ကျန်းမာရေး အကျိုးကျေးဇူးများသည့် ဗိုက်လှုပ်ကခြင်း
အောက်ပါတို့ ကတော့ ဗိုက်လှုပ် ကခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါ တယ်။ လေ့ကျင့် ခန်း လုပ်ရမှာ ကိုတော့ ပျင်းရိတတ်ပြီး အက ကိုတော့ ဝါသနာပါတဲ့ ဒီနေ့ခေတ် မိန်းကလေးတွေ အနေနဲ့ Shakira လိုမျိုး ဗိုက်လှုပ် ကမယ် ဆိုရင် အောက်ပါ အကျိုးကျေးဇူး တွေကို ရရှိမှာဖြစ် ပါတယ်။
ကိုယ်အလေးချိန် ကျစေခြင်း
ဗိုက်လှုပ်ကတဲ့ ပြင်းအားပေါ် မူတည်ပြီး တစ်နာရီမှာ ကယ်လိုရီ ၃၀၀ အထိလောင်ကျွမ်း စေနိုင်ပါတယ်။ သင်ဟာ ကိုယ်အလေးချိန် ကျချင်ပြီး လေ့ကျင့်ခန်း လုပ်ရမှာလည်း ပျင်းတယ်ဆိုရင် ဗိုက်လှုပ်အက ကို လေ့ကျင့် သင်ကြားပြီး ကတာက ပျော်စရာလည်းကောင်းပြီး ကိုယ်အလေးချိန်ကိုလည်း ထိထိရောက်ရောက် ကျစေမှာဖြစ်ပါတယ်။
ကြွက်သားများကို သန်မာစေခြင်း
ဗိုက်လှုပ် အကဟာ ဗိုက်သာမက ခန္ဓာကိုယ် အပေါ်ပိုင်းကိုပါ လှုပ်ရှားစေပြီး ကြွက်သားတွေကို ကျစ်လျစ် သန်မာစေပါတယ်။ ဒီအကရဲ့ အကောင်းဆုံး အကျိုးကျေးဇူးကတော့ ကရာမှာ ပါဝင်တဲ့ ကြွက်သားအားလုံးကို ကျစ်လျစ်သွယ်လျစေပြီး သန်မာစေနိုင်ပါတယ်။
ရာသီအကြိုဝေဒနာကို သက်သာစေခြင်း
ဗိုက်လှုပ်အကဟာ တင်ပဆုံနေရာ တစ်ဝိုက်က ပိတ်ဆို့နေတာ အားလုံးကို ရှင်းလင်းသွား စေပြီး ရာသီအကြိုဝေဒနာ ခံစားရတာတွေကိုလည်း ရာသီအကြို လျော့ပါးသက်သာ သွားစေပါတယ်။
စိတ်ဖိစီးမှုကို လျော့ကျစေခြင်း
ယှဉ်ပြိုင်မှုတွေများပြီး စိတ်ဖိစီးမှုတွေကို အဆက်မပြတ် ကြုံတွေ့ရတတ်တဲ့ ဒီနေ့ခေတ်မှာ စိတ်ကို အနားပေးဖို့ လိုအပ်ပါတယ်။ သာယာငြိမ့်ညောင်းတဲ့ ဂီတသံစဉ်တွေနဲ့အတူ လှလှပပ ဗိုက်လှုပ်ကတာဟာ စိတ်ကို အပန်းပြေစေပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။
အရိုးများကို သန်မာစေခြင်း
ဗိုက်လှုပ်ကတာဟာ ခန္ဓာကိုယ် အလေးချိန်ကို သယ်ဆောင်ထားရတဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်တာကြောင့် အရိုးသိပ်သည်းဆကို ပိုများစေနိုင်ပါတယ်။ အရိုးတွေကို သန်မာစေပြီး အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။
အဆစ်နာကျင်မှု သက်သာစေခြင်း
ဗိုက်လှုပ်ကတဲ့အခါ ခန္ဓာကိုယ် လှုပ်ရှားမှုတွေဟာ နောက်ကျောနဲ့ တင်ပဆုံမှာရှိတဲ့ အဆစ် တွေနဲ့ အရွတ်တွေကို ညင်သာပေမယ့် ထပ်ကာထပ်ကာ လှုပ်ရှားမှုတွေ ဖြစ်စေပါတယ်။ ဒီအခါ အဆစ်တွေထဲမှာ ရှိတဲ့ အရည် (Synovial fluid) တွေရဲ့ လှုပ်ရှားမှု အလျင်ကို တိုးစေပါတယ်။ ဒီအရည်တွေက အဆစ်နာ ကျင်မှု သက်သာအောင် ကူညီနိုင်ပါတယ်။
Health
Mg Mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) Huawei Latest Firmware official Link Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) မျက်ကွင်းညိုခြင်းကို သက်သာ စေဖို့အတွက် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း