မျက်ကွင်းညိုခြင်းကို သက်သာ စေဖို့အတွက်
ရေများများ သောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသောက် ပါ။ ရေများများ သောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။
မျက်စိကို လက်နဲ့ ကြမ်းကြမ်း တမ်းတမ်း မပွတ်မိ ပါစေနဲ့။ ရေခဲသေတ္တာထဲတွင် အအေးခံ ထားသော သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက် ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင် တစ်နေ့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။
တခါသောက် (Ready made)လက်ဖက်ခြောက် ထုတ်လေးများကိုလည်း သောက်ပြီးပါက လွှင့်မပစ် ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီ သို့ မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာ ပွတ်လိမ်းပေးပါ။
vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေး၀၀ အိပ်ပါ။ နေ့စဉ်ရက် ဆက် အိပ်ရေး ပျက်ခြင်းကြောင့်လည်း မျက်တွင်းချိုင့်လာပြီး မျက်ကွင်း ညိုသ ကဲ့သို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့ လည်း လိုအပ်လှပါတယ်။ စိတ်ဖိစီးမှု ကင်းဝေးပါစေ။
ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာ မထိုင်မိပါစေနဲ့။ မျက်လုံးကို မကြာဏ အနားပေးပါ။ မျက်စိကို နေရောင်နှင့် တိုက်ရိုက် မထိတွေ့ပါစေနှင့်။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြားတွင် မယ်လနင် (melanin)များ ပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို ပိုမိုဆိုးစေနိုင်ပါတယ်။
အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီး ဟင်းရွက်များကို များများစားပေးပါ။
အထက်ပါ အတိုင်း လိုက်နာ လုပ်ဆောင်ပေးမယ် ဆိုပါက မျက်ကွင်း ညိုခြင်းကို လျော့ကျ သက်သာစေနိုင် ပါသည်။
Mg Mandalay
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ကျန်းမာရေး အကျိုးကျေးဇူးများသည့် ဗိုက်လှုပ်ကခြင်း Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) ယောက်ျားလေးများ လှစေဖို့  အလှအပ ထိန်းသိမ်းကြစို့  Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း