Android မှာ Safe Mode ၀င်ရခြင်းနှင့် ဖြေရှင်းနည်း
Windows မှာလိုပဲ Android မှုာလည်း Safe Mode ကို ၀င်လို့ ရပါတယ်။ Android မှာ Safe Mode ကိုဝင်ရင် third-party applications တွေကို Disable လုပ်ပေး ထားမှာဖြစ်ပါတယ်။ သင့် Android Device ကောင်းကောင်း အလုပ် မလုပ်တော့တဲ့ အခြေအနေမှာ Safe Mode ကနေ ပြဿနာတွေကို အဖြေရှာနိုင် ပါတယ်။ သင့် Android Device မှာ Apps တွေ သုံးနေရင်းနဲ့  ပိတ်သွာတာတွေ၊ ဖုန်းလေးလံ လာတာတွေ၊ Apps တွေ အလုပ်ကောင်းကောင်း မလုပ်ဘဲ ရပ်နေတာတွေ၊ Battery ကြာရှည်စွာ အသုံးမခံတော့ တာတွေ စတာတွေကို Safe Mode ကို ၀င်ပြီး အဖြေရှာနိုင်ပါတယ်။ Safe Mode ကို ၀င်ပြီး ဖြစ်နေတဲ့ ပြဿနာတွေ ဖြစ်သေးလား ဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ ပြဿနာတွေမဖြစ်တော့ ရင် Applications တွေကြောင့်ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို Uninstall လုပ်နိုင်ပါတယ်။Safe Mode ကို ၀င် ခြင်း။Android 4.1 နဲ့ သူ့ အထက်မှာ Safe Mode ကိုဝင်ဖို့ အတွက် Power Options Menu ကိုမြင်တဲ့အထိ Power Button ကိုဖိထားပါ။Power off option ကို ဖိထားပါ။ ဒါဆိုရင် Safe Mode ကို ၀င်မလားမေး ပါလိမ့်မယ်။ OK ကိုနှိပ်ပါ။Android Version အဟောင်းတွေမှာတော့ Power Button ကိုဖိပြီး ဖုန်းကို ပိတ်ပါ။ Power Button ကို ဖိပြီးဖုန်းကို ပြန်ဖွင့်ပါ။ Power button ကို ဖိထားတာကို လွှတ်ပါ။ Logo ကို မြင်ရရင် Volume Up နဲ့ Volume Down buttons နှစ်ခုကို ပြိုင်တူဖိထားပါ။ Screen ရဲ့ ဘယ်ဘက်အောက်ခြေ မှာ Safe Mode လို့ ပြနေတဲ့အထိ ဖိထား ရမှာဖြစ်ပါတယ်။
Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း
Safe Mode မှာ ပြဿနာ တွေကို အဖြေရှာခြင်း
------------------------------------------------
Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။ Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာဖြစ်ပြီး သင် Install လုပ်ထားတဲ့ Apps တွေ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လို ပဲအသုံးပြုကြည့်ပါ။ ပြဿနာတွေဖြစ်သေးလား ဆိုတာ စောင့်ကြည့်ပါ။ ပြဿနာတွေမဖြစ်တော့ရင် သင် Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။ Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကို သွားပြီး Apps ကိုနှိပ်ပါ။
ပြဿနာဖြစ်စေတယ်လို့ ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီက သွင်းထားတဲ့ Apps တွေက ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။
အဲဒီအတွက် မကြာမီက သွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။ ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး Normal Mode ကိုပြန်သွားပါ။ ဖြုတ်လိုက်တဲ့ Appsတွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။
ဘယ် App ကပြဿနာဖြစ်စေတာလဲ ဆိုတာကို ဒီနည်းနဲ့  ရှာဖွေပါ။သင့်ရဲ့ ပြဿနာ ဟာ Apps တွေကြောင့် မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား အကြောင်း အရာတွေကြောင့် ဆိုရင်တော့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore လုပ်သင့်ပါတယ်။ သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။
အဲဒီအတွက် Backup လုပ်ထားသင့်ပါတယ်။ Apps တွေ အားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings ထဲကို သွားပြီး Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။

ပြီးရင် ညွှန်ကြားချက်တွေအတိုင်း ဆက်လုပ်သွားပါ။
Credit; MYANMAR IT & APP(နည်းပညာ)
Credit; MYANMAR IT & APP(နည်းပညာ)
PDF ဖိုင်ဖြင့် သိမ်းထားလို သူများအတွက်
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook PageTwitter Google+
- (အရှေ့သို့) Apple Logo မွာပဲ ရပ်နေတဲ့ iDevice တွေကို Advance Safe Mode ထဲဝင်ပြီး ပြန်လည် ဖြေရှင်းနည်း Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) XperiFirmV3.1 by laguCool Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...