နှာခေါင်းထိပ်က အမည်းစက်တွေကို ရိုးရင်းလွယ်ကူစွာ ဖယ်ရှားနည်း
မျက်နှာ အဆီပြန် တတ်သူများနှင့် ပေါင်းစပ် အသားအရေ (ခေါ်)နှဖူးအလယ် နှာခေါင်း မေးစေ့ တွေ မှာ အဆီပြန်တတ် သူများဟာ အမည်းစက်များ ထွက်လေ့ ရှိပါတယ်။ အမည်းစက် လို့  ဆိုပေမယ့် တကယ် တမ်းမှာတော့ ၀က်ခြံဖြစ်ပြီး၊ ၄င်းကို ညှစ်လိုက်တဲ့ အခါ အထဲက အဖြူရောင် အဆံလေးတွေ ထွက် လာ တာမျိုးပါ။ ထိုအမည်းစက်တွေကို နှာခေါင်းထိပ် တ၀ိုက်မှာ အများဆုံးတွေ့ ရပြီး၊ နှာခေါင်းဘေး ကပ်လျက် ရှိသော ပါးပေါ် မှာ လည်း တွေ့ ရ တတ်ပါတယ်။ အောက်နှုတ်ခမ်း နဲ့ နီး ကပ်နေသော မေးစေ့ပေါ်မှာတော့ ကြာစူးကဲ့သို့  အဖု ချွန်းချွန်းလေးတွေ ခပ်ကျဲကျဲ ထွက်ပြီး၊ ၄င်းကို ကုတ်ခြစ်ကြည့်တဲ့ အခါမှာလည်း အဖြူရောင် အဆံထွက်ရှိလာ ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားများထက် အမျိုးသမီးတွေမှာ ပို၍အဖြစ်များပြီး၊ ဆယ်ကျော်သက် အရွယ် ကစလို့  ခုလိုမျိုး ထွက်လာကြ တာပါ။ သာမန်ဝက်ခြံဖုတွေဟာ အချိန်တန်လို့  သူ့ အလိုလို မှည့်သွားတဲ့အခါ အဖြူရောင်အဆံ သွေးစ သွေးနနှင့် သားနံ(သားငံ) ရည်တွေ ထွက်လာပေ မယ့်၊ အမည်းစက်တွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ ဒါ ကြောင့် ၄င်းအမည်းစက်တွေကို အထဲက အဆံ ထွက်လာဖို့  ညှစ်ပေးရမှာပါ။ တချို့  သူများက ညှစ်လိုက်ရင် ပွားတတ် တယ်ဆိုကာ မညှစ်ရဲဘဲ ထားကြပါ တယ်။ တကယ်တမ်းမှာ တော့ အမည်းစက်တွေက မပွားတတ်ပါဘူး သို့သော် အမြစ်ပြတ်တယ်လို့ မရှိဘဲ၊ အဆံများထွက်သွားပြီးနောက် ရက်အနည်း ငယ်အတွင်းမှာပင် နေရောဟောင်းမှာ သူ့ အလိုလို ပြန်ပေါ် လာလေ့ရှိပါတယ်။ အလှကုန်ဈေး ကွက်ထဲမှာ နှာခေါင်းကပ်(ကပ်ခွာ)ပစ္စည်းလေးတွေ၊ အမည်းစက်အတွက် သီးခြားဖန်တီးထား တဲ့ scrub (ခေါ်) ဂျီး (ချေး)တွန်း သန့် စင်ပစ္စည်းလေးတွေ ရနိုင်သလို၊ အလှပြင်ဆိုင်တွေ မှာလည်း မျက်နှာပေါ်က အမည်းစက်တွေ ကိုဆေးသုံး၍ ဖယ်ရှားပေးနေပါတယ်။ အလှပြင်ဆိုင်သို့  တကူးတက သွားနေစရာမလိုဘဲ မိမိအိမ်မှာပင် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေး တွေသုံးပြီး ဘေးဥပါသ် မဖြစ်စေဘဲ အမည်းစက်တွေကို ဖယ်ရှားလို့ ရပါတယ်။ သို့ သော် သန့်ရှင်းမှုနှင့်အတူ ဇွဲရှိဖို့ တော့ လိုပါ တယ်။ ဦးစွာ ညအိပ်ယာဝင် ခါနီး မျက်နှာသစ်ပြီးနောက် အမဲစက်တွေကို လက်သန့် သန့်ဖြင့်ညှစ်ထုတ်ပါ (၀က်ခြံညှစ်ကိရိယာကို သုံး နိုင်သော်လည်း၊ နောင်တကြိမ်ပြန်သုံးဖို့ အတွက် ထိုကိရိယာကို သန့် ရှင်း စင်ကြယ်နေပါစေ) ပြီးရင် Foaming Cleanser ပါတဲ့ Oil Free (ခေါ်) အဆီပြန်သူများအတွက် သီးသန့်  ထုတ်လုပ်တားသော မျက်နှာသစ်ဆပ်ပြာ ဖြင့်စင်ကြယ်အောင် ထပ်မံ၍ မျက် နှာသစ်ပြီးနောက် မိမိ အဆင်ပြေရာ အောက်ပါ နည်းတစ်ခုခုကို သုံးပါ။
