွန်မအဖေဆိုရင် ဆေးလိပ်ကြောင့် အဆုတ် ကင်ဆာဖြစ်ပြီး ဆုံးပါးခဲ့တာပါ” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူမမိုးမိုးနိုင်က ပြောသည်။
အဆိုပါရောဂါကို အစောဆုံး သိရှိနိုင်ရန်အတွက် မိမိကိုယ်ကို ဆန်းစစ်ခြင်းကို ပြုလုပ်သင့်ပြီး ဆန်းစစ် သည့်နေရာတွင်လည်း ခန္ဓာကိုယ် အလေးချိန်ကျလာခြင်း၊ ချောင်းဆိုးလာခြင်း၊ ဖျားခြင်း၊ အလိုလိုနေ ရင်းနှင့် အားနည်းနေလာခြင်း၊ ရင်ကျပ်ခြင်း၊ မနက်ပိုင်း သလိပ်ဟက်လိုက်ချိန်တွင် သွေးစလေးများ တွေ့ခြင်း စသည့် လက္ခဏာလေးများကို သတိပြုသင့်ကာ ယင်းတို့အား သိထား၊ တွေ့ထားပါက တတ်ကျွမ်းနားလည် သည့် ဆရာဝန်များနှင့် ပြသတိုင်ပင် သင့်ကြောင်း အသိပေးပြောကြားခဲ့သည်။
Democracy Today Daily
အောက်တိုဘာ (၂၆) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကျောင်းဆရာတို့၏ ပီတိ စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မမြင်ရသော ဆေးဝါးများ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) နေပူခံ လိမ်းဆေးတွင် ပါသော ဓာတု ပစ္စည်းကြောင့် အမျိုးသားများ မြုံသွားနိုင် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Android version 1.6 မွ 4.4.2 ထိ Myanmar Font ထည့်ပေးမယ့် MM AIO Font Changer 1.0(Beta)မြန်မာ ကျောင်းသား၊ ကျောင်းသူများ အတွက် University Of Queensland’s မှ ငါးဆယ်ရာခိုင်နှုန်း ပညာသင်ဆု ပေးအပ်မည်ယခုချက်ချင်း စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ် မမြင်ရသော ဆေးဝါးများ Acer Aspire E1-510P-2671 Laptop Review