(၁) ခရမ်းချဉ်သီးကို အလယ်ကထက်ခြမ်းခြမ်း၊ အစေ့ထုတ်၍ ထိုခရမ်းချဉ်သီး အသားနှင့် နှာခေါင်းထိပ်ကို ပွတ်ပေးပါ။ မိနစ် ၂၀ ခန့် အကြာမှာ ရေအေးဖြင့် မျက်နှာသစ်ပေးပါ (ရေခဲရေ မဟုတ်ပါ)
(၂) နှာခေါင်းထိပ်ပိုင်း၊ မေးစေ့ နှင့် နှာတံဘေးမှ ပါး ၂ နှစ်ဖက်ပေါ်သို့  ရှားစောင်းလက်ပပ် ဂျယ်လီ (အနှစ်သား)ဖြင့် လိမ်းပွတ် ပေးပါ။ ၁၅ မိနစ်ခန့် အကြာ မျက်နှာကို ရေအေးဖြင့်သန့် စင်ပေးပါ (ရေခဲရေ မဟုတ်ပါ)
(၃) နှင်းဆီရည်ဖြင့် မျက်နှာသစ်ပေးနိုင်ပါတယ်။ Rose Water(ခေါ်)နှင်းဆီရည်ကို အလှကုန် ပစ္စည်း ဆိုင်တွေမှာ ၀ယ်ယူရရှိနိုင် ပါတယ်။
(၄) ဆားရည် မပျစ်မကျဲဖျော်၍ အမည်းစက်များပေါ်ကိုသာ လိမ်းပွတ်ပေးပါ။ ၁၅ မိနစ်ခန့် အကြာ မျက်နှာ ကို ရေအေးဖြင့်သန့်  စင်ပေးပါ၊ ဒီနည်းက အရေပြားပေါ်က ဆဲလ်အသေတွေကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်။ (ရေခဲရေ မသုံးရ)
(၅) ပုဝါသန့် သန့် ကို ရေနွေးဖြူစိမ်ကာ အရည်ညှစ်၍ ထိုအမဲစက်တွေပေါ် ခေတ္တ အုပ်ထားပေးပါ။ ဒီနည်းက ချွေးပေါက်ပွင့်ကျယ် လာပြီးတော့ အမည်းစက်တွေကို အလွယ်တကူ ညှစ်ထုတ်လို့ ရပါတယ်။ (အရမ်းပူသော ရေနွေးကို မဆိုလိုပါ)
(၆) သံပုရာရည် နဲ့  သစ်ကြပိုးခေါက်မှုန့် တို့ ကို ဆတူရောပြီး ညအိပ်ယာဝင်ခါနီး အမည်းစက်တွေပေါ် လိမ်းပါ။ တညလုံးလိမ်း အိပ်ပြီးနောက် နံက်အိပ်ယာထ မျက်နှာသစ်ပေးနိုင်ပါတယ်။
မှတ်ချက်
(က) အထက်ဖော်ပြပါ မည်သည့်နည်းကိုဘဲ သုံးသုံး၊ လက်ကို စင်ကြယ်စွာ ဆေးကြောပြီးမှသာ မျက်နှာကို ကိုင်တွယ်ရမှာပါ။ (ခ) အမည်းစက်တွေကို ကြမ်းကြမ်းတမ်းတမ်း ကုတ်ဖဲ့ခြစ် ထုတ်ခြင်း မပြုရ၊ မျက်နှာ အသားအရေ ဒဏ်ရာဖြစ်သွားနိုင်လို့ ပါ။ (ဂ) အမည်းစက်တွေ ညှစ်ပြီးနောက် မိတ်ကပ်၊ ကရင်ပပ်ဖ်တွေ
ချက်ချင်း မလိမ်းသင့်ပါဘူး၊ အလှပြင် ပစ္စည်းတွေမှာပါတဲ့ အဆီဓာတ်တွေ ၀က်ခြံပေါက်ထဲကို စိမ့်ဝင်ရောက် သွားပြီး ပြည်တည် ၀က်ခြံဖြစ် သွားနိုင်သလို၊ နောက်ထပ် အဆံပြည့် အမည်းစက် များလည်း ချက်ချင်းဆို သလို ပြန်ပေါ်လာနိုင်ပါတယ်။ (ဃ) တနေ့ တာလုံး လိမ်းကျံထားတဲ့ မိတ်ကပ် နဲ့ အလှအပတွေကို ကုန်စင်အောင် ဆေး ကြောသန့် စင်ဖို့ ကတော့ သင့်ရဲ့ သမိုင်းပေး တာဝန်ဘဲ ဖြစ်ပါ တယ်။ (င) ဆိုးဆိုး ရွားရွား အမည်းစက် ထွက်သူများ အနေဖြင့်၊ အလှပြင်ဆိုင်တွေမှာ scrub ချေးချွတ်ခြင်းကို ၁-လ ၁-ကြိမ် မှန်မှန်လုပ်ပေးဖို့ လိုပါပြီ်။
အလှအပမြတ်နိုးသူတိုင်း လှသထက်ပို၍ လှနိုင်ကြပါစေရှင်။
(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)
promise.pauk
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) အိန္ဒိယရိုးရာ လက်ထပ်မင်္ဂလာပွဲ လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)
- (အနောကျသို့) ပဲကြီးနှပ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Cytotec (Misoprostol) ဆေးသုံးနည်းJAVA leaning Myanmar (PDF